
မေ 1, 2019
By 🌸


Tachileik News Agency
Photo: ผู้บริหารจังหวัดเชียงราย

~~~~~~~~⊰❂ Unicode Version ~~~~~~~~
(၈)ကြိမ်မြောက် မြန်မာ၊ တရုတ်၊ လာအိုနှင့် ထိုင်း နယ်စပ်(၉)မြို့၏ အစည်းအဝေးကို လာအိုနိုင်ငံတွင် ကျင်းပ
************
၂၀၁၈ ခုနှစ်က တာချီလိတ်မြို့၌ အိမ်ရှင်အလှည့်ကျအဖြစ် ကျင်းပခဲ့သည့် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း လေးနိုင်ငံ၊ (၉)နယ်စပ်အစည်းအဝေး၏ အဌမအကြိမ်မြောက်အစည်းအဝေးကို လာအိုနိုင်ငံ၊ အူဒုမ်ဆန်တွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၃၀)ရက်နေ့က ကျင်းပသည်။

အဆိုပါအစည်းအဝေးမှာ မြန်မာ၊ ထိုင်း၊ တရုတ်နှင့် လာအို နိုင်ငံများမှ နယ်စပ်ဒေသအချင်းချင်း ကုန်သွယ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေး၊ ငြိမ်းချမ်းစွာနေထိုင်ရေးနှင့် အခြားဆက်သွယ်ဆောင်ရွက်နေသည့်လုပ်ငန်းများတွင် အပြန်အလှန်ပူးပေါင်းကူညီဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံအလိုက် အလှည့်ကျအစည်းအဝေးများ ကျင်းပဆွေးနွေးကြခြင်းဖြစ်ပြီး ဗီယက်နမ်နိုင်ငံက ၂၀၁၈ ခုနှစ် အစည်းအဝေးတွင် လေ့လာသူအဖြစ် တက်ရောက်ခွင့်ရခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Photo: ผู้บริหารจังหวัดเชียงราย

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net