ရန္ကုန္ေလဆိပ္တြင္ ေျပးလမ္းေခ်ာ္သည့္ ဘီမန္ေလယာဥ္၌ လုိက္ပါလာသူအားလံုး ဒဏ္ရာရၿပီး (၁၅)ဦး ေဆးရံုတင္ပို႔ထား

ရန္ကုန္ေလဆိပ္တြင္ ေျပးလမ္းေခ်ာ္သည့္ ဘီမန္ေလယာဥ္၌ လုိက္ပါလာသူအားလံုး ဒဏ္ရာရၿပီး (၁၅)ဦး ေဆးရံုတင္ပို႔ထား
မေ 8, 2019
By 🌸
ရန္ကုန္အျပည္ျပည္ဆုိင္ရာေလဆိပ္တြင္ ေျပးလမ္းေခ်ာ္သြားသည့္ ဘီမန္ဘဂၤလားေဒ့ရွ္ေလေၾကာင္းလုိင္းပိုင္ ခရီးစဥ္အမွတ္ BG-060 ေလယာဥ္တြင္ လုိက္ပါသြားသည့္ ခရီးသည္မ်ားႏွင့္ ေလယာဥ္ဝန္ထမ္းအားလံုး ထိခုိက္ဒဏ္ရာသြားၿပီး (၁၅)ဦးကို ေဆးရံုတင္ပို႔ထားေၾကာင္း သိရသည္။

ေလယာဥ္တြင္လုိက္ပါလာသည့္ ခရီးသည္ (၃၃)ဦးႏွင့္ ေလယာဥ္ဝန္ထမ္းအားလံုး ထိခိုက္ဒဏ္ရာရသြားကာ (၁၅)ဦးကို ေဆးရံုသို႔ပို႔ေဆာင္ထားရၿပီး စိုးရိမ္ရသည့္အေျခအေနမရိွေၾကာင္း ဘဂၤလားေဒ့ရွ္မွ တာဝန္ရိွသူတစ္ဦးက ေဒးလီးစတားသတင္းသို႔ ေျပာၾကားထားျခင္းျဖစ္သည္။

ဘဂၤလားေဒ့ရွ္ႏုိင္ငံ ဒါကာၿမိဳ႕ Hazrat Shah Jalal International Airport မွ ပ်ံသန္းလာသည့္ ဘီမန္ဘဂၤလားေဒ့ရွ္ေလေၾကာင္းလုိင္းပိုင္ ခရီးစဥ္အမွတ္ BG-060 ေလယာဥ္သည္ ၂၀၁၉ ခုႏွစ္၊ ေမလ (၈)ရက္ေန႔ ညေန (၆) နာရီ မိနစ္ (၅၀)ခန္႔က ရန္ကုန္အျပည္ျပည္ဆုိင္ရာေလဆိပ္တြင္ ရာသီဥတုေၾကာင့္ လမ္းေခ်ာ္သြားၿပီး ေလယာဥ္မွာ ဆိုးဝါးစြာပ်က္စီးသြားေၾကာင္း သိရသည္။

Tachileik News Agenc
Ref: Daily Star

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရန်ကုန်လေဆိပ်တွင် ပြေးလမ်းချော်သည့် ဘီမန်လေယာဉ်၌ လိုက်ပါလာသူအားလုံး ဒဏ်ရာရပြီး (၁၅)ဦး ဆေးရုံတင်ပို့ထား
***********
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြေးလမ်းချော်သွားသည့် ဘီမန်ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်းပိုင် ခရီးစဉ်အမှတ် BG-060 လေယာဉ်တွင် လိုက်ပါသွားသည့် ခရီးသည်များနှင့် လေယာဉ်ဝန်ထမ်းအားလုံး ထိခိုက်ဒဏ်ရာသွားပြီး (၁၅)ဦးကို ဆေးရုံတင်ပို့ထားကြောင်း သိရသည်။

လေယာဉ်တွင်လိုက်ပါလာသည့် ခရီးသည် (၃၃)ဦးနှင့် လေယာဉ်ဝန်ထမ်းအားလုံး ထိခိုက်ဒဏ်ရာရသွားကာ (၁၅)ဦးကို ဆေးရုံသို့ပို့ဆောင်ထားရပြီး စိုးရိမ်ရသည့်အခြေအနေမရှိကြောင်း ဘင်္ဂလားဒေ့ရှ်မှ တာဝန်ရှိသူတစ်ဦးက ဒေးလီးစတားသတင်းသို့ ပြောကြားထားခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ Hazrat Shah Jalal International Airport မှ ပျံသန်းလာသည့် ဘီမန်ဘင်္ဂလားဒေ့ရှ်လေကြောင်းလိုင်းပိုင် ခရီးစဉ်အမှတ် BG-060 လေယာဉ်သည် ၂၀၁၉ ခုနှစ်၊ မေလ (၈)ရက်နေ့ ညနေ (၆) နာရီ မိနစ် (၅၀)ခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရာသီဥတုကြောင့် လမ်းချော်သွားပြီး လေယာဉ်မှာ ဆိုးဝါးစွာပျက်စီးသွားကြောင်း သိရသည်။

Tachileik News Agenc
Ref: Daily Star

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net