ထုိင္းဗိုလ္ခ်ဳပ္အေယာင္ေဆာင္ထားသူ၏ ဘန္ေကာက္ရိွေနအိမ္ကို ဝင္ေရာက္ဖမ္းဆီး

ထုိင္းဗိုလ္ခ်ဳပ္အေယာင္ေဆာင္ထားသူ၏ ဘန္ေကာက္ရိွေနအိမ္ကို ဝင္ေရာက္ဖမ္းဆီး
မေ 19, 2019
By 🌸
ထိုင္းနုိင္ငံ၊ ဘန္ေကာက္တြင္ ဗိုလ္ခ်ဳပ္အေယာင္ေဆာင္ထားသည့္ အသက္ (၃၁)ႏွစ္အရြယ္ လူငယ္၏ေနအိမ္မွ တပ္ဝတ္စံုယူနီေဖာင္းမ်ား၊ ေတာရိုင္းတိရိစၱာန္ပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

ဘန္ေကာက္ ခ်က္တူခ်ပ္ရိွ ဝမ္ကဆတ္ဖရြန္ထုန္၏ေနအိမ္အား သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဌာန အရာရိွမ်ားက ၂၀၁၉ ခုႏွစ္၊ ေမလ (၁၈)ရက္ေန႔က ဝင္ေရာက္စစ္ေဆးရာ  ျခေသၤ့အေရခြံအပါအဝင္ ေတာရိုင္းတိရစၦာန္ပစၥည္းမ်ားကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မႈခင္းစံုစမ္းေရးဌာနက မသကၤာဖြယ္အခ်က္အလက္မ်ား ေတြ႔ရိွရသျဖင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဌာနထံ အေၾကာင္းၾကားရာမွ ယင္းကဲ့သို႔ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေနအိမ္မွ ထုိင္းစစ္ဗိုလ္ခ်ဳပ္ဝတ္စံု (၂)စံုႏွင့္ အေဆာင္အေယာင္မ်ားကိုလည္း စစ္ေဆးေတြ႔ရိွရသည့္အျပင္  ဘတ္ (၅)သိန္းမွ ဘတ္(၅)သန္းအထိ ေခ်းေငြစာခ်ဳပ္မ်ားကိုလည္း စစ္ေဆးေတြ႔ရိွထားေၾကာင္း သိရသည္။

အဆိုပါ အေယာင္ေဆာင္ဗိုလ္ခ်ဳပ္က အစိုးရအဖြဲ႕ထိပ္ပိုင္းအရာရိွမ်ားႏွင့္ ရင္းႏွီးကၽြမ္းဝင္ဟန္ျဖင့္ အစိုးရလုပ္ငန္းတင္ဒါဆြဲသူမ်ားထံမွ ေငြေၾကးရယူလုပ္ေဆာင္ေပးျခင္းမ်ားကိုလည္း စစ္ေဆးေတြ႔ရိွထားေၾကာင္းသိရသည္။

ယင္းကဲ့သို႔ ဖမ္းဆီးမခံရမီ (၂)ရက္အလုိက ထုိင္းေတာ္ဝင္တပ္မေတာ္ကလပ္တြင္က်င္းပသည့္ ထုိင္းဝန္ႀကီးခ်ဳပ္ေဟာင္း၊ ဗိုလ္ခ်ဳပ္ႀကီး ခ်ာဗလစ္ေယာင္ခ်ာယု၏ (၈၇)ႏွစ္ေျမာက္ေမြးေန႔တြင္ အဆင့္ျမင့္အရာရိွမ်ား၊ ႏုိင္ငံေရးသမားမ်ားႏွင့္အတူ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

Tachileik News Agency

Ref: Bangkok Post

~~~~~~~~⊰❂ Unicode Version ~~~~~~~~
 ထိုင်းဗိုလ်ချုပ်အယောင်ဆောင်ထားသူ၏ ဘန်ကောက်ရှိနေအိမ်ကို ဝင်ရောက်ဖမ်းဆီး
************
ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ဗိုလ်ချုပ်အယောင်ဆောင်ထားသည့် အသက် (၃၁)နှစ်အရွယ် လူငယ်၏နေအိမ်မှ တပ်ဝတ်စုံယူနီဖောင်းများ၊ တောရိုင်းတိရိစ္တာန်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိထားကြောင်း သိရသည်။
ဘန်ကောက် ချက်တူချပ်ရှိ ဝမ်ကဆတ်ဖရွန်ထုန်၏နေအိမ်အား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန အရာရှိများက ၂၀၁၉ ခုနှစ်၊ မေလ (၁၈)ရက်နေ့က ဝင်ရောက်စစ်ဆေးရာ  ခြင်္သေ့အရေခွံအပါအဝင် တောရိုင်းတိရစ္ဆာန်ပစ္စည်းများကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
မှုခင်းစုံစမ်းရေးဌာနက မသင်္ကာဖွယ်အချက်အလက်များ တွေ့ရှိရသဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနထံ အကြောင်းကြားရာမှ ယင်းကဲ့သို့ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါနေအိမ်မှ ထိုင်းစစ်ဗိုလ်ချုပ်ဝတ်စုံ (၂)စုံနှင့် အဆောင်အယောင်များကိုလည်း စစ်ဆေးတွေ့ရှိရသည့်အပြင်  ဘတ် (၅)သိန်းမှ ဘတ်(၅)သန်းအထိ ချေးငွေစာချုပ်များကိုလည်း စစ်ဆေးတွေ့ရှိထားကြောင်း သိရသည်။
အဆိုပါ အယောင်ဆောင်ဗိုလ်ချုပ်က အစိုးရအဖွဲ့ထိပ်ပိုင်းအရာရှိများနှင့် ရင်းနှီးကျွမ်းဝင်ဟန်ဖြင့် အစိုးရလုပ်ငန်းတင်ဒါဆွဲသူများထံမှ ငွေကြေးရယူလုပ်ဆောင်ပေးခြင်းများကိုလည်း စစ်ဆေးတွေ့ရှိထားကြောင်းသိရသည်။
ယင်းကဲ့သို့ ဖမ်းဆီးမခံရမီ (၂)ရက်အလိုက ထိုင်းတော်ဝင်တပ်မတော်ကလပ်တွင်ကျင်းပသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီး ချာဗလစ်ယောင်ချာယု၏ (၈၇)နှစ်မြောက်မွေးနေ့တွင် အဆင့်မြင့်အရာရှိများ၊ နိုင်ငံရေးသမားများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရသည်။
Tachileik News Agency
Ref: Bangkok Post
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net