တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းအတြင္း ဆိုင္ကယ္ေမာင္းလိုင္စင္ ကြင္းဆင္းေဆာင္ရြက္ေပးရာ တစ္ေန႔အတြင္း (၁၄၅)ဦး လုိင္စင္ေလွ်ာက္ထား

တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းအတြင္း ဆိုင္ကယ္ေမာင္းလိုင္စင္ ကြင္းဆင္းေဆာင္ရြက္ေပးရာ တစ္ေန႔အတြင္း (၁၄၅)ဦး လုိင္စင္ေလွ်ာက္ထား
မေ 14, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းအတြင္း ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနက ၂၀၁၉ ခုႏွစ္ ေမလ (၁၄) ရက္ေန႔တြင္ ကြင္းဆင္းေဆာင္ရြက္ေပးခဲ့ရာ ဆုိင္ကယ္ယာဥ္ေမာင္းလုိင္စင္ျပဳလုပ္သူ (၁၄၅) ဦးရိွေၾကာင္း သိရသည္။

"အဓိက ရည္ရြယ္ခ်က္ကေတာ့ ဘာလဲဆိုလို႔ရိွရင္ အမ်ိဳးသားယာဥ္အႏၱရာယ္၊ လမ္းအႏၱရာယ္ ကင္းရွင္းေရးေကာင္စီရဲ႕ ရည္ရြယ္ခ်က္ (၅) ခ်က္ထဲကေန တစ္ခ်က္ျဖစ္တဲ့ ၂၀၂၀ ခုႏွစ္က်လို႔ရိွရင္ ေမာ္ေတာ္ဆိုင္ကယ္ေမာင္းသူတိုင္း ယာဥ္ေမာင္းလိုင္စင္ရိွရမယ္ဆိုတဲ့ ရည္ရြယ္ခ်က္ျဖစ္တယ္။ အဲဒီရည္ရြယ္ခ်က္ေၾကာင့္ တာခ်ီလိတ္ခရိုင္ထဲမွာရိွတဲ့ ၿမိဳ႕နယ္ေတြကို ကြင္းဆင္းေဆာင္ရြက္ေပးရတယ္။ ကြင္းဆင္းတာ ရပ္ကြက္တိုင္းေတာ့ ကြင္းဆင္းၿပီးသြားၿပီ။ ၂၀၁၆ ခုႏွစ္၊ ေမလကစၿပီး ကြင္းဆင္းခဲ့တာပါ။ ရပ္ကြက္ေတြအကုန္စံုသြားၿပီ။ အခုရပ္ကြက္ ကြင္းဆင္းတုန္းက က်န္ခဲ့မလားဆိုၿပီး ထပ္မံကြင္းဆင္းေပးတာေပါ့"ဟု တာခ်ီလိတ္ခ႐ိုင္ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမွဳဦးစီးဌာနမွ စစ္ေဆးေရးမွဴး -၂ ဦးစိုင္းဆမ္တစ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ကြင္းဆင္းေဆာင္ရြက္မႈကို နံနက္ (၉) နာရီမွ ေန႔လယ္ (၂) နာရီအထိေဆာင္ရြက္ေပးခဲ့ၿပီး FXB Myanmar က ျမန္မာႏိုင္ငံယာဥ္ထိန္းရဲတပ္ဖြဲ႕၊ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနႏွင့္ ၾကက္ေျခနီအသင္းတို႔ပူးေပါင္းၿပီး လမ္းအသံုးျပဳသူမ်ား ယာဥ္အႏၱရာယ္ကင္းရွင္းေရးစီမံခ်က္ျဖင့္ ဆိုင္ကယ္စီးဦးထုပ္မ်ားေဝငွျခင္း၊ ေရာင္ျပန္ျပားမ်ားကပ္ျခင္း၊ ေရာင္ျပန္အက်ၤ ီမ်ား ေဝငွျခင္းမ်ားေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ၂၀၁၉ ခုနှစ် မေလ (၁၄) ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်ပြုလုပ်သူ (၁၄၅) ဦးရှိကြောင်း သိရသည်။

"အဓိက ရည်ရွယ်ချက်ကတော့ ဘာလဲဆိုလို့ရှိရင် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီရဲ့ ရည်ရွယ်ချက် (၅) ချက်ထဲကနေ တစ်ချက်ဖြစ်တဲ့ ၂၀၂၀ ခုနှစ်ကျလို့ရှိရင် မော်တော်ဆိုင်ကယ်မောင်းသူတိုင်း ယာဉ်မောင်းလိုင်စင်ရှိရမယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်တယ်။ အဲဒီရည်ရွယ်ချက်ကြောင့် တာချီလိတ်ခရိုင်ထဲမှာရှိတဲ့ မြို့နယ်တွေကို ကွင်းဆင်းဆောင်ရွက်ပေးရတယ်။ ကွင်းဆင်းတာ ရပ်ကွက်တိုင်းတော့ ကွင်းဆင်းပြီးသွားပြီ။ ၂၀၁၆ ခုနှစ်၊ မေလကစပြီး ကွင်းဆင်းခဲ့တာပါ။ ရပ်ကွက်တွေအကုန်စုံသွားပြီ။ အခုရပ်ကွက် ကွင်းဆင်းတုန်းက ကျန်ခဲ့မလားဆိုပြီး ထပ်မံကွင်းဆင်းပေးတာပေါ့"ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး -၂ ဦးစိုင်းဆမ်တစ်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ကွင်းဆင်းဆောင်ရွက်မှုကို နံနက် (၉) နာရီမှ နေ့လယ် (၂) နာရီအထိဆောင်ရွက်ပေးခဲ့ပြီး FXB Myanmar က မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ကြက်ခြေနီအသင်းတို့ပူးပေါင်းပြီး လမ်းအသုံးပြုသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးစီမံချက်ဖြင့် ဆိုင်ကယ်စီးဦးထုပ်များဝေငှခြင်း၊ ရောင်ပြန်ပြားများကပ်ခြင်း၊ ရောင်ပြန်အင်္ကျီများ ဝေငှခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net