တာချီလိတ်တွင် လေပြင်းတိုက်သည့် ဒဏ်ကြောင့် လဲကျသွားကာ မယ်ဆိုင်ချောင်းပေါ် ပိတ်ဆို့နေသည့် သစ်ပင်ကို ခုတ်ထစ်ဖယ်ရှား

တာချီလိတ်တွင် လေပြင်းတိုက်သည့် ဒဏ်ကြောင့် လဲကျသွားကာ မယ်ဆိုင်ချောင်းပေါ် ပိတ်ဆို့နေသည့် သစ်ပင်ကို ခုတ်ထစ်ဖယ်ရှား
မေ 26, 2019
By Tachileik News Agency

တာချီလိတ်တွင် ၂၀၁၉ခုနှစ် မေလ(၂၅)ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း မယ်ဆိုင်ချောင်းအတွင်း မြန်မာဘက်အခြမ်းတွင် သစ်ပင်လဲပြိုပြီး ချောင်းပေါ် ပိတ်ဆို့နေသည့်အတွက် မီးသတ်တပ်ဖွဲ့ နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့တို့ ပူးပေါင်းကာ မေလ(၂၆)ရက်နေ့ ညနေပိုင်းတွင် ခုတ်ထွင်ဖယ်ရှား ရှင်းလင်းခဲ့ရကြောင်း သိရသည်။



တာချီလိတ်မြို့တွင်း လေပြင်းတိုက်ခတ်မှုများကြောင့် ချောင်းအတွင်းသစ်ပင်များ လဲပြိုမှုများဖြစ်ပေါ်သဖြင့် မေလ(၁၁) ရက်နေ့တွင် လဲကျသစ်ပင်နှစ်ပင်ကို မီးသတ်တပ်ဖွဲ့က ဖယ်ရှားရှင်းလင်းခဲ့ပြီး မေလ (၂၆) ရက်နေ့တွင်လည်း လဲကျသစ်ပင် တစ်ပင်ကို ဖယ်ရှားရှင်းလင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်တွင် ၂၀၁၉ခုနှစ် မေလ(၂၅)ရက်နေ့ ညနေပိုင်းက လပြေင်းတိုက်ခတ်မှုကြောင့် ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း မယ်ဆိုင်ချောင်းအတွင်း မြန်မာဘက်အခြမ်းတွင် သစ်ပင်လဲပြိုပြီး ချောင်းပေါ် ပိတ်ဆို့နေသည့်အတွက် မီးသတ်တပ်ဖွဲ့ နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့တို့ ပူးပေါင်းကာ မေလ(၂၆)ရက်နေ့ ညနေပိုင်းတွင် ခုတ်ထွင်ဖယ်ရှား ရှင်းလင်းခဲ့ရကြောင်း သိရသည်။

"မီးသတ်ယာဉ်တစ်စီးနဲ့ အင်အား (၈) ယောက်လောက်သွားရှင်းတာပေါ့။ တစ်နာရီလောက်ရှင်းလိုက်ရတာပေါ့။ သစ်ပင်ဖြတ်ပြီးတော့ ကမ်းပေါ်တင်တာတွေ၊ ချောင်းဘေးကပ်တာတွေလုပ်ခဲ့တာပေါ့။ အမှိုက်တွေလည်း ရှင်းခဲ့တယ်။ သစ်ပင်ကခံထားတော့ အမှိုက်တွေပိတ်နေတာကိုး"ဟု တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ရှင်းလင်းဖယ်ရှားရာတွင် တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကို နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျောက်နှင့်အဖွဲ့ဝင်များ စုပေါင်းကာ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

တာချီလိတ်မြို့တွင်း လပြေင်းတိုက်ခတ်မှုများကြောင့် ချောင်းအတွင်းသစ်ပင်များ လဲပြိုမှုများဖြစ်ပေါ်သဖြင့် မေလ(၁၁) ရက်နေ့တွင် လဲကျသစ်ပင်နှစ်ပင်ကို မီးသတ်တပ်ဖွဲ့က ဖယ်ရှားရှင်းလင်းခဲ့ပြီး မေလ (၂၆) ရက်နေ့တွင်လည်း လဲကျသစ်ပင် တစ်ပင်ကို ဖယ်ရှားရှင်းလင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net