ဖမ်းဆီးရမိသည့် ကျောက်စိမ်းများကို နိုင်ငံဘဏ္ဍာအဖြစ်သိမ်းဆည်းပြီး သတင်းပေးသူနှင့် ဖမ်းဆီးပေးသူကို ရာခိုင်နှုန်းဖြင့် ချီးမြှင့်နေ

ဖမ်းဆီးရမိသည့် ကျောက်စိမ်းများကို နိုင်ငံဘဏ္ဍာအဖြစ်သိမ်းဆည်းပြီး သတင်းပေးသူနှင့် ဖမ်းဆီးပေးသူကို ရာခိုင်နှုန်းဖြင့် ချီးမြှင့်နေ
မေ 26, 2019
By Tachileik News Agency



ဖမ်းဆီးရမိသည့် ကျောက်စိမ်းများအနက် ကျောက်စိမ်းရိုင်းများကို နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ငါးဧကအကျယ်အဝန်းခြံရှိ သိုလှောင်ရုံ(၁)၊ (၂)နှင့် ကျောက်မျက်ရတနာ ပြတိုက်၊ မီးလုံအာမခံခန်းတို့တွင် သက်ဆိုင်ရာအမှုတွဲများအလိုက် သီးခြားစီ ထုပ်ပိုးသိမ်းဆည်းကာ အမှုစီရင်ခံစဉ် ခေတ္တအပ်နှံခြင်းအတွက် ယာယီ လက်ခံသိမ်းဆည်းခြင်းနှင့် အမှုပြီးပြတ်၍ နိုင်ငံပိုင်ပြည်သူ့ဘဏ္ဍာအဖြစ် အပ်နှံခြင်းအတွက် အပြီးသတ် သိမ်းဆည်းခြင်းဟူ၍ ဆောင်ရွက်နည်းနှစ်မျိုးဖြင့် လက်ခံထိန်းသိမ်းခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ကျောက်စိမ်းသည် ကျောက်မျက်ရတနာအချောထည်နှင့် လက်ဝတ်ရတနာ ပစ္စည်းများအတွက် အကြမ်းထည်များဖြစ်ပါက အချောကိုင်ခြင်း၊ အရောင်းတင်ခြင်းများဆောင်ရွက်ကာ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင်ရှိသည့် ကျောက်မျက်ရတနာပြတိုက်များမှ မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်း အရောင်းဆိုင်များတွင် ရောင်းချကြောင်း သိရသည်။

အမှုပြီးပြတ်သည့် ကျောက်စိမ်းအရိုင်းတုံးများကိုလည်း မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်သည့် ကျောက်မျက် ရတနာပြပွဲများတွင် ရောင်းချပြီး ဖမ်းဆီးရမိသည့် ကျောက်စိမ်းအရိုင်းတုံးနှင့် အချောထည်များ ရောင်းချရငွေများကို နိုင်ငံတော်ဘဏ္ဍာသို့ပေးသွင်းကြောင်း သိရသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့ဖြစ်သည့် ၂၀၁၉ ခုနှစ် မေလ (၂၄)ရက်နေ့တွင် စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်က တရားမဝင် ကျောက်စိမ်း ခိုးထုတ် သယ်ယူမှုများမှ ဖမ်းဆီးရမိသော ကျောက်စိမ်းရတနာများအား မည်ကဲ့သို့ ထိန်းသိမ်းထားပြီး စီမံခန့်ခွဲသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ယင်းသို့ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဌာနအသီးသီးမှ ဖမ်းဆီးရမိသည့် ကျောက်စိမ်းများကို နိုင်ငံပိုင်ဘဏ္ဍာအဖြစ်သိမ်းဆည်းပြီး တန်ဖိုးဖြတ်အဖွဲ့များက တွက်ချက်သတ်မှတ်သည့်တန်ဖိုး၏ (၂၀)ရာခိုင်နှုန်းကို သတင်းပေးသူနှင့် (၃၀)ရာခိုင်နှုန်းကို ဖမ်းဆီးသူအား ပေးအပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနှံ့အပြားရှိ တပ်ရင်း/တပ်ဖွဲ့များ၊ အကောက်ခွန်ဦးစီးဌာနနှင့် ဌာနဆိုင်ရာအသီးသီးတို့က ဖမ်းဆီးရမိသည့် ကျောက်စိမ်းများကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်းက အမှုတွဲများအလိုက် ထိန်းသိမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ကျောက်စိမ်းများအနက် ကျောက်စိမ်းရိုင်းများကို နပြေည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ငါးဧကအကျယ်အဝန်းခြံရှိ သိုလှောင်ရုံ(၁)၊ (၂)နှင့် ကျောက်မျက်ရတနာ ပြတိုက်၊ မီးလုံအာမခံခန်းတို့တွင် သက်ဆိုင်ရာအမှုတွဲများအလိုက် သီးခြားစီ ထုပ်ပိုးသိမ်းဆည်းကာ အမှုစီရင်ခံစဉ် ခေတ္တအပ်နှံခြင်းအတွက် ယာယီ လက်ခံသိမ်းဆည်းခြင်းနှင့် အမှုပြီးပြတ်၍ နိုင်ငံပိုင်ပြည်သူ့ဘဏ္ဍာအဖြစ် အပ်နှံခြင်းအတွက် အပြီးသတ် သိမ်းဆည်းခြင်းဟူ၍ ဆောင်ရွက်နည်းနှစ်မျိုးဖြင့် လက်ခံထိန်းသိမ်းခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ကျောက်စိမ်းသည် ကျောက်မျက်ရတနာအချောထည်နှင့် လက်ဝတ်ရတနာ ပစ္စည်းများအတွက် အကြမ်းထည်များဖြစ်ပါက အချောကိုင်ခြင်း၊ အရောင်းတင်ခြင်းများဆောင်ရွက်ကာ နပြေည်တော်နှင့် ရန်ကုန်မြို့တို့တွင်ရှိသည့် ကျောက်မျက်ရတနာပြတိုက်များမှ မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်း အရောင်းဆိုင်များတွင် ရောင်းချကြောင်း သိရသည်။

အမှုပြီးပြတ်သည့် ကျောက်စိမ်းအရိုင်းတုံးများကိုလည်း မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်သည့် ကျောက်မျက် ရတနာပြပွဲများတွင် ရောင်းချပြီး ဖမ်းဆီးရမိသည့် ကျောက်စိမ်းအရို်င်းတုံးနှင့် အချောထည်များ ရောင်းချရငွေများကို နိုင်ငံတော်ဘဏ္ဍာသို့ပေးသွင်းကြောင်း သိရသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့ဖြစ်သည့် ၂၀၁၉ ခုနှစ် မေလ (၂၄)ရက်နေ့တွင် စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်က တရားမဝင် ကျောက်စိမ်း ခိုးထုတ် သယ်ယူမှုများမှ ဖမ်းဆီးရမိသော ကျောက်စိမ်းရတနာများအား မည်ကဲ့သို့ ထိန်းသိမ်းထားပြီး စီမံခန့်ခွဲသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ယင်းသို့ ပြန်လည်ရှင်းလင်းဖြကြေားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net