ျမန္မာလုပ္သားမ်ားအပါအဝင္ ထုိင္းေရလုပ္ငန္းမွေရႊ႕ေျပာင္းလုပ္သားမ်ား သက္တမ္းတိုးေရး ရွင္းလင္းစြာ ေဆာင္ရြက္ေပးရန္ ထုိင္းေရလုပ္ငန္းရွင္မ်ားအသင္းေတာင္းဆို

ျမန္မာလုပ္သားမ်ားအပါအဝင္ ထုိင္းေရလုပ္ငန္းမွေရႊ႕ေျပာင္းလုပ္သားမ်ား သက္တမ္းတိုးေရး ရွင္းလင္းစြာ ေဆာင္ရြက္ေပးရန္ ထုိင္းေရလုပ္ငန္းရွင္မ်ားအသင္းေတာင္းဆို
မေ 16, 2019
By 🌸
ထုိင္းႏုိင္ငံေရလုပ္ငန္းမွ ျမန္မာ၊လာအိုႏွင့္ ကေမၻာဒီးယားလုပ္သားမ်ား၏ အလုပ္လုပ္ကိုင္ခြင့္သက္တမ္း ကုန္ဆံုးေတာ့မည္ျဖစ္ရာ သက္တမ္းတိုးျခင္းႏွင့္ပတ္သက္၍ မူဝါဒရွင္းရွင္းလင္းလင္းခ်မွတ္ေပးရန္ ထုိင္းႏုိင္ငံေရလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္က ေတာင္းဆိုလုိက္သည္။

အဆိုပါေရႊ႕ေျပာင္းလုပ္သား (၂၀၀၀၀)ခန္႔၏ အလုပ္လုပ္ကိုင္ခြင့္သက္တမ္းမွာ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ (၁)ရက္ေန႔တြင္ ကုန္ဆံုးေတာ့မည္ျဖစ္ၿပီး (၁၀၉၀၀)ခန္႔မွာ ၂၀၂၀ ခုႏွစ္ မတ္လ (၃၁)ရက္တြင္လည္းေကာင္း၊ လုပ္သား(၆၆၀၀)ခန္႔မွာ ၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလတြင္လည္းေကာင္း အသီးသီး သက္တမ္းကုန္ဆံုးၾကေတာ့မည္ျဖစ္ေၾကာင္း ေရလုပ္ငန္းအသင္း၏ ဒုဥကၠဌျဖစ္သူ ဆရာဝပ္ သြန္ဝပ္ဆခြန္းက ေျပာၾကားသည္။

အဆိုပါေရႊ႕ေျပာင္းလုပ္သားမ်ား၏ အလုပ္လုပ္ကိုင္ခြင့္သက္တမ္းကို အခ်ိန္မီတိုးေပးႏုိင္ျခင္းမရိွပါက ထုိင္းေရလုပ္ငန္းအေနျဖင့္ လုပ္ငန္းလည္ပတ္ႏုိင္မည္မဟုတ္ေတာ့ေၾကာင္းကိုလည္း သတိေပးထားသည္။

ျမန္မာအလုပ္သမားေရးရာဝန္ႀကီးဌာနႏွင့္ ထုိင္းအလုပ္သမားေရးရာဌာနတို႔ မၾကာခင္ကေတြ႔ဆံုခဲ့မႈအတြင္း ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ား၏ အခြင့္အေရးကာကြယ္ေပးေရးနွင့္ အလုပ္လုပ္ကိုင္ခြင့္အေျခအေနမ်ားတုိးတက္ေရးအတြက္ ႏွစ္ႏုိင္ငံပူးေပါင္းေဆးာင္ရြက္ရန္ သေဘာတူညီထားေၾကာငး္ သိရသည္။

Tachileik News Agency
Ref: Bangkok Post

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မြန်မာလုပ်သားများအပါအဝင် ထိုင်းရေလုပ်ငန်းမှရွှေ့ပြောင်းလုပ်သားများ သက်တမ်းတိုးရေး ရှင်းလင်းစွာ ဆောင်ရွက်ပေးရန် ထိုင်းရေလုပ်ငန်းရှင်များအသင်းတောင်းဆို
***********
ထိုင်းနိုင်ငံရေလုပ်ငန်းမှ မြန်မာ၊လာအိုနှင့် ကမ္ဘောဒီးယားလုပ်သားများ၏ အလုပ်လုပ်ကိုင်ခွင့်သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်ရာ သက်တမ်းတိုးခြင်းနှင့်ပတ်သက်၍ မူဝါဒရှင်းရှင်းလင်းလင်းချမှတ်ပေးရန် ထိုင်းနိုင်ငံရေလုပ်ငန်းရှင်များအသင်းချုပ်က တောင်းဆိုလိုက်သည်။

အဆိုပါရွှေ့ပြောင်းလုပ်သား (၂၀၀၀၀)ခန့်၏ အလုပ်လုပ်ကိုင်ခွင့်သက်တမ်းမှာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့တွင် ကုန်ဆုံးတော့မည်ဖြစ်ပြီး (၁၀၉၀၀)ခန့်မှာ ၂၀၂၀ ခုနှစ် မတ်လ (၃၁)ရက်တွင်လည်းကောင်း၊ လုပ်သား(၆၆၀၀)ခန့်မှာ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလတွင်လည်းကောင်း အသီးသီး သက်တမ်းကုန်ဆုံးကြတော့မည်ဖြစ်ကြောင်း ရေလုပ်ငန်းအသင်း၏ ဒုဥက္ကဌဖြစ်သူ ဆရာဝပ် သွန်ဝပ်ဆခွန်းက ပြောကြားသည်။

အဆိုပါရွှေ့ပြောင်းလုပ်သားများ၏ အလုပ်လုပ်ကိုင်ခွင့်သက်တမ်းကို အချိန်မီတိုးပေးနိုင်ခြင်းမရှိပါက ထိုင်းရေလုပ်ငန်းအနေဖြင့် လုပ်ငန်းလည်ပတ်နိုင်မည်မဟုတ်တော့ကြောင်းကိုလည်း သတိပေးထားသည်။

မြန်မာအလုပ်သမားရေးရာဝန်ကြီးဌာနနှင့် ထိုင်းအလုပ်သမားရေးရာဌာနတို့ မကြာခင်ကတွေ့ဆုံခဲ့မှုအတွင်း မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးကာကွယ်ပေးရေးနှင့် အလုပ်လုပ်ကိုင်ခွင့်အခြေအနေများတိုးတက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆေးာင်ရွက်ရန် သဘောတူညီထားကြောငး် သိရသည်။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net