လားရိႈးႏွင့္ သီေပါအက်ဥ္းေထာင္မ်ားတြင္ ART ေဆးလံုေလာက္စြာရရိွေရးအပါအဝင္ အႀကံျပဳခ်က္မ်ား တင္ျပထား

လားရိႈးႏွင့္ သီေပါအက်ဥ္းေထာင္မ်ားတြင္ ART ေဆးလံုေလာက္စြာရရိွေရးအပါအဝင္ အႀကံျပဳခ်က္မ်ား တင္ျပထား
မေ 1, 2019
By 🌸
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရိႈးၿမိဳ႕ႏွင့္ သီေပါၿမိဳ႕ရိွ အက်ဥ္းေထာင္မ်ားတြင္ ART ေဆးလံုေလာက္စြာရရိွရန္၊ အသက္ေမြးဝမ္းေၾကာင္းပညာသင္ၾကားခြင့္တိုး၍ရရန္ႏွင့္ စာဖတ္ခြင့္ရေရးတုိ႔ကို လုပ္ေဆာင္ရန္ ျမန္မာနိုင္ငံ အမ်ိဳးသားလူ႕အခြင့္အေရးေကာ္မရွင္က ျပည္ထဲေရးဝန္ႀကီးဌာနထံ အႀကံျပဳတင္ျပထားေၾကာင္း သိရသည္။

အဆိုပါအက်ဥ္းေထာင္မ်ားအား ျမန္မာနိုင္ငံ အမ်ိဳးသားလူ႕အခြင့္အေရးေကာ္မရွင္အဖြဲ႔က ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၃) ရက္ေန႕မွ (၂၆) ရက္ေန႔အထိ သြားေရာက္စစ္ေဆးခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။
ဝန္ႀကီးဌာနသို႔တင္ျပထားသည့္ အႀကံျပဳခ်က္မ်ားတြင္ သီေပါအက်ဥ္းေထာင္၌ အက်ဥ္းသားမ်ား စာဖတ္ထားသည့္အေၾကာင္းအရာမ်ားကို ဝါသနာတူမ်ားစု၍ ေဟာေျပာပြဲျပဳလုပ္ႏုိင္ေရး၊
အသက္ေမြးဝမ္းေၾကာင္းပညာသင္တန္းမ်ား ယခုထက္ ပိုမို ဖြင့္လွစ္နိုင္ေရး၊ လွ်ပ္စစ္မီးအား သုံးစြဲမႈ လုံေလာက္မႈမရွိျခင္းကို အျမန္ေျဖရွင္းရန္တုိ႔ကို အႀကံျပဳထားေၾကာင္း သိရသည္။

လားရိႈးအက်ဥ္းေထာင္တြင္ အက်ဥ္းသားဦးေရမ်ားျပားၿပီး က်ပ္တည္းေနသျဖင့္ အခ်ိဳ႕ကို သီေပါအက်ဥ္းေထာင္သို႔ ေရႊ႕ေျပာင္းႏုိင္ရန္၊ ART ေဆးမရရွိေသးသည့္ HIV ေရာဂါသည္အက်ဥ္းသား (၃၂) ဦးအတြက္ ART ေဆး ရရွိေရးအတြက္ သက္ဆိုင္ရာ က်န္းမာေရးဦးစီးဌာနႏွင့္ အျမန္ဆုံး ညွိႏွိုင္း ေဆာင္ရြက္ရန္၊ ေန႕စဥ္ထုတ္ သတင္းစာ၊ ဂ်ာနယ္မ်ားကို အက်ဥ္းသားအိပ္ေဆာင္တိုင္း ဖတ္ရႈနိုင္ေရး မွာယူျဖန႔္ေဝေပးရန္၊  အက်ဥ္းသားအမ်ားစု စိတ္ဝင္စားေနသည့္ နိုင္ငံေတာ္သမၼတ၏ လြတ္ၿငိမ္းသက္သာခြင့္အပါအဝင္ အက်ဥ္းသားမ်ားႏွင့္ သက္ဆိုင္ေသာ နိုင္ငံေတာ္မွထုတ္ျပန္သည့္ တရားဝင္ အမိန႔္မ်ားကို အက်ဥ္းသား အိပ္ေဆာင္တိုင္းရွိ ေၾကာ္ျငာသင္ပုန္းမ်ားတြင္ ကပ္ထားနိုင္ေရး ေဆာင္ရြက္ေပးသင့္ေၾကာင္း အႀကံျပဳထားသည္ဟု သိရသည္။

ျမန္မာနိုင္ငံ အမ်ိဳးသား လူ႕အခြင့္အေရး ေကာ္မရွင္သည္ ႏုိင္ငံတစ္ဝန္းရိွ အခ်ဳပ္ခန္း၊ အက်ဥ္းေထာင္မ်ားအား လုိက္လံစစ္ေဆးၿပီး အႀကံျပဳခ်က္မ်ားကို သက္ဆုိင္ရာဝန္ႀကီးဌာနထံ တင္ျပေပးေနျခင္းျဖစ္သည္။

Tachileik News Agency
Photo: MHRC

~~~~~~~~⊰❂ Unicode Version ~~~~~~~~
လားရှိုးနှင့် သီပေါအကျဉ်းထောင်များတွင် ART ဆေးလုံလောက်စွာရရှိရေးအပါအဝင် အကြံပြုချက်များ တင်ပြထား
********
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နှင့် သီပေါမြို့ရှိ အကျဉ်းထောင်များတွင် ART ဆေးလုံလောက်စွာရရှိရန်၊ အသက်မွေးဝမ်းကြောင်းပညာသင်ကြားခွင့်တိုး၍ရရန်နှင့် စာဖတ်ခွင့်ရရေးတို့ကို လုပ်ဆောင်ရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပြည်ထဲရေးဝန်ကြီးဌာနထံ အကြံပြုတင်ပြထားကြောင်း သိရသည်။

အဆိုပါအကျဉ်းထောင်များအား မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့က ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့မှ (၂၆) ရက်နေ့အထိ သွားရောက်စစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဝန်ကြီးဌာနသို့တင်ပြထားသည့် အကြံပြုချက်များတွင် သီပေါအကျဉ်းထောင်၌ အကျဉ်းသားများ စာဖတ်ထားသည့်အကြောင်းအရာများကို ဝါသနာတူများစု၍ ဟောပြောပွဲပြုလုပ်နိုင်ရေး၊
အသက်မွေးဝမ်းကြောင်းပညာသင်တန်းများ ယခုထက် ပိုမို ဖွင့်လှစ်နိုင်ရေး၊ လျှပ်စစ်မီးအား သုံးစွဲမှု လုံလောက်မှုမရှိခြင်းကို အမြန်ဖြေရှင်းရန်တို့ကို အကြံပြုထားကြောင်း သိရသည်။

လားရှိုးအကျဉ်းထောင်တွင် အကျဉ်းသားဦးရေများပြားပြီး ကျပ်တည်းနေသဖြင့် အချို့ကို သီပေါအကျဉ်းထောင်သို့ ရွှေ့ပြောင်းနိုင်ရန်၊ ART ဆေးမရရှိသေးသည့် HIV ရောဂါသည်အကျဉ်းသား (၃၂) ဦးအတွက် ART ဆေး ရရှိရေးအတွက် သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနနှင့် အမြန်ဆုံး ညှိနှိုင်း ဆောင်ရွက်ရန်၊ နေ့စဉ်ထုတ် သတင်းစာ၊ ဂျာနယ်များကို အကျဉ်းသားအိပ်ဆောင်တိုင်း ဖတ်ရှုနိုင်ရေး မှာယူဖြန့်ဝေပေးရန်၊  အကျဉ်းသားအများစု စိတ်ဝင်စားနေသည့် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်အပါအဝင် အကျဉ်းသားများနှင့် သက်ဆိုင်သော နိုင်ငံတော်မှထုတ်ပြန်သည့် တရားဝင် အမိန့်များကို အကျဉ်းသား အိပ်ဆောင်တိုင်းရှိ ကြော်ငြာသင်ပုန်းများတွင် ကပ်ထားနိုင်ရေး ဆောင်ရွက်ပေးသင့်ကြောင်း အကြံပြုထားသည်ဟု သိရသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် နိုင်ငံတစ်ဝန်းရှိ အချုပ်ခန်း၊ အကျဉ်းထောင်များအား လိုက်လံစစ်ဆေးပြီး အကြံပြုချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနထံ တင်ပြပေးနေခြင်းဖြစ်သည်။

Tachileik News Agency
Photo: MHRC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net