၂၀၁၉ ခုႏွစ္ ျမန္မာႏွစ္သစ္ကူးအထိမ္းအမွတ္ ျပစ္ဒဏ္လြတ္ၿငိမ္းသက္သာခြင့္ရသူ (၆,၅၂၀)ဦး ထပ္တိုးလာသျဖင့္ စုစုေပါင္း လြတ္ၿငိမ္းသက္သာခံစားရသူ (၂၃,၀၁၉)ဦးရိွလာ

၂၀၁၉ ခုႏွစ္ ျမန္မာႏွစ္သစ္ကူးအထိမ္းအမွတ္ ျပစ္ဒဏ္လြတ္ၿငိမ္းသက္သာခြင့္ရသူ (၆,၅၂၀)ဦး ထပ္တိုးလာသျဖင့္ စုစုေပါင္း လြတ္ၿငိမ္းသက္သာခံစားရသူ (၂၃,၀၁၉)ဦးရိွလာ
မေ 7, 2019
By Tachileik News Agency

ႏိုင္ငံေတာ္သမၼတက ယခုႏွစ္ျမန္မာႏွစ္သစ္ကူးအထိမ္းအမွတ္ ျပစ္ဒဏ္လြတ္ၿငိမ္းသက္သာခြင့္ေပးျခင္း တတိယအႀကိမ္အျဖစ္ ၂၀၁၉ ခုႏွစ္၊ ေမလ (၇)ရက္ေန႔တြင္ အက်ဥ္းသား၊အက်ဥ္းသူ (၆,၅၂၀)ဦးကို လႊတ္ေပးလုိက္သျဖင့္ ယခုႏွစ္အတြင္း စုစုေပါင္း (၂၃,၀၁၉)ဦး လြတ္ၿငိမ္းသက္သာခြင့္ရသြားျခင္းျဖစ္သည္။

ႏုိင္ငံေတာ္သမၼတရံုး၏ ေမလ (၇)ရက္ေန႔ထုတ္ရက္စြဲျဖင့္ ထုတ္ျပန္သည့္ အမိန္႔အမွတ္ ၁၆/၂၀၁၉ ျဖင့္ အက်ဥ္းသား၊ အက်ဥ္းသူ စုစုေပါင္း (၆,၅၂၀)ဦးကို လြတ္ၿငိမ္းသက္သာခြင့္ေပးလုိက္ျခင္းျဖစ္ၿပီး၊ ဧၿပီလ (၂၆)ရက္ေန႔ ရက္စြဲျဖင့္ ထုတ္ျပန္သည့္ အမိန္႔အမွတ္ ၁၅/၂၀၁၉ ျဖင့္ အက်ဥ္းသား၊အက်ဥ္းသူ (၆,၉၄၈)ဦးတို႔ကို စည္းကမ္း သတ္မွတ္ခ်က္မထားဘဲ လြတ္ၿငိမ္းသက္သာခြင့္ေပးခဲ့ျခင္း ျဖစ္သည္။

ျမန္မာႏွစ္ဆန္း(၁)ရက္ေန႔ျဖစ္သည့္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၇)ရက္ေန႔ကလည္း ႏိုင္ငံေတာ္သမၼတ၏ ျပစ္ဒဏ္လြတ္ၿငိမ္းသက္သာခြင့္ကို ႏုိင္ငံသားအက်ဥ္းသား (၉,၅၃၅)ဦးႏွင့္ ႏုိင္ငံျခားသား အက်ဥ္းသား (၁၆)ဦး စုစုေပါင္း (၉,၅၅၁)ဦးကို ခံစားခြင့္ျပဳခဲ့ျခင္းျဖစ္သည္။

ျမန္မာႏွစ္သစ္ကူးအထိမ္းအမွတ္အျဖစ္ ႏိုင္ငံေတာ္သမၼတ၏ ျပစ္ဒဏ္လြတ္ၿငိမ္းသက္သာခြင့္ျဖင့္ အက်ဥ္းသားမ်ားအား စိစစ္၍ ခံစားခြင့္ျပဳေလ့ရိွရာ ၂၀၁၈ ခုႏွစ္ ျမန္မာႏွစ္သစ္ကူးအထိမ္းအမွတ္အျဖစ္ လြတ္ၿငိမ္းသက္သာခြင့္ကို အက်ဥ္းသား (၈,၅၄၁)ဦး ခံစားခြင့္ရခဲ့ျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

နိုင်ငံတော်သမ္မတက ယခုနှစ်မြန်မာနှစ်သစ်ကူးအထိမ်းအမှတ် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးခြင်း တတိယအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်၊ မေလ (၇)ရက်နေ့တွင် အကျဉ်းသား၊အကျဉ်းသူ (၆,၅၂၀)ဦးကို လွှတ်ပေးလိုက်သဖြင့် ယခုနှစ်အတွင်း စုစုပေါင်း (၂၃,ဝ၁၉)ဦး လွတ်ငြိမ်းသက်သာခွင့်ရသွားခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတရုံး၏ မေလ (၇)ရက်နေ့ထုတ်ရက်စွဲဖြင့် ထုတ်ပြန်သည့် အမိန့်အမှတ် ၁၆/၂၀၁၉ ဖြင့် အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း (၆,၅၂၀)ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ခြင်းဖြစ်ပြီး၊ ဧပြီလ (၂၆)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် အမိန့်အမှတ် ၁၅/၂၀၁၉ ဖြင့် အကျဉ်းသား၊အကျဉ်းသူ (၆,၉၄၈)ဦးတို့ကို စည်းကမ်း သတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

မြန်မာနှစ်ဆန်း(၁)ရက်နေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၇)ရက်နေ့ကလည်း နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ကို နိုင်ငံသားအကျဉ်းသား (၉,၅၃၅)ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား (၁၆)ဦး စုစုပေါင်း (၉,၅၅၁)ဦးကို ခံစားခွင့်ပြုခဲ့ခြင်းဖြစ်သည်။

မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသားများအား စိစစ်၍ ခံစားခွင့်ပြုလေ့ရှိရာ ၂၀၁၈ ခုနှစ် မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းသက်သာခွင့်ကို အကျဉ်းသား (၈,၅၄၁)ဦး ခံစားခွင့်ရခဲ့ခြင်းဖြစ်သည်။

Tachileik News Agency 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net