အုိင္ဗရီကို႔စ္ႏုိင္ငံတြင္ ဖ်က္ဆီးခံရသည့္ျမန္မာ့ဆန္မ်ားႏွင့္ပတ္သက္၍ ဝန္ႀကီးဌာန၏ ဆန္းစစ္ေတြ႔ရိွခ်က္ကို မၾကာမီ ထုတ္ျပန္ႏုိင္ဖြယ္ရိွ

အုိင္ဗရီကို႔စ္ႏုိင္ငံတြင္ ဖ်က္ဆီးခံရသည့္ျမန္မာ့ဆန္မ်ားႏွင့္ပတ္သက္၍ ဝန္ႀကီးဌာန၏ ဆန္းစစ္ေတြ႔ရိွခ်က္ကို မၾကာမီ ထုတ္ျပန္ႏုိင္ဖြယ္ရိွ
မေ 3, 2019
By 🌸
အုိင္ဗရီကို႔စ္ႏုိင္ငံတြင္ ျမန္မာ့ဆန္မ်ား စားသံုးရန္မသင့္ဟုဆိုကာ ဖ်က္ဆီးခံရမႈႏွင့္ပတ္သက္၍ ဆန္တင္ပို႔ခဲ့ရာ လမ္းေၾကာင္းတေလွ်ာက္အေျခအေနမ်ားကို စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ျပန္လည္ဆန္းစစ္ေနၿပီး ေတြ႔ရိွရသည့္ရလဒ္ကို မၾကာမီ အမ်ားျပည္သူသို႔ ထုတ္ျပန္ အသိေပးသြားမည္ျဖစ္ေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း ဒုတိယဝန္ႀကီးက လႊတ္ေတာ္တြင္ ေျဖၾကားထားသည္။

ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ (၁၂)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး ပထမေန႔ျဖစ္သည့္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၉)ရက္ေန႔တြင္ သနပ္ပင္ မဲဆႏၵနယ္မွ ဦးျမင့္ဦးကေမးျမန္းမႈကို စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း ဒုတိယဝန္ႀကီး ဦးလွေက်ာ္က ယင္းကဲ့သို႔ ေျဖၾကားသြားခဲ့ျခင္းျဖစ္သည္။

