ျမန္မာႏိုင္ငံတြင္ ႏွစ္ရက္တာအတြင္း အက်ဥ္းေထာင္ (၇)ခု၌ ဆူပူမ်ားျပဳလုပ္ျခင္းကို ထိေရာက္စြာစံုစမ္းစစ္ေဆးမည္

ျမန္မာႏိုင္ငံတြင္ ႏွစ္ရက္တာအတြင္း အက်ဥ္းေထာင္ (၇)ခု၌ ဆူပူမ်ားျပဳလုပ္ျခင္းကို ထိေရာက္စြာစံုစမ္းစစ္ေဆးမည္
မေ 9, 2019
By 🌸
ႏုိင္ငံေတာ္သမၼတ၏ ျပစ္ဒဏ္လြတ္ၿငိမ္းသက္သာခြင့္ကို အေၾကာင္းျပဳ၍ ကေလးအက်ဥ္းေထာင္၊  ဘားအံအက်ဥ္းေထာင္၊ ေရႊဘိုအက်ဥ္းေထာင္၊ ျမစ္ႀကီးနားအက်ဥ္းေထာင္၊ ထားဝယ္အက်ဥ္းေထာင္၊ သာယာဝတီအက်ဥ္းေထာင္ႏွင့္ ပုသိမ္အက်ဥ္းေထာင္မ်ားတြင္ ၂၀၁၉ ခုႏွစ္၊ ေမလ (၈)ရက္ႏွင့္ (၉)ရက္ေန႔မ်ားတြင္ ေထာင္တြင္းဆူပူမႈမ်ားျဖစ္ပြားခဲ့ျခင္းမ်ားႏွင့္ပတ္သက္၍ ျဖစ္စဥ္မွန္ေပၚေပါက္ေရးအတြက္ ထိေရာက္စြာ စံုစမ္းစစ္ေဆးေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ႏုိင္ငံေတာ္သမၼတရံုးက ေမလ (၉)ရက္ေန႔တြင္ သတင္းထုတ္ျပန္လုိက္သည္။

အဆိုပါေထာင္မ်ားက ဆူပူမႈမ်ားျပဳလုပ္စဥ္ ေထာင္တြင္းမွ  အက်ဥ္းသားအခ်ိဳ႕က လက္ကိုင္ဖုန္းျဖင့္ လူမႈကြန္ယက္တြင္ Live လႊင့္တင္ျခင္းမ်ားလုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ကို အကြောင်းပြု၍ ကလေးအကျဉ်းထောင်၊  ဘားအံအကျဉ်းထောင်၊ ရွှေဘိုအကျဉ်းထောင်၊ မြစ်ကြီးနားအကျဉ်းထောင်၊ ထားဝယ်အကျဉ်းထောင်၊ သာယာဝတီအကျဉ်းထောင်နှင့် ပုသိမ်အကျဉ်းထောင်များတွင် ၂၀၁၉ ခုနှစ်၊ မေလ (၈)ရက်နှင့် (၉)ရက်နေ့များတွင် ထောင်တွင်းဆူပူမှုများဖြစ်ပွားခဲ့ခြင်းများနှင့်ပတ်သက်၍ ဖြစ်စဉ်မှန်ပေါ်ပေါက်ရေးအတွက် ထိရောက်စွာ စုံစမ်းစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက မေလ (၉)ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါထောင်များက ဆူပူမှုများပြုလုပ်စဉ် ထောင်တွင်းမှ  အကျဉ်းသားအချို့က လက်ကိုင်ဖုန်းဖြင့် လူမှုကွန်ယက်တွင် Live လွှင့်တင်ခြင်းများလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net