ဒီမိုကရက္ပါတီမွ အသက္ (၈၀)အရြယ္ ခၽြန္လိပိုင္ ထုိင္းေအာက္လႊတ္ေတာ္ဥကၠဌအျဖစ္ ေရြးခ်ယ္ခံရ

ဒီမိုကရက္ပါတီမွ အသက္ (၈၀)အရြယ္ ခၽြန္လိပိုင္ ထုိင္းေအာက္လႊတ္ေတာ္ဥကၠဌအျဖစ္ ေရြးခ်ယ္ခံရ
မေ 26, 2019
By 🌸
ထိုင္းေအာက္လႊတ္ေတာ္ဥကၠဌအျဖစ္ ဒီမိုကရက္ပါတီမွ ခၽြန္လိပိုင္က ေဖြထုိင္းပါတီမွ ဆမ္ဖြန္အမာဝိရတ္ကို  (၂၈၅)မဲ (၂၃၅)မဲျဖင့္ အႏုိင္ရရိွသြားေၾကာင္း သိရသည္။

ဘန္ေကာက္တြင္ ၂၀၁၉ ခုႏွစ္ ေမလ (၂၅)ရက္ေန႔ကက်င္းပသည့္ မဲေပးေရြးခ်ယ္မႈအတြင္း ေဖြထုိင္းပါတီ၏မဟာမိတ္ပါတီမ်ားမွ လႊတ္ေတာ္ကိုယ္စားလွယ္အခ်ိဳ႕၏ ဆႏၵမဲကိုပါ ခၽြန္လိပိုင္က ရရိွသြားသည္ကိုေတြ႔ရေၾကာင္း သိရသည္။

ဖလန္ဖရာခ်တ္ပါတီ(PPRP) ႏွင့္မဟာမိတ္ပါတီမ်ား၏ အားေပးေထာက္ခံမႈရထားသည့္ အသက္ (၈၀)အရြယ္ ခၽြန္လိပိုင္သည္ ၁၉၉၂ မွ ၁၉၉၅ ခုႏွစ္အတြင္းႏွင့္ ၁၉၉၇ ခုနွစ္မွ ၂၀၀၁ ခုႏွစ္မ်ားအတြင္း ဝန္ႀကီးခ်ဳပ္အျဖစ္ ႏွစ္ႀကိမ္တုိင္တိုင္ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္သည္။

တရားေရး၊ ကူးသန္းေရာင္းဝယ္ေရး၊ စိုက္ပ်ိဳးေရး၊ ပညာေရးႏွင့္ ျပည္သူ႔က်န္းမာေရးဝန္ႀကီးဌာနမ်ားတြင္လည္း ဝန္ႀကီးအျဖစ္ အသီးသီးတာဝန္ထမ္းေဆာင္ခဲ့သည့္ ခၽြန္လိပိုင္သည္ ၁၉၉၁ ခုႏွစ္ကတည္းက ဒီမိုကရက္ပါတီဦးေဆာင္ခဲ့သူျဖစ္ၿပီး လက္ရိွတြင္ ပါတီအႀကံေပးအျဖစ္ ေဆာင္ရြက္ေနျခင္းျဖစ္သည္။

ေရြးခ်ယ္ခံလႊတ္ေတာ္ကိုယ္စားလွယ္မ်ားက လႊတ္ေတာ္ ဒုဥကၠဌ (၂)ေယာက္ကို ေမလ (၂၆)ရက္ေန႔တြင္ ထပ္မံမဲေပးေရြးခ်ယ္ၾကမည္ျဖစ္သည္။

Tachileik News Agency
Ref: Bangkok Post


~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဒီမိုကရက်ပါတီမှ အသက် (၈၀)အရွယ် ချွန်လိပိုင် ထိုင်းအောက်လွှတ်တော်ဥက္ကဌအဖြစ် ရွေးချယ်ခံရ
https://www.tachileik.net/2019/05/thaipolitics.html
**************
ထိုင်းအောက်လွှတ်တော်ဥက္ကဌအဖြစ် ဒီမိုကရက်ပါတီမှ ချွန်လိပိုင်က ဖွေထိုင်းပါတီမှ ဆမ်ဖွန်အမာဝိရတ်ကို  (၂၈၅)မဲ (၂၃၅)မဲဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။

ဘန်ကောက်တွင် ၂၀၁၉ ခုနှစ် မေလ (၂၅)ရက်နေ့ကကျင်းပသည့် မဲပေးရွေးချယ်မှုအတွင်း ဖွေထိုင်းပါတီ၏မဟာမိတ်ပါတီများမှ လွှတ်တော်ကိုယ်စားလှယ်အချို့၏ ဆန္ဒမဲကိုပါ ချွန်လိပိုင်က ရရှိသွားသည်ကိုတွေ့ရကြောင်း သိရသည်။

ဖလန်ဖရာချတ်ပါတီ(PPRP) နှင့်မဟာမိတ်ပါတီများ၏ အားပေးထောက်ခံမှုရထားသည့် အသက် (၈၀)အရွယ် ချွန်လိပိုင်သည် ၁၉၉၂ မှ ၁၉၉၅ ခုနှစ်အတွင်းနှင့် ၁၉၉၇ ခုနှစ်မှ ၂၀၀၁ ခုနှစ်များအတွင်း ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

တရားရေး၊ ကူးသန်းရောင်းဝယ်ရေး၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနများတွင်လည်း ဝန်ကြီးအဖြစ် အသီးသီးတာဝန်ထမ်းဆောင်ခဲ့သည့် ချွန်လိပိုင်သည် ၁၉၉၁ ခုနှစ်ကတည်းက ဒီမိုကရက်ပါတီဦးဆောင်ခဲ့သူဖြစ်ပြီး လက်ရှိတွင် ပါတီအကြံပေးအဖြစ် ဆောင်ရွက်နေခြင်းဖြစ်သည်။

ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော် ဒုဥက္ကဌ (၂)ယောက်ကို မေလ (၂၆)ရက်နေ့တွင် ထပ်မံမဲပေးရွေးချယ်ကြမည်ဖြစ်သည်။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net