တာခ်ီလိတ္တြင္ မီးခိုးဖံုးလႊမ္းမႈ အနည္းငယ္က်သြားေသာ္လည္း ရွမ္းရိုးမကြင္းအတြင္း မီးခိုးကင္းမဲ့ေနရာကို မီးခိုးေငြ႕ကင္းစင္သည့္အခ်ိန္အထိဖြင့္လွစ္ထားရိွမည္

တာခ်ီလိတ္တြင္ မီးခိုးဖံုးလႊမ္းမႈ အနည္းငယ္က်သြားေသာ္လည္း ရွမ္းရိုးမကြင္းအတြင္း မီးခိုးကင္းမဲ့ေနရာကို မီးခိုးေငြ႕ကင္းစင္သည့္အခ်ိန္အထိဖြင့္လွစ္ထားရိွမည္
ဧပြီ 1, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ နယ္စပ္ျဖတ္ေက်ာ္ မီးခိုးျမဴမ်ားေၾကာင့္ အမ်ားျပည္သူမ်ားအတြက္ မီးခိုးကင္းလြတ္သည့္ ေနရာတစ္ခုကို ရွမ္းရိုးမကြင္းအတြင္း ၂၀၁၉ခုႏွစ္ မတ္လ(၃၁)ရက္ေန႔က စ၍ တည္ေဆာက္ထားၿပီး မီးခိုးေငြ႕ကင္းစင္သည့္အခ်ိန္အထိ ထားရိွသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ ဒီေန႔ဆိုေလထုအညႊန္းကိန္းက (၃၅၀) ေပါ့ေနာ္။ မေန႔ကဆို (၅၀၂) ထိရိွတယ္။ ဒီေန႔ (၃၅၀)ထိ က်လာတာေပါ့။ ကၽြန္ေတာ္တို႔ မေန႔ကတည္းက ေၾကလည္းေၾကျငာတယ္။ ညေန (၃) နာရီက
စၿပီးေတာ့ နားေနႏိုင္ၿပီဆိုၿပီးေတာ့ေပါ့။ ျပည္သူနားေနစခန္းကို မီးခိုးေငြ႕ကင္းစင္တဲ့အထိ ထားရိွေပးဖို႔ စီစဥ္ထားပါတယ္"ဟု တာခ်ီလိတ္ၿမို႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ့ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဧၿပီလ(၁)ရက္ေန႔တြင္ ေျပာသည္။

မတ္လ (၃၀) ရက္ေန႔တြင္ ေလထုအညႊန္းကိန္း (၄၄၈) ရိွခဲ့ၿပီး (၃၁) ရက္ေန႔က (၅၀၂) အထိျမင့္တက္ခဲ့သျဖင့္ ရွမ္းရိုးမကြင္းအတြင္း မီးခိုးကင္းလြတ္သည့္ေနရာတစ္ခုအျဖစ္ စတင္အေကာင္အထည္ေဖာ္ခဲ့ၿပီး ျပည္သူနားေနရန္ထားရိွသည့္ ေနရာပတ္လည္တြင္ (၁၈) ေပအျမင့္ေရမႈန္ေရမႊားပတ္ျဖန္းေပးသည့္ ေရပိုက္ (၃၀) ကို တပ္ဆင္ဆင္ေပးထားေၾကာင္းသိရသည္။

သတင္း - ဟန္စိုးထိုက္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူများကြောင့် အများပြည်သူများအတွက် မီးခိုးကင်းလွတ်သည့် နေရာတစ်ခုကို ရှမ်းရိုးမကွင်းအတွင်း ၂၀၁၉ခုနှစ် မတ်လ(၃၁)ရက်နေ့က စ၍ တည်ဆောက်ထားပြီး မီးခိုးငွေ့ကင်းစင်သည့်အချိန်အထိ ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ဒီနေ့ဆိုလေထုအညွှန်းကိန်းက (၃၅၀) ပေါ့နော်။ မနေ့ကဆို (၅၀၂) ထိရှိတယ်။ ဒီနေ့ (၃၅၀)ထိ ကျလာတာပေါ့။ ကျွန်တော်တို့ မနေ့ကတည်းက ကြေလည်းကြငြောတယ်။ ညနေ (၃) နာရီက

စပြီးတော့ နားနေနိုင်ပြီဆိုပြီးတော့ပေါ့။ ပြည်သူနားနေစခန်းကို မီးခိုးငွေ့ကင်းစင်တဲ့အထိ ထားရှိပေးဖို့ စီစဉ်ထားပါတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၁)ရက်နေ့တွင် ပြောသည်။

မတ်လ (၃၀) ရက်နေ့တွင် လေထုအညွှန်းကိန်း (၄၄၈) ရှိခဲ့ပြီး (၃၁) ရက်နေ့က (၅၀၂) အထိမြင့်တက်ခဲ့သဖြင့် ရှမ်းရိုးမကွင်းအတွင်း မီးခိုးကင်းလွတ်သည့်နေရာတစ်ခုအဖြစ် စတင်အကောင်အထည်ဖော်ခဲ့ပြီး ပြည်သူနားနေရန်ထားရှိသည့် နေရာပတ်လည်တွင် (၁၈) ပေအမြင့်ရေမှုန်ရေမွှားပတ်ဖြန်းပေးသည့် ရေပိုက် (၃၀) ကို တပ်ဆင်