တာခ်ီလိတ္တြင္ မူးယစ္သတင္းရေနအိမ္မွ ဘိန္းစိမ္းႏွင့္ဘိန္းျဖဴမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ မူးယစ္သတင္းရေနအိမ္မွ ဘိန္းစိမ္းႏွင့္ဘိန္းျဖဴမ်ား ဖမ္းဆီးရမိ
မေ 4, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ ပါေကြ႕(အထက္)ရြာမွ မူးယစ္သတင္းရေနအိမ္အား ဝင္ေရာက္ဖမ္းဆီးရာ ဘိန္းစိမ္း(၁)ကီလိုခန္႔ႏွင့္ ဘိန္းျဖဴ (၃.၅)ဂရမ္ခန္႔ကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု (၃၀)မွတပ္ဖြဲ႕ဝင္မ်ား၊ နယ္ေျမခံတပ္ႏွင့္ သက္ဆုိင္ရာ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ ၂၀၁၉ ခုႏွစ္၊ ေမလ (၃)ရက္ေန႔ ေန႔လယ္ (၁၂)နာရီ (၄၅)မိနစ္ဝန္းက်င္တြင္ မူးယစ္သတင္းရထားသည့္  လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ ပါေကြ႕(အထက္)ရြာရိွ အားလြန္၏ေနအိမ္အား ဝင္ေရာက္ရွာေဖြျခင္းျဖစ္ေၾကာင္း သိရသည္။

အဆုိပါေနအိမ္မွ ဘိန္းစိမ္းအေစးအခဲ (၁)ကီလိုခန္႔ႏွင့္ အေလးခ်ိန္ (၀.၇)ဂရမ္ခန္႔စီ ဗူးမ်ားျဖင့္ခြဲ၍ထည့္ထားသည့္ ဘိန္းျဖဴ စုစုေပါင္းအေလးခ်ိန္ (၃.၅)ဂရမ္ခန္႔ကို သိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းမိသည့္ အားလြန္ကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၅၆/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)အရအမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် မူးယစ်သတင်းရနေအိမ်မှ ဘိန်းစိမ်းနှင့်ဘိန်းဖြူများ ဖမ်းဆီးရမိ
****************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ပါကွေ့(အထက်)ရွာမှ မူးယစ်သတင်းရနေအိမ်အား ဝင်ရောက်ဖမ်းဆီးရာ ဘိန်းစိမ်း(၁)ကီလိုခန့်နှင့် ဘိန်းဖြူ (၃.၅)ဂရမ်ခန့်ကို ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု (၃၀)မှတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ၂၀၁၉ ခုနှစ်၊ မေလ (၃)ရက်နေ့ နေ့လယ် (၁၂)နာရီ (၄၅)မိနစ်ဝန်းကျင်တွင် မူးယစ်သတင်းရထားသည့်  လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ပါကွေ့(အထက်)ရွာရှိ အားလွန်၏နေအိမ်အား ဝင်ရောက်ရှာဖွေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါနေအိမ်မှ ဘိန်းစိမ်းအစေးအခဲ (၁)ကီလိုခန့်နှင့် အလေးချိန် (၀.၇)ဂရမ်ခန့်စီ ဗူးများဖြင့်ခွဲ၍ထည့်ထားသည့် ဘိန်းဖြူ စုစုပေါင်းအလေးချိန် (၃.၅)ဂရမ်ခန့်ကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် အားလွန်ကို တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၅၆/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)အရအမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net