ေတာင္ႀကီးၿမိဳ႕ ေလးေလာင္းၿပိဳင္အသတ္ခံရသည့္ေနအိမ္မွ က်ပ္သိန္း(၄၀)အပါအဝင္ လက္ဝတ္ရတနာတန္ဖိုး စုစုေပါင္း က်ပ္သိန္း (၁၅၅၇) ယူေဆာင္သြား

ေတာင္ႀကီးၿမိဳ႕ ေလးေလာင္းၿပိဳင္အသတ္ခံရသည့္ေနအိမ္မွ က်ပ္သိန္း(၄၀)အပါအဝင္ လက္ဝတ္ရတနာတန္ဖိုး စုစုေပါင္း က်ပ္သိန္း (၁၅၅၇) ယူေဆာင္သြား
ဧပြီ 29, 2019
By 🌸
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕မွ ေလးေလာင္းၿပိဳင္အသတ္ခံလုိက္ရသည့္ေနအိမ္မွ ေငြက်ပ္သိန္း  (၄၀)အပါအဝင္ စုစုေပါင္းက်ပ္သိန္း (၁၅၅၇)တန္ဖိုးရိွ လက္ဝတ္ရတနာမ်ားေပ်ာက္ဆံုးသြားသည္ကို ေသဆံုးသူ၏က်န္ရစ္သည့္မိသားစုက အတည္ျပဳေပးထားေၾကာင္း သိရသည္။
ေတာင္ႀကီးၿမိဳ႕၊ ကန္သာရပ္ကြက္၊ နယ္ေျမ (၁၄)၊ မဂၤလာလမ္းရိွ ျမင္းျဖဴႏွစ္ေကာင္ေဆးတုိက္ေနအိမ္တြင္ အသက္(၇)လအရြယ္ကေလးအပါအဝင္ ကေလး၏မိခင္၊ ဖခင္ႏွင့္ အိမ္အကူတို႔အား သတ္ထားသည္ကို ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၈)ရက္ေန႔ နံနက္ (၈)နာရီ (၄၅)မိနစ္အခ်ိန္၌ ေတာင္ႀကီးၿမိဳ႕မရဲတပ္ဖြဲ႕က သတင္းရရိွခဲ့သျဖင့္ စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လူသတ္မႈက်ဴးလြန္သူတုိ႔က ေက်ာက္ျပာပါ လက္စြပ္ (၂)ကြင္း၊ ေက်ာက္နီပါ လက္ေကာက္ (၄)ကြင္း၊ ေက်ာက္နီပါ ေရႊဘယက္ (၁)ကံုး၊ ေက်ာက္ျပာပါ ေရႊဘယက္ (၂)ကံုး၊ (၁၂)က်ပ္သားခန္႔ရိွ ေရႊေခ်ာင္း (၆)ေခ်ာင္း၊ စိန္လက္ေကာက္ (၃)ကြင္း၊ ဒဂၤါးလက္ေကာက္(၁၄)ကြင္း၊ ေရႊေခါင္းဘီး (၂)ခု၊ ေရႊဆံညႇပ္ (၁)ခု၊ ေငြဒဂၤါးျပား (၃၀၀)ျပား၊ ေရႊဆြဲႀကိဳး (၁၁)ကံုး၊ ေရႊလက္ေကာက္ (၁၃)ကြင္းႏွင့္ ေငြသား က်ပ္သိန္း (၄၀)တုိ႔ကို ယူေဆာင္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါလူသတ္မႈကို ေတာင္ႀကီးၿမိဳ႕မရဲစခန္းတြင္ (ပ) ၇၉၃/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၃၉၄ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။
Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တောင်ကြီးမြို့ လေးလောင်းပြိုင်အသတ်ခံရသည့်နေအိမ်မှ ကျပ်သိန်း(၄၀)အပါအဝင် လက်ဝတ်ရတနာတန်ဖိုး စုစုပေါင်း ကျပ်သိန်း (၁၅၅၇) ယူဆောင်သွား
****************
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှ လေးလောင်းပြိုင်အသတ်ခံလိုက်ရသည့်နေအိမ်မှ ငွေကျပ်သိန်း  (၄၀)အပါအဝင် စုစုပေါင်းကျပ်သိန်း (၁၅၅၇)တန်ဖိုးရှိ လက်ဝတ်ရတနာများပျောက်ဆုံးသွားသည်ကို သေဆုံးသူ၏ကျန်ရစ်သည့်မိသားစုက အတည်ပြုပေးထားကြောင်း သိရသည်။

တောင်ကြီးမြို့၊ ကန်သာရပ်ကွက်၊ နယ်မြေ (၁၄)၊ မင်္ဂလာလမ်းရှိ မြင်းဖြူနှစ်ကောင်ဆေးတိုက်နေအိမ်တွင် အသက်(၇)လအရွယ်ကလေးအပါအဝင် ကလေး၏မိခင်၊ ဖခင်နှင့် အိမ်အကူတို့အား သတ်ထားသည်ကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၈)ရက်နေ့ နံနက် (၈)နာရီ (၄၅)မိနစ်အချိန်၌ တောင်ကြီးမြို့မရဲတပ်ဖွဲ့က သတင်းရရှိခဲ့သဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူသတ်မှုကျူးလွန်သူတို့က ကျောက်ပြာပါ လက်စွပ် (၂)ကွင်း၊ ကျောက်နီပါ လက်ကောက် (၄)ကွင်း၊ ကျောက်နီပါ ရွှေဘယက် (၁)ကုံး၊ ကျောက်ပြာပါ ရွှေဘယက် (၂)ကုံး၊ (၁၂)ကျပ်သားခန့်ရှိ ရွှေချောင်း (၆)ချောင်း၊ စိန်လက်ကောက် (၃)ကွင်း၊ ဒင်္ဂါးလက်ကောက်(၁၄)ကွင်း၊ ရွှေခေါင်းဘီး (၂)ခု၊ ရွှေဆံညှပ် (၁)ခု၊ ငွေဒင်္ဂါးပြား (၃၀၀)ပြား၊ ရွှေဆွဲကြိုး (၁၁)ကုံး၊ ရွှေလက်ကောက် (၁၃)ကွင်းနှင့် ငွေသား ကျပ်သိန်း (၄၀)တို့ကို ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလူသတ်မှုကို တောင်ကြီးမြို့မရဲစခန်းတွင် (ပ) ၇၉၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net