(၇၃) ႏွစ္ေျမာက္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ေန႔အထိမ္းအမွတ္ တာခ်ီလိတ္မီးသတ္တပ္ဖြဲ႕က မီးသတ္စြမ္းရည္သရုပ္ျပ

(၇၃) ႏွစ္ေျမာက္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ေန႔အထိမ္းအမွတ္ တာခ်ီလိတ္မီးသတ္တပ္ဖြဲ႕က မီးသတ္စြမ္းရည္သရုပ္ျပ
မေ 5, 2019
By 🌸
 (၇၃) ႏွစ္ေျမာက္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ေန႔ အထိမ္းအမွတ္အျဖစ္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ မီးသတ္တပ္ဖြဲ႕က ၂၀၁၉ ခုႏွစ္၊ ေမလ (၅)ရက္ေန႔ နံနက္ပိုင္း၌ ရွမ္းရိုးမကြင္းအတြင္း သဘာဝေဘးအတြင္း ကယ္ဆယ္ေရးလုပ္ငန္းမ်ားအပါအဝင္ မီးသတ္စြမ္းရည္သရုပ္ျပၾကသည္။

မီးသတ္တပ္ဖြဲ႕ဝင္မ်ားက အျမင့္မွႀကိဳးျဖင့္ဆင္းၿပီး အသက္ကယ္နည္း၊ ဓါတ္ေငြ႔မီးေလာင္မႈအား ၿငိႇမ္းသတ္နည္း၊ ဆီသိုေလွာင္ကန္ မီးေလာင္မႈကို ၿငိႇမ္းသတ္နည္း၊ အထပ္ျမင့္မွလူနာကို ေလွကားျဖင့္ အသက္ကယ္နည္းႏွင့္ သစ္ပင္ၿပိဳလဲၿပီးေနအိမ္အတြင္းပိတ္မိေနသူကို အသက္ကယ္နည္းမ်ားကို သရုပ္ျပလုပ္ေဆာင္ခဲ့ၾကျခင္းျဖစ္သည္။

"သဘာ၀ေဘးအႏၱရာယ္ပဲျဖစ္ျဖစ္၊ မီးေဘးအႏၱရာယ္ပဲျဖစ္ျဖစ္ ဘယ္လိုေဘးအႏၱရာယ္ပဲျဖစ္ျဖစ္ ကၽြန္ေတာ္တို႔ဘက္က အခ်ိန္မီ အသင့္ရိွပါတယ္။ ျပည္သူလူထုကလည္း မီးေဘးသတိမူေရးနဲ႔ ႀကိဳတင္ကာကြယ္ေရးမွာ ေတာ္ေတာ္မ်ားမ်ားလည္း သိရိွနားလည္လာၿပီလို႔ ယံုၾကည္ပါတယ္။ ကၽြန္ေတာ္တို႔ တပ္ဖြဲ႕အေနနဲ႔လည္း ႀကိဳတင္ကာကြယ္ေရးေတြကို အရိွန္အဟုန္ျမႇင့္ ေဆာင္ရြက္သြားမွာပါ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနမွ ဦးစီးအရာရိွ ဦးေအာင္ေဇာ္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မီးသတ္တပ္ဖြဲ႕စြမ္းရည္ျပလုပ္ေဆာင္သည့္အခမ္းအနားသို႔ နယ္ေျမခံတပ္ တာဝန္ရိွသူမ်ား၊ ေဒသတြင္း ဌာနဆုိင္ရာအသီးသီးမွ တာဝန္ရိွသူမ်ားႏွင့္အတူ လူမႈေရးအဖြဲ႕အစည္းမ်ား၊ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကျခင္းျဖစ္သည္။

မီးသတ္တပ္ဖြဲ႕ေန႔အျဖစ္ ျပည္ထဲေရးဝန္ႀကီးဌာနလက္ေအာက္ရိွ မီးသတ္ဦးစီးဌာနအသီးသီးက ေဒသအလုိက္ မီးသတ္စြမ္းရည္သရုပ္ျပျခင္းမ်ားကို လုပ္ေဆာင္ေနၾကျခင္းျဖစ္သည္။

"မီးသတ္တပ္ဖြဲ႕ဆိုတာ ႏိုင္ငံရဲ႕လိုအပ္ခ်က္ကေတာင္းဆိုလာလို႔ ေပၚေပါက္လာတဲ့အဖြဲ႕အစည္းျဖစ္တယ္ဆိုတာ သမိုင္းအေထာက္အထားေတြအရ အထင္အရွားေတြ႕ရပါတယ္။ ျပည္သူလူထုရဲ႕အသက္အိုးအိမ္စည္းစိမ္မ်ား၊ ႏိုင္ငံေတာ္အတြင္းက ကုန္ထုန္အရင္းအႏွီးေတြကို မီးေဘးအႏၱရာယ္က တားဆီးကာကြယ္ႏိုင္ေရးနဲ႔ သဘာဝေဘးအႏၱရာယ္အပါအဝင္ အျခားေသာေဘးအႏၱရာယ္က်ေရာက္တဲ့အခါ အေရးေပၚ ရွာေဖြကယ္ဆယ္ေရးတာဝန္ေတြေဆာင္ရြက္ဖို႔ ရည္ရြယ္ဖြဲ႕စည္းထားတဲ့ အဖြဲ႕အစည္း ျဖစ္ပါတယ္"ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္က အခမ္းအနားမိန္႔ခြန္းတြင္ ထည့္သြင္းေျပာၾကားသြားသည္။

