က်ဳိင္းတံုၿမိဳ႕တြင္ က်င္းပ ျပဳလုပ္ေနသည့္ က်ိဳင္းတံုသာသနာလံုးဆုိင္ရာႏွီးေႏွာဖလွယ္ပြဲသို႔ ေဒသအသီးသီးမွ ကက္သလစ္လူငယ္ (၇၅၀)ေက်ာ္ လာေရာက္

က်ဳိင္းတံုၿမိဳ႕တြင္ က်င္းပ ျပဳလုပ္ေနသည့္ က်ိဳင္းတံုသာသနာလံုးဆုိင္ရာႏွီးေႏွာဖလွယ္ပြဲသို႔ ေဒသအသီးသီးမွ ကက္သလစ္လူငယ္ (၇၅၀)ေက်ာ္ လာေရာက္
မေ 18, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕ ရပ္ကြက္(၁)ရွိ RCM ေက်ာင္းအတြင္း မယ္ေတာ္၏သန္႔ရွင္းစင္ၾကယ္ေသာ ႏွလံုးေတာ္ေက်ာင္းတြင္ က်ိဳင္းတံုသာသနာလံုးဆုိင္ရာႏွီးေႏွာဖလွယ္ပြဲေတာ္ကို ၂၀၁၉ ခုႏွစ္ ေမလ(၁၆)ရက္ေန႔မွ ေမလ(၁၉)ရက္ေန႔အထိ က်င္းပေနလ်က္ရွိရာ ေဒသအသီးသီးမွ ကက္သလစ္လူငယ္ (၇၅၀)ေက်ာ္ လာေရာက္ၾကေၾကာင္း သိရသည္။

အဆိုပါ လူငယ္ႏွီးေႏွာဖလွယ္ပြဲသို႔   တာခ်ီလိတ္၊ က်ဳိင္းတံု၊ မိုင္းဆတ္၊ တာေလ၊ မိုင္းလင္း၊ အထူးေဒသ(၄)၊ အထူးေဒသ(၂)၊ မိုင္းယန္း၊ မိုင္းခတ္၊ မိုင္းေယာင္း၊ မိုင္းပ်ဥ္း၊ ပန္ေနာင္လံု၊ မိုင္းခြန္၊ စိန္ပီတာ၊ ကတ္ဖတ္၊ တံုကြမ္၊ လြိဳင္ေမြ၊ ယန္းခ စသည့္ ေဒသအသီးသီးမွ ကက္သလစ္လူငယ္အဖြဲ႕မ်ားအျပင္ မႏၱေလးမွလည္း လာေရာက္ၾကေၾကာင္း သိရသည္။

အဆိုပါ လူငယ္မ်ားသည္ က်ဳိင္းတံုၿမိဳ႕ရွိ ရပ္ကြက္(၃)ခုတြင္ စုေပါင္းအမႈိက္ေကာက္မႈကို ၂၀၁၉ခုႏွစ္ ေမလ(၁၉)ရက္ေန႔ နံနက္(၁၀)နာရီတြင္ ျပုလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - အိုက္သား




~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ ရပ်ကွက်(၁)ရှိ RCM ကျောင်းအတွင်း မယ်တော်၏သန့်ရှင်းစင်ကြယ်သော နှလုံးတော်ကျောင်းတွင် ကျိုင်းတုံသာသနာလုံးဆိုင်ရာနှီးနှောဖလှယ်ပွဲတော်ကို ၂၀၁၉ ခုနှစ် မေလ(၁၆)ရက်နေ့မှ မေလ(၁၉)ရက်နေ့အထိ ကျင်းပနေလျက်ရှိရာ ဒေသအသီးသီးမှ ကက်သလစ်လူငယ် (၇၅၀)ကျော် လာရောက်ကြကြောင်း သိရသည်။

အဆိုပါ လူငယ်နှီးနှောဖလှယ်ပွဲသို့ တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ တာလေ၊ မိုင်းလင်း၊ အထူးဒေသ(၄)၊ အထူးဒေသ(၂)၊ မိုင်းယန်း၊ မိုင်းခတ်၊ မိုင်းယောင်း၊ မိုင်းပျဉ်း၊ ပန်နောင်လုံ၊ မိုင်းခွန်၊ စိန်ပီတာ၊ ကတ်ဖတ်၊ တုံကွမ်၊ လွိုင်မွေ၊ ယန်းခ စသည့် ဒေသအသီးသီးမှ ကက်သလစ်လူငယ်အဖွဲ့များအပြင် မန္တလေးမှလည်း လာရောက်ကြကြောင်း သိရသည်။

အဆိုပါ လူငယ်များသည် ကျိုင်းတုံမြို့ရှိ ရပ်ကွက်(၃)ခုတွင် စုပေါင်းအမှိုက်ကောက်မှုကို ၂၀၁၉ခုနှစ် မေလ(၁၉)ရက်နေ့ နံနက်(၁၀)နာရီတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - အိုက်သား

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net