ထုိင္းႏိုင္ငံ ဘန္ခြမ္အက်ဥ္းေထာင္မွ ဝင္းႏွင့္ေဇာ္အပါအဝင္ ျမန္မာႏိုင္ငံသားမ်ားအား ျမန္မာသံရံုးႏွင့္ FED ဝန္ထမ္းမ်ား သြားေရာက္ေတြ႔ဆံု

ထုိင္းႏိုင္ငံ ဘန္ခြမ္အက်ဥ္းေထာင္မွ ဝင္းႏွင့္ေဇာ္အပါအဝင္ ျမန္မာႏိုင္ငံသားမ်ားအား ျမန္မာသံရံုးႏွင့္ FED ဝန္ထမ္းမ်ား သြားေရာက္ေတြ႔ဆံု
မေ 25, 2019
By 🌸
ထိုင္းႏုိင္ငံတြင္ ေသဒဏ္က်ခံေနရသည့္ ျမန္မာႏိုင္ငံသား ဝင္းႏွင့္ေဇာ္မွာ အယူခံဝင္ေနဆဲအမႈျဖစ္သျဖင့္ ထုိင္းဘုရင္သစ္ နန္းတက္အထိမ္းအမွတ္လြတ္ၿငိမ္းခ်မ္းသာတြင္ ပါဝင္ျခင္းမရိွေၾကာင္းသိရၿပီး ၂၀၁၉ ခုႏွစ္၊ ေမလ (၂၄)ရက္ေန႔က ျမန္မာသံရံုး သံအရာရိွႏွင့္ FED ဝန္ထမ္းမ်ားက ဘန္ခြမ္အက်ဥ္းေထာင္သို႔ သြားေရာက္ေတြ႔ဆံုေၾကာင္း သိရသည္။
ဘုရင္သစ္နန္းတက္သည့္ အထိမ္းအမွတ္ လြတ္ၿငိမ္းခ်မ္းသာေပးခဲ့ရာ ဘန္ခြမ္အက်ဥ္းေထာင္မွ ျမန္မာႏုိင္ငံသား စုစုေပါင္း (၁၀) ဦးမွာ ေမလ (၁၇)ရက္ေန႔က လြတ္ၿငိမ္းခ်မ္းသာျဖင့္ျပန္လြတ္လာသျဖင့္ လဝကအခ်ဳပ္သို႔ ပို႔ေဆာင္ထားၿပီးျဖစ္ရာ ၎တို႔အား ျမန္မာႏုိင္ငံသို႔ ျပန္လႊဲႏိုင္ရန္ ျမန္မာသံရံုးတာဝန္ရိွသူမ်ားက ဆက္လက္ေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။
ျမန္မာသံရံုးမွ တာဝန္ရွိသူမ်ားႏွင့္ FED ပညာေရးႏွင့္ဖံြ႕ျဖိဳးတိုးတက္ေရးေဖာင္ေဒးရွင္းမွဝန္ထမ္းမ်ားက ဘန္ခြမ္အက်ဥ္းေထာင္မွ ျမန္မာႏိုင္ငံသား အက်ဥ္းက်ေနသူမ်ားအား ေတြ႔ဆံု၍ အစားအစာ၊ အသံုးအေဆာင္၊ ေငြေၾကးႏွင့္ စာေစာင္စာအုပ္မ်ား ေပးအပ္ခဲ့ေၾကာင္း ထုိင္းႏုိင္ငံအေျခစိုက္ ေလဘာဟစ္တုိင္တြင္ေဖၚျပခ်က္အရ သိရသည္။

Tachileik News Agency
Photo: FED


~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံ ဘန်ခွမ်အကျဉ်းထောင်မှ ဝင်းနှင့်ဇော်အပါအဝင် မြန်မာနိုင်ငံသားများအား မြန်မာသံရုံးနှင့် FED ဝန်ထမ်းများ သွားရောက်တွေ့ဆုံ
*******
ထိုင်းနိုင်ငံတွင် သေဒဏ်ကျခံနေရသည့် မြန်မာနိုင်ငံသား ဝင်းနှင့်ဇော်မှာ အယူခံဝင်နေဆဲအမှုဖြစ်သဖြင့် ထိုင်းဘုရင်သစ် နန်းတက်အထိမ်းအမှတ်လွတ်ငြိမ်းချမ်းသာတွင် ပါဝင်ခြင်းမရှိကြောင်းသိရပြီး ၂၀၁၉ ခုနှစ်၊ မေလ (၂၄)ရက်နေ့က မြန်မာသံရုံး သံအရာရှိနှင့် FED ဝန်ထမ်းများက ဘန်ခွမ်အကျဉ်းထောင်သို့ သွားရောက်တွေ့ဆုံကြောင်း သိရသည်။

ဘုရင်သစ်နန်းတက်သည့် အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာပေးခဲ့ရာ ဘန်ခွမ်အကျဉ်းထောင်မှ မြန်မာနိုင်ငံသား စုစုပေါင်း (၁၀) ဦးမှာ မေလ (၁၇)ရက်နေ့က လွတ်ငြိမ်းချမ်းသာဖြင့်ပြန်လွတ်လာသဖြင့် လဝကအချုပ်သို့ ပို့ဆောင်ထားပြီးဖြစ်ရာ ၎င်းတို့အား မြန်မာနိုင်ငံသို့ ပြန်လွှဲနိုင်ရန် မြန်မာသံရုံးတာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

မြန်မာသံရုံးမှ တာဝန်ရှိသူများနှင့် FED ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှဝန်ထမ်းများက ဘန်ခွမ်အကျဉ်းထောင်မှ မြန်မာနိုင်ငံသား အကျဉ်းကျနေသူများအား တွေ့ဆုံ၍ အစားအစာ၊ အသုံးအဆောင်၊ ငွေကြေးနှင့် စာစောင်စာအုပ်များ ပေးအပ်ခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် လေဘာဟစ်တိုင်တွင်ဖေါ်ပြချက်အရ သိရသည်။

Tachileik News Agency
Photo: FED

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net