ျမန္မာလုပ္သား (၁၃)ဦးကို မေလးရွားသို႔ တရားမဝင္ပို႔ေဆာင္ေပးသည့္ ထုိင္းစာပို႔ယာဥ္ကို ဖမ္းဆီးစစ္ေဆးေန

ျမန္မာလုပ္သား (၁၃)ဦးကို မေလးရွားသို႔ တရားမဝင္ပို႔ေဆာင္ေပးသည့္ ထုိင္းစာပို႔ယာဥ္ကို ဖမ္းဆီးစစ္ေဆးေန
မေ 15, 2019
By 🌸
ျမန္မာလုပ္သား (၁၃)ဦးကို မေလးရွားသို႔ခိုးဝင္ရန္ ပို႔ေဆာင္ေပးသည့္ ထုိင္းစာပို႔ယာဥ္ကို ထုိင္းနိုင္ငံ၊ ရတ္ထဖန္တြင္ ၂၀၁၉ ခုႏွစ္၊ ေမလ (၁၄)ရက္ေန႔ ည(၁၂)နာရီေက်ာ္က ဖမ္းဆီးရမိလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ရဲ၊လူဝင္မႈႀကီးၾကပ္ေရးႏွင့္စစ္တပ္တုိ႔ပါဝင္သည့္ ပူးေပါင္းအဖြဲ႕က အာရွ ၄၁ လမ္းမအတုိင္းေမာင္းႏွင္လာသည့္  စာပို႔ယာဥ္ကို မသကၤာသျဖင့္ စစ္ေဆးရာမွ ျမန္မာႏိုင္ငံသား ဟိႏၵဴအမ်ိဳးသား (၁၃)ဦးကို ဖမ္းမိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျမန္မာလုပ္သားမ်ားသည္ ျမန္မာ - ထုိင္းနယ္စပ္ ကန္ခ်နဘူရီဘက္မွ တရားမဝင္ ဝင္ေရာက္လာျခင္းျဖစ္ၿပီး ထုိင္းနိုင္ငံ ဆမုဆခြန္တြင္ ယာယီခိုလံႈေနခဲ့ၾကျခင္းျဖစ္ေၾကာင္းသိရသည္။

၎တို႔အား မေလးရွားသို႔ပို႔ေဆာင္ေပးရန္ တစ္ဦးလွ်င္ ဘတ္ (၁၅၀၀)စီေပးရေၾကာင္း စစ္ေဆးသိရိွရသျဖင့္ စာပို႔ယာဥ္ေမာင္းႏွင္သည့္ အသက္ (၃၀)အရြယ္ ထုိင္းႏိုင္ငံသား ယာဥ္ေမာင္းကို ဟတ္ယိုင္ရိွ နယ္ေျမခံတပ္တြင္ ေခၚယူစစ္ေဆးေနကာ လူကုန္ကူးမႈတြင္ ပါဝင္ဆက္ႏႊယ္သူမ်ားကို ေဖၚထုတ္ေနေၾကာင္း သိရသည္။

လူကုန္ကူးမႈတြင္ စာပို႔ယာဥ္အားအသံုးျပဳမႈႏွင့္ပတ္သက္၍ စစ္ေဆးေနၿပီး လူကုန္ကူးမႈတြင္ပါဝင္ပတ္သက္ေနမႈေဖၚထုတ္ေရးတြင္ စာပို႔ဌာနအေနျဖင့္ ပူးေပါင္းေဆာင္ရြက္မည္ျဖစ္ၿပီး စာပို႔ယာဥ္ေမာင္းကိုလည္း အလုပ္မွထုတ္ပစ္သြားမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။

Tachileik News Agency
Ref: Bangkok Post

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မြန်မာလုပ်သား (၁၃)ဦးကို မလေးရှားသို့ တရားမဝင်ပို့ဆောင်ပေးသည့် ထိုင်းစာပို့ယာဉ်ကို ဖမ်းဆီးစစ်ဆေးနေ
**************
မြန်မာလုပ်သား (၁၃)ဦးကို မလေးရှားသို့ခိုးဝင်ရန် ပို့ဆောင်ပေးသည့် ထိုင်းစာပို့ယာဉ်ကို ထိုင်းနိုင်ငံ၊ ရတ်ထဖန်တွင် ၂၀၁၉ ခုနှစ်၊ မေလ (၁၄)ရက်နေ့ ည(၁၂)နာရီကျော်က ဖမ်းဆီးရမိလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ရဲ၊လူဝင်မှုကြီးကြပ်ရေးနှင့်စစ်တပ်တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က အာရှ ၄၁ လမ်းမအတိုင်းမောင်းနှင်လာသည့်  စာပို့ယာဉ်ကို မသင်္ကာသဖြင့် စစ်ဆေးရာမှ မြန်မာနိုင်ငံသား ဟိန္ဒူအမျိုးသား (၁၃)ဦးကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာလုပ်သားများသည် မြန်မာ - ထိုင်းနယ်စပ် ကန်ချနဘူရီဘက်မှ တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ ဆမုဆခွန်တွင် ယာယီခိုလှုံနေခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

၎င်းတို့အား မလေးရှားသို့ပို့ဆောင်ပေးရန် တစ်ဦးလျှင် ဘတ် (၁၅၀၀)စီပေးရကြောင်း စစ်ဆေးသိရှိရသဖြင့် စာပို့ယာဉ်မောင်းနှင်သည့် အသက် (၃၀)အရွယ် ထိုင်းနိုင်ငံသား ယာဉ်မောင်းကို ဟတ်ယိုင်ရှိ နယ်မြေခံတပ်တွင် ခေါ်ယူစစ်ဆေးနေကာ လူကုန်ကူးမှုတွင် ပါဝင်ဆက်နွှယ်သူများကို ဖေါ်ထုတ်နေကြောင်း သိရသည်။

လူကုန်ကူးမှုတွင် စာပို့ယာဉ်အားအသုံးပြုမှုနှင့်ပတ်သက်၍ စစ်ဆေးနေပြီး လူကုန်ကူးမှုတွင်ပါဝင်ပတ်သက်နေမှုဖေါ်ထုတ်ရေးတွင် စာပို့ဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး စာပို့ယာဉ်မောင်းကိုလည်း အလုပ်မှထုတ်ပစ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net