ဆိုင်ကယ်ဖြင့် ကမ္ဘာပတ်ခရီးစဉ်ထွက်ခွာလာသူ(၂)ဦး မကွေးမြို့သို့ ဆိုက်ရောက်ပြီး မန္တလေးမြို့သို့ ဆက်လက်ထွက်ခွာ
ဆိုင်ကယ်ဖြင့် ကမ္ဘာပတ်ခရီးစဉ်ထွက်ခွာလာသူ(၂)ဦး မကွေးမြို့သို့ ဆိုက်ရောက်ပြီး မန္တလေးမြို့သို့ ဆက်လက်ထွက်ခွာ
မေ 29, 2019
By Tachileik News Agency
မြန်မာနိုင်ငံမှ နိုင်ငံပေါင်း(၃၀)ဆီသို့ မော်တော်ဆိုင်ကယ်ဖြင့် (၅)လကြာ ကမ္ဘာပတ်ခရီးစဉ် ထွက်ခွာလာသူ နှစ်ဦး ၂၀၁၉ ခုနှစ်၊ မေလ(၂၇)ရက်နေ့က မကွေးမြို့သို့ ဆိုက်ရောက်လာပြီး မေလ(၂၉)ရက်နေ့တွင် မန္တလေးမြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။
မော်တော်ဆိုင်ကယ်ဖြင့် ကမ္ဘာပတ်ကြမည့် ကိုစိုင်းဇွန်ဖနှင့် ကိုအောင်ကျော်ဝင်းတို့နှစ်ဦးသည် မေလ(၂၆)ရက်နေ့က ရန်ကုန်မြို့မှ စတင်ထွက်ခွာလာကြခြင်းဖြစ်ပြီး မေလ(၂၉) ရက် နံနက်ပိုင်း၌ မကွေးမြို့မှ မန္တလေးသို့ ဆက်လက်ထွက်ခွာသွားကြခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဖီးနစ်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
မြန်မာနိုင်ငံမှ နိုင်ငံပေါင်း(၃၀)ဆီသို့ မော်တော်ဆိုင်ကယ်ဖြင့် (၅)လကြာ ကမာ္ဘပတ်ခရီးစဉ် ထွက်ခွာလာသူ နှစ်ဦး ၂၀၁၉ ခုနှစ်၊ မေလ(၂၇)ရက်နေ့က မကွေးမြို့သို့ ဆိုက်ရောက်လာပြီး မေလ(၂၉)ရက်နေ့တွင် မန္တလေးမြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။
“ရန်ကုန်ကလာတဲ့လမ်းမှာ ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် သိရှိတဲ့လူတွေက စောင့်ကြိုအားပေးမှုတွေရှိ ပါတယ်။ နေကအရမ်းပူတာကြောင့် တစ်ရက်ကို(၅)နာရီဝန်းကျင်ပဲ မောင်းပါတယ်။ အခုလိုဆိုင်ကယ်နဲ့ ကမာ္ဘပတ်ဖို့အတွက် အရင်ကတည်းက ရည်မှန်းချက်ထားပြီး လုပ်ဆောင်ခဲ့တာဖြစ်ပေမဲ့ ဒီခရီးစဉ်ဟာ ကျွန်တော်တို့အတွက် ပထမဆုံးခရီးစဉ်ဖြစ်လို့ စိတ်လှုပ်ရှားနေပါတယ်”ဟု ကိုစိုင်းဇွန်ဖက မေလ(၂၈)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မော်တော်ဆိုင်ကယ်ဖြင့် ကမာ္ဘပတ်ကြမည့် ကိုစိုင်းဇွန်ဖနှင့် ကိုအောင်ကျော်ဝင်းတို့နှစ်ဦးသည် မေလ(၂၆)ရက်နေ့က ရန်ကုန်မြို့မှ စတင်ထွက်ခွာလာကြခြင်းဖြစ်ပြီး မေလ(၂၉) ရက် နံနက်ပိုင်း၌ မကွေးမြို့မှ မန္တလေးသို့ ဆက်လက်ထွက်ခွာသွားကြခြင်းဖြစ်သည်။
BMW ဆိုင်ကယ် (၂)စီးဖြင့် ရန်ကုန် - ပြည်-မကွေး-မန္တလေး-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် လမ်းကြောင်းအတိုင်း နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ထွက်ခွာပြီး အင်္ဂလန်အပါအဝင် နိုင်ငံပေါင်း(၃၀)ဆီသို့ (၅)လခန့်ကြာမြင့်နိုင်မည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဖီးနစ်မြန်မာနိုင်ငံမှ နိုင်ငံပေါင်း(၃၀)ဆီသို့ မော်တော်ဆိုင်ကယ်ဖြင့် (၅)လကြာ ကမာ္ဘပတ်ခရီးစဉ် ထွက်ခွာလာသူ နှစ်ဦး ၂၀၁၉ ခုနှစ်၊ မေလ(၂၇)ရက်နေ့က မကွေးမြို့သို့ ဆိုက်ရောက်လာပြီး မေလ(၂၉)ရက်နေ့တွင် မန္တလေးမြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။
“ရန်ကုန်ကလာတဲ့လမ်းမှာ ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် သိရှိတဲ့လူတွေက စောင့်ကြိုအားပေးမှုတွေရှိ ပါတယ်။ နေကအရမ်းပူတာကြောင့် တစ်ရက်ကို(၅)နာရီဝန်းကျင်ပဲ မောင်းပါတယ်။ အခုလိုဆိုင်ကယ်နဲ့ ကမာ္ဘပတ်ဖို့အတွက် အရင်ကတည်းက ရည်မှန်းချက်ထားပြီး လုပ်ဆောင်ခဲ့တာဖြစ်ပေမဲ့ ဒီခရီးစဉ်ဟာ ကျွန်တော်တို့အတွက် ပထမဆုံးခရီးစဉ်ဖြစ်လို့ စိတ်လှုပ်ရှားနေပါတယ်”ဟု ကိုစိုင်းဇွန်ဖက မေလ(၂၈)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မော်တော်ဆိုင်ကယ်ဖြင့် ကမာ္ဘပတ်ကြမည့် ကိုစိုင်းဇွန်ဖနှင့် ကိုအောင်ကျော်ဝင်းတို့နှစ်ဦးသည် မေလ(၂၆)ရက်နေ့က ရန်ကုန်မြို့မှ စတင်ထွက်ခွာလာကြခြင်းဖြစ်ပြီး မေလ(၂၉) ရက် နံနက်ပိုင်း၌ မကွေးမြို့မှ မန္တလေးသို့ ဆက်လက်ထွက်ခွာသွားကြခြင်းဖြစ်သည်။
BMW ဆိုင်ကယ် (၂)စီးဖြင့် ရန်ကုန် - ပြည်-မကွေး-မန္တလေး-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် လမ်းကြောင်းအတိုင်း နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ထွက်ခွာပြီး အင်္ဂလန်အပါအဝင် နိုင်ငံပေါင်း(၃၀)ဆီသို့ (၅)လခန့်ကြာမြင့်နိုင်မည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဖီးနစ်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net