(၉၅)ႀကိမ္ေျမာက္ ျမန္မာ - ထုိင္း ၿမိဳ႕နယ္အဆင့္နယ္ျခားေကာ္မတီအစည္းအေဝး တာခ်ီလိတ္တြင္ က်င္းပ

(၉၅)ႀကိမ္ေျမာက္ ျမန္မာ - ထုိင္း ၿမိဳ႕နယ္အဆင့္နယ္ျခားေကာ္မတီအစည္းအေဝး တာခ်ီလိတ္တြင္ က်င္းပ
မေ 1, 2019
By 🌸
ျမန္မာ - ထုိင္းနယ္စပ္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ႏွင့္ ထိုင္းႏုိင္ငံ၊ မယ္ဆိုင္ၿမိဳ႕ၾကား (၉၅)ႀကိမ္ေျမာက္ ျမန္မာ - ထုိင္း ၿမိဳ႕နယ္အဆင့္ နယ္ျခားေကာ္မတီကို ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၃၀)ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕တြင္ က်င္းပသည္။

အဆိုပါအစည္းအေဝးတြင္ ႏွစ္ႏုိင္ငံနယ္နမိတ္ေခ်ာင္းျဖစ္သည့္ မယ္ဆုိင္မယ္ေဟာက္ေခ်ာင္းေဘးတြင္ ျမန္မာႏုိင္ငံဘက္မွ ေျမထိန္းနံရံတည္ေဆာက္ေနမႈ၊ ထုိင္းဘက္မွ အသိမေပးဘဲ ေရသြယ္ေျမာင္းေဟာင္းမ်ားျပဳျပင္၍ ေရရယူေနမႈ၊ ႏွစ္ႏုိင္ငံမွ ေခ်ာင္းေဘးတစ္ေလွ်ာက္ေနထိုင္သူမ်ားက အေဆာက္အဦမ်ားကို ေခ်ာင္းအတြင္းဘက္က်ဴးေက်ာ္တည္ေဆာက္ေနမႈ၊ ႏွစ္ႏုိင္ငံနယ္စပ္ေဒသမ်ားတြင္ ကာလၾကာျမင့္စြာခံစားခဲ့ရသည့္ မီးခိုးျမဴထူထပ္စြာ ပိတ္ဆို႔မႈႏွင့္ ေလထုညစ္ညမ္းမႈႏွင့္ပတ္သက္၍ ႏွစ္ႏုိင္ငံမွ ေတာင္ယာမီးရိႈ႕မႈမ်ားအား ထိန္းသိမ္းရန္ႏွင့္ မီးတားလမ္းစီမံခ်က္၊ ျမန္မာႏုိင္ငံမွ စိုက္ပ်ိဳးေရးထြက္ကုန္ႏွင့္ လယ္ယာထြက္ကုန္မ်ား တင္ပို႔ေရးကိစၥႏွင့္ ႏွစ္ႏုိင္ငံ တရားခံေျပးမ်ား အျပန္အလွန္ဖမ္းဆီးေပးေရးတုိ႔ကို ေဆြးေႏြးခဲ့ၾကသည္။

အဆုိပါအစည္းအေဝးကို ႏွစ္ႏုိင္ငံ အလွည့္က်က်င္းပေနျခင္းျဖစ္ၿပီး (၉၅)ႀကိမ္ေျမာက္ကို ျမန္မာက အလွည့္က်အျဖစ္ တာခ်ီလိတ္ၿမိဳ႕ရိွ ေရႊနန္းေတာ္ကုန္တုိက္တြင္က်င္းပရာ ထုိင္းႏုိင္ငံ မယ္ဆုိင္ဘက္မွ (၄၇)ဦးပါဝင္သည့္ ကိုယ္စားလွယ္အဖြဲ႕ႏွင့္ ျမန္မာႏုိင္ငံ တာခ်ီလိတ္ဘက္မွ ေလ့လာသူ (၂၀)ဦးအပါအဝင္ (၂၅)ဦးပါဝင္သည့္ ကိုယ္စားလွယ္အဖြဲ႕တုိ႔ ေဆြးေႏြးခဲ့ၾကျခင္းျဖစ္သည္။

Tachileik News Agency

Photo: Maesai Police

~~~~~~~~⊰❂ Unicode Version ~~~~~~~~
(၉၅)ကြိမ်မြောက် မြန်မာ - ထိုင်း မြို့နယ်အဆင့်နယ်ခြားကော်မတီအစည်းအဝေး တာချီလိတ်တွင် ကျင်းပ
***************
မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ကြား (၉၅)ကြိမ်မြောက် မြန်မာ - ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၃၀)ရက်နေ့က တာချီလိတ်မြို့တွင် ကျင်းပသည်။

အဆိုပါအစည်းအဝေးတွင် နှစ်နိုင်ငံနယ်နမိတ်ချောင်းဖြစ်သည့် မယ်ဆိုင်မယ်ဟောက်ချောင်းဘေးတွင် မြန်မာနိုင်ငံဘက်မှ မြေထိန်းနံရံတည်ဆောက်နေမှု၊ ထိုင်းဘက်မှ အသိမပေးဘဲ ရေသွယ်မြောင်းဟောင်းများပြုပြင်၍ ရေရယူနေမှု၊ နှစ်နိုင်ငံမှ ချောင်းဘေးတစ်လျှောက်နေထိုင်သူများက အဆောက်အဦများကို ချောင်းအတွင်းဘက်ကျူးကျော်တည်ဆောက်နေမှု၊ နှစ်နိုင်ငံနယ်စပ်ဒေသများတွင် ကာလကြာမြင့်စွာခံစားခဲ့ရသည့် မီးခိုးမြူထူထပ်စွာ ပိတ်ဆို့မှုနှင့် လေထုညစ်ညမ်းမှုနှင့်ပတ်သက်၍ နှစ်နိုင်ငံမှ တောင်ယာမီးရှို့မှုများအား ထိန်းသိမ်းရန်နှင့် မီးတားလမ်းစီမံချက်၊ မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်နှင့် လယ်ယာထွက်ကုန်များ တင်ပို့ရေးကိစ္စနှင့် နှစ်နိုင်ငံ တရားခံပြေးများ အပြန်အလှန်ဖမ်းဆီးပေးရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါအစည်းအဝေးကို နှစ်နိုင်ငံ အလှည့်ကျကျင်းပနေခြင်းဖြစ်ပြီး (၉၅)ကြိမ်မြောက်ကို မြန်မာက အလှည့်ကျအဖြစ် တာချီလိတ်မြို့ရှိ ရွှေနန်းတော်ကုန်တိုက်တွင်ကျင်းပရာ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ (၄၇)ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံ တာချီလိတ်ဘက်မှ လေ့လာသူ (၂၀)ဦးအပါအဝင် (၂၅)ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

Tachileik News Agency
Photo: Maesai Police

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net