ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေအာင္ျမင္ရန္ လူထုအင္အားလိုအပ္

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေအာင္ျမင္ရန္ လူထုအင္အားလိုအပ္
မေ 9, 2019
By Tachileik News Agency

ျမန္မာ့ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေအာင္ျမင္ရန္ လူထုအင္အားလိုအပ္သည္ဟု ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈပူးတြဲေကာ္မတီ (UPDJC) ဒုတိယဥကၠ႒ ဦးသုေဝက ေျပာၾကားလုိက္သည္။

“တိုင္းျပည္ရဲ႕အဆံုးအျဖတ္က အဓိကေျပာရရင္ လူထုပဲေပါ့။ ျပည္သူလူထုရဲ႕အဆံုးအျဖတ္ကို အားလံုးညီညီညြတ္ညြတ္နဲ႔ ျပႏိုင္မယ္ဆိုရင္ ျပည္သူလူထုရဲ႕အားကို ဆန္႔က်င္ႏိုင္တဲ့အားမရိွပါဘူး။ အဖြဲ႕အစည္းေတြ အစိုးရျဖစ္ေစ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ျဖစ္ေစ လူထုကဖိအားေပးမယ္ဆိုရင္ လူထုဆႏၵလိုက္ေလ်ာလာရမွာပဲ။ ကၽြန္ေတာ္တို႔ဆီမွာက ၿငိမ္းခ်မ္းေရးဆိုတာ သိပ္ကိုအေရးႀကီးတဲ့ဟာေပါ့။ ၿငိမ္းခ်မ္းေရးမရိွလို႔ ဒုကၡေတြအႀကီးအက်ယ္ရိွခဲ့တာပဲေလ။ တန္ဖိုးလည္းအမ်ားႀကီးႀကီးေတာ့ ကၽြန္ေတာ္တို႔ ရခ်င္တာေပါ့။ ကၽြန္ေတာ္တို႔တင္ မဟုတ္ဘူး။ တစ္တိုင္းျပည္လံုးရခ်င္တာေပါ့။ အဲဒီေလာက္ရခ်င္တဲ့ ၿငိမ္းခ်မ္းေရးကို ရေအာင္ႀကိဳးစားဖို႔ပဲ လိုတာေပါ့ေနာ္”ဟု ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈပူးတြဲေကာ္မတီ (UPDJC) ဒုတိယဥကၠ႒ ဦးသုေဝက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ယင္းအျပင္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမည့္ အစိုးရအေနျဖင့္ တုိင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ား၏ ပကတိရပ္တည္ေနသည့္ အေျခအေနမ်ားကို သေဘာေပါက္လက္ခံရန္လိုအပ္သည္ဟု ရခုိင္အမ်ိဳးသားပါတီ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ အတြင္းေရးမွဴး ဦးသာထြန္းလတ္က ေထာက္ျပေျပာဆိုသည္။

“အစိုးရဘက္က ကၽြန္ေတာ္တို႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြရဲ႕ ပကတိရပ္တည္ေနတဲ့ အေျခအေနေတြကို သေဘာေပါက္လက္ခံဖို႔ လိုအပ္မယ္လို႔ယူဆပါတယ္။ တုိင္းရင္းသားလက္နက္ကိုင္ေတြဆိုတာ ကၽြန္ေတာ္တို႔တိုင္းရင္းသားေတြ ႏိုင္ငံေရးအရ ဆံုးရံႈးမႈ၊ စီးပြားေရးဆံုးရံႈးမႈ၊ လူမႈေရးဆံုးရံႈးမႈ၊ ျမန္မာႏိုင္ငံတြင္းက တိုင္းရင္းသားေတြရဲ႕ ဆံုးရံႈးမႈေတြကို ေတာင္းဆိုတိုက္ပြဲဝင္တဲ့ အဖြဲ႕အစည္းေတြျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ ကၽြန္ေတာ္တို႔ႏိုင္ငံေရးျပသနာကို ႏိုင္ငံေရးနည္းလမ္းအရ ေျဖရွင္းဖို႔အတြက္ စိတ္ဓာတ္ရိွဖို႔အေရးႀကီးပါတယ္”ဟု ရခုိင္အမ်ိဳးသားပါတီ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ အတြင္းေရးမွဴး ဦးသာထြန္းလတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရိွတြင္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈပူးတြဲေကာ္မတီ (Union Peace Dialogue Joint Committee -UPDJC) ႏုိင္ငံေရးပါတီမ်ားအစုအဖြဲ႕က ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ ေဒသအေျခစိုက္ႏုိင္ငံေရးပါတီမ်ား၊ အရပ္ဘက္လူမႈအဖြဲ႕အစည္းမ်ား၊ ယဥ္ေက်းမႈအဖြဲ႕အစည္းမ်ားသို႔ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား တင္ျပေဆြးေႏြးမႈလုပ္ေဆာင္သည့္ ၂၀၁၉ ခုႏွစ္၊ ေမလ (၈)ရက္ေန႔တြင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ႏွင့္ ပတ္သက္၍ ယင္းကဲ့သို႔ သံုးသပ္ခဲ့ၾကျခင္းျဖစ္သည္။

သတင္း - ဟန္စိုးထုိက္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရန် လူထုအင်အားလိုအပ်သည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ ဦးသုဝေက ပြောကြားလိုက်သည်။

“တိုင်းပြည်ရဲ့အဆုံးအဖြတ်က အဓိကပြောရရင် လူထုပဲပေါ့။ ပြည်သူလူထုရဲ့အဆုံးအဖြတ်ကို အားလုံးညီညီညွတ်ညွတ်နဲ့ ပြနိုင်မယ်ဆိုရင် ပြည်သူလူထုရဲ့အားကို ဆန့်ကျင်နိုင်တဲ့အားမရှိပါဘူး။ အဖွဲ့အစည်းတွေ အစိုးရဖြစ်စေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်စေ လူထုကဖိအားပေးမယ်ဆိုရင် လူထုဆန္ဒလိုက်လျောလာရမှာပဲ။ ကျွန်တော်တို့ဆီမှာက ငြိမ်းချမ်းရေးဆိုတာ သိပ်ကိုအရေးကြီးတဲ့ဟာပေါ့။ ငြိမ်းချမ်းရေးမရှိလို့ ဒုက္ခတွေအကြီးအကျယ်ရှိခဲ့တာပဲလေ။ တန်ဖိုးလည်းအများကြီးကြီးတော့ ကျွန်တော်တို့ ရချင်တာပေါ့။ ကျွန်တော်တို့တင် မဟုတ်ဘူး။ တစ်တိုင်းပြည်လုံးရချင်တာပေါ့။ အဲဒီလောက်ရချင်တဲ့ ငြိမ်းချမ်းရေးကို ရအောင်ကြိုးစားဖို့ပဲ လိုတာပေါ့နော်”ဟု ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ဒုတိယဥက္ကဋ္ဌ ဦးသုဝေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယင်းအပြင် ငြိမ်းချမ်းရေးဆွေးနွေးမည့် အစိုးရအနဖြေင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ပကတိရပ်တည်နေသည့် အခြေအနေများကို သဘောပေါက်လက်ခံရန်လိုအပ်သည်ဟု ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးသာထွန်းလတ်က ထောက်ပြပြောဆိုသည်။

“အစိုးရဘက်က ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ပကတိရပ်တည်နေတဲ့ အခြေအနေတွေကို သဘောပေါက်လက်ခံဖို့ လိုအပ်မယ်လို့ယူဆပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေဆိုတာ ကျွန်တော်တို့တိုင်းရင်းသားတွေ နိုင်ငံရေးအရ ဆုံးရှုံးမှု၊ စီးပွားရေးဆုံးရှုံးမှု၊ လူမှုရေးဆုံးရှုံးမှု၊ မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားတွေရဲ့ ဆုံးရှုံးမှုတွေကို တောင်းဆိုတိုက်ပွဲဝင်တဲ့ အဖွဲ့အစည်းတွဖြေစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့အတွက် စိတ်ဓာတ်ရှိဖို့အရေးကြီးပါတယ်”ဟု ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးသာထွန်းလတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (Union Peace Dialogue Joint Committee -UPDJC) နိုင်ငံရေးပါတီများအစုအဖွဲ့က ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဒေသအခြေစိုက်နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ယဉ်ကျေးမှုအဖွဲ့အစည်းများသို့ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တင်ပြဆွေးနွေးမှုလုပ်ဆောင်သည့် ၂၀၁၉ ခုနှစ်၊ မေလ (၈)ရက်နေ့တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ယင်းကဲ့သို့ သုံးသပ်ခဲ့ကြခြင်းဖြစ်သည်။
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net