တာခ်ီလိတ္ၿမိဳ႕နယ္တြင္ မီးသတ္ယာဥ္ (၆) စီး၊ ခရိုင္ႏွင့္ၿမိဳ႕နယ္တြင္ မီးသတ္ယာဥ္ (၁၀) စီး၊ သေႏၶတပ္ဖြဲ႕၀င္ (၃၂) ဦး၊ အရန္မီးသတ္တပ္ဖြဲ႕၀င္ (၁၀၀) ဦးရိွေၾကာင္းသိရၿပီး သရုပ္ျပမီးသတ္တပ္ဖြဲ႕ဝင္မ်ားအတြက္ တာခ်ီလိတ္ၿမိဳ႕ အေျခခ်စစ္ဗ်ဴဟာ၊ တာခ်ီလိတ္ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနႏွင့္ ဌာနဆိုင္ရာမ်ားက စုစုေပါင္း ဆုေငြ က်ပ္(၁၀) သိန္းခ်ီးျမႇင့္ခဲ့သည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
 (၇၃) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် တာချီလိတ်မီးသတ်တပ်ဖွဲ့က မီးသတ်စွမ်းရည်သရုပ်ပြ
*************
 (၇၃) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ မီးသတ်တပ်ဖွဲ့က ၂၀၁၉ ခုနှစ်၊ မေလ (၅)ရက်နေ့ နံနက်ပိုင်း၌ ရှမ်းရိုးမကွင်းအတွင်း သဘာဝဘေးအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများအပါအဝင် မီးသတ်စွမ်းရည်သရုပ်ပြကြသည်။

မီးသတ်တပ်ဖွဲ့ဝင်များက အမြင့်မှကြိုးဖြင့်ဆင်းပြီး အသက်ကယ်နည်း၊ ဓါတ်ငွေ့မီးလောင်မှုအား ငြိှမ်းသတ်နည်း၊ ဆီသိုလှောင်ကန် မီးလောင်မှုကို ငြိှမ်းသတ်နည်း၊ အထပ်မြင့်မှလူနာကို လှေကားဖြင့် အသက်ကယ်နည်းနှင့် သစ်ပင်ပြိုလဲပြီးနေအိမ်အတွင်းပိတ်မိနေသူကို အသက်ကယ်နည်းများကို သရုပ်ပြလုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

"သဘာဝဘေးအန္တရာယ်ပဲဖြစ်ဖြစ်၊ မီးဘေးအန္တရာယ်ပဲဖြစ်ဖြစ် ဘယ်လိုဘေးအန္တရာယ်ပဲဖြစ်ဖြစ် ကျွန်တော်တို့ဘက်က အချိန်မီ အသင့်ရှိပါတယ်။ ပြည်သူလူထုကလည်း မီးဘေးသတိမူရေးနဲ့ ကြိုတင်ကာကွယ်ရေးမှာ တော်တော်များများလည်း သိရှိနားလည်လာပြီလို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ တပ်ဖွဲ့အနေနဲ့လည်း ကြိုတင်ကာကွယ်ရေးတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမှာပါ"ဟု တာချီလိတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မီးသတ်တပ်ဖွဲ့စွမ်းရည်ပြလုပ်ဆောင်သည့်အခမ်းအနားသို့ နယ်မြေခံတပ် တာဝန်ရှိသူများ၊ ဒေသတွင်း ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ လူမှုရေးအဖွဲ့အစည်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြခြင်းဖြစ်သည်။

မီးသတ်တပ်ဖွဲ့နေ့အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ မီးသတ်ဦးစီးဌာနအသီးသီးက ဒေသအလိုက် မီးသတ်စွမ်းရည်သရုပ်ပြခြင်းများကို လုပ်ဆောင်နေကြခြင်းဖြစ်သည်။

"မီးသတ်တပ်ဖွဲ့ဆိုတာ နိုင်ငံရဲ့လိုအပ်ချက်ကတောင်းဆိုလာလို့ ပေါ်ပေါက်လာတဲ့အဖွဲ့အစည်းဖြစ်တယ်ဆိုတာ သမိုင်းအထောက်အထားတွေအရ အထင်အရှားတွေ့ရပါတယ်။ ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံတော်အတွင်းက ကုန်ထုန်အရင်းအနှီးတွေကို မီးဘေးအန္တရာယ်က တားဆီးကာကွယ်နိုင်ရေးနဲ့ သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသောဘေးအန္တရာယ်ကျရောက်တဲ့အခါ အရေးပေါ် ရှာဖွေကယ်ဆယ်ရေးတာဝန်တွေဆောင်ရွက်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

တာချီလိတ်မြို့နယ်တွင် မီးသတ်ယာဉ် (၆) စီး၊ ခရိုင်နှင့်မြို့နယ်တွင် မီးသတ်ယာဉ် (၁၀) စီး၊ သန္ဓေတပ်ဖွဲ့ဝင် (၃၂) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀၀) ဦးရှိကြောင်းသိရပြီး သရုပ်ပြမီးသတ်တပ်ဖွဲ့ဝင်များအတွက် တာချီလိတ်မြို့ အခြေချစစ်ဗျူဟာ၊ တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများက စုစုပေါင်း ဆုငွေ ကျပ်(၁၀) သိန်းချီးမြှင့်ခဲ့သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net