ရာထူးတာဝန်ပြောင်းလဲမှုကြောင့် လစာကွာခြားသွားသည့် ဆရာ၊ဆရာမ ၃၀၇ ဦး ဇွန်လမှစ၍ မူလ လစာအတိုင်း ပြန်ရမည်

ရာထူးတာဝန်ပြောင်းလဲမှုကြောင့် လစာကွာခြားသွားသည့် ဆရာ၊ဆရာမ ၃၀၇ ဦး ဇွန်လမှစ၍ မူလ လစာအတိုင်း ပြန်ရမည်
မေ 26, 2019
By Tachileik News Agency
အခြေခံပညာကျောင်းများ အဆင့်တိုးမြှင့်လိုက်သဖြင့် ရာထူးတာဝန်ပြောင်းလဲသွားပြီး လစာနှုန်း ကွာခြားသွားသည့် ဆရာ၊ ဆရာမပေါင်း (၃၀၇)ဦးအနေဖြင့် ၂၀၁၉ ခုနှစ်၊ ဇွန်လမှစ၍ မူလ လစာအတိုင်း ပြန်လည်ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။



ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ မေလ (၂၄)ရက်နေ့က မိတ္ထီလာ မဲဆန္ဒနယ်မှ ဒေါက်တာဦးမောင်သင်းက မေးခွန်းမေးမြန်းခဲ့ရာ ပညာရေး ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

အခြေခံပညာကျောင်းများ အဆင့်တိုးမြှင့်လိုက်သဖြင့် ရာထူးတာဝန်ပြောင်းလဲသွားပြီး လစာနှုန်း ကွာခြားသွားသည့် ဆရာ၊ ဆရာမပေါင်း (၃၀၇)ဦးအနဖြေင့် ၂၀၁၉ ခုနှစ်၊ ဇွန်လမှစ၍ မူလ လစာအတိုင်း ပြန်လည်ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ)များကို အခြေခံပညာအလယ်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ခဲ့ရာတွင် ယခင်မူလတန်းကျောင်းအုပ် ရာထူးတာဝန်ဖြင့် လစာရရှိသည့် ဆရာ၊ဆရာမများသည် အလယ်တန်းပြ၊ ဒု-လက်ထောက်ကြီးကြပ်ရေးမှူးများအဖြစ် ရာထူးတာဝန်ပြောင်းလဲသွားပြီးနောက် ယခင်လစာနှုန်းထားထက် လျော့နည်းသွားကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ရာထူးတာဝန်ပြောင်းလဲမှုကြောင့် လစာခံစားခွင့်လျော့နည်းသွားသည့် ဆရာ၊ ဆရာမများကို စိစစ်ရာ တစ်နိုင်ငံလုံးတွင် စုစုပေါင်း (၃၀၇)ဦးရှိသည်ကို စိစစ်တွေ့ရှိရသဖြင့် မူလလစာများအတိုင်း ၂၀၁၉ ခုနှစ်၊ ဇွန်လမှစ၍ ခံစားခွင့်ရစေရန် စီစဉ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ မေလ (၂၄)ရက်နေ့က မိတ္ထီလာ မဲဆန္ဒနယ်မှ ဒေါက်တာဦးမောင်သင်းက မေးခွန်းမေးမြန်းခဲ့ရာ ပညာရေး ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ဖြကြေားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net