အိုင္ဗရီကို႔စ္နုိင္ငံတြင္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၇)ရက္ေန႔က စားသံုးရန္မသင့္ဟုဆိုကာ ဖ်က္ဆီးခံရသည့္ဆန္မ်ားမွာ ေရွြဝါေရာင္ကုမၸဏီမွ မက္ထရစ္ တန္ (၁၃၅၀၀) ၊ MEC  မွ မက္ထရစ္တန္ (၈၀၀၀)ႏွင့္ ဧရာဟသၤာကုမၸဏီမွ မက္ထရစ္တန္ (၅၀၀)တို႔ကို ရန္ကုန္အေျခစိုက္ စင္ကာပူကုမၸဏီတစ္ခုျဖစ္သည့္ Olam International Co. Ltd. က ဝယ္ယူတင္ပို႔ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အာဖရိကႏုိင္ငံ ဂီနီသို႔ တင္ပို႔စဥ္ ကီလိုမျပည့္၍ လက္မခံသျဖင့္ ဆန္တင္ပို႔သည့္ကုမၸဏီက ျမန္မာႏုိင္ငံသို႔ ျပန္လည္တင္ပို႔ခြင့္တင္ျပထားသည့္ဆန္မ်ားကို အုိင္ဗရီကို႔စ္ႏုိင္ငံတြင္ ဖ်က္ဆီးခံလုိက္ရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါသတင္းေၾကာင့္ ကမၻာ့ဆန္ေစ်းကြက္တြင္ ၂၀၁၈ ခုႏွစ္အတြင္းက ပဥၥမေျမာက္အမ်ားဆံုး တင္ပို႔သည့္ႏုိင္ငံအျဖစ္ ေစ်းကြက္ရခဲ့သည့္ ျမန္မာ့ဆန္အတြက္ ထိခိုက္မႈမရိွေစရန္ ျဖစ္ပြားရသည့္ အေၾကာင္းရင္းကို သက္ဆုိ္င္ရာဝန္ႀကီးဌာနက သက္ဆုိင္ရာအသင္းအဖြဲ႕မ်ား၊ ကုမၸဏီမ်ားႏွင့္ ျပန္လည္ဆန္းစစ္ျခင္းကို လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
အိုင်ဗရီကို့စ်နိုင်ငံတွင် ဖျက်ဆီးခံရသည့်မြန်မာ့ဆန်များနှင့်ပတ်သက်၍ ဝန်ကြီးဌာန၏ ဆန်းစစ်တွေ့ရှိချက်ကို မကြာမီ ထုတ်ပြန်နိုင်ဖွယ်ရှိ
***********
အိုင်ဗရီကို့စ်နိုင်ငံတွင် မြန်မာ့ဆန်များ စားသုံးရန်မသင့်ဟုဆိုကာ ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ ဆန်တင်ပို့ခဲ့ရာ လမ်းကြောင်းတလျှောက်အခြေအနေများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြန်လည်ဆန်းစစ်နေပြီး တွေ့ရှိရသည့်ရလဒ်ကို မကြာမီ အများပြည်သူသို့ ထုတ်ပြန် အသိပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒုတိယဝန်ကြီးက လွှတ်တော်တွင် ဖြေကြားထားသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့တွင် သနပ်ပင် မဲဆန္ဒနယ်မှ ဦးမြင့်ဦးကမေးမြန်းမှုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒုတိယဝန်ကြီး ဦးလှကျော်က ယင်းကဲ့သို့ ဖြေကြားသွားခဲ့ခြင်းဖြစ်သည်။

အိုင်ဗရီကို့စ်နိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၇)ရက်နေ့က စားသုံးရန်မသင့်ဟုဆိုကာ ဖျက်ဆီးခံရသည့်ဆန်များမှာ ရွှေဝါရောင်ကုမ္ပဏီမှ မက်ထရစ် တန် (၁၃၅၀၀) ၊ MEC  မှ မက်ထရစ်တန် (၈၀၀၀)နှင့် ဧရာဟင်္သာကုမ္ပဏီမှ မက်ထရစ်တန် (၅၀၀)တို့ကို ရန်ကုန်အခြေစိုက် စင်ကာပူကုမ္ပဏီတစ်ခုဖြစ်သည့် Olam International Co. Ltd. က ဝယ်ယူတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာဖရိကနိုင်ငံ ဂီနီသို့ တင်ပို့စဉ် ကီလိုမပြည့်၍ လက်မခံသဖြင့် ဆန်တင်ပို့သည့်ကုမ္ပဏီက မြန်မာနိုင်ငံသို့ ပြန်လည်တင်ပို့ခွင့်တင်ပြထားသည့်ဆန်များကို အိုင်ဗရီကို့စ်နိုင်ငံတွင် ဖျက်ဆီးခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသတင်းကြောင့် ကမ္ဘာ့ဆန်စျေးကွက်တွင် ၂၀၁၈ ခုနှစ်အတွင်းက ပဥ္စမမြောက်အများဆုံး တင်ပို့သည့်နိုင်ငံအဖြစ် စျေးကွက်ရခဲ့သည့် မြန်မာ့ဆန်အတွက် ထိခိုက်မှုမရှိစေရန် ဖြစ်ပွားရသည့် အကြောင်းရင်းကို သက်ဆို်င်ရာဝန်ကြီးဌာနက သက်ဆိုင်ရာအသင်းအဖွဲ့များ၊ ကုမ္ပဏီများနှင့် ပြန်လည်ဆန်းစစ်ခြင်းကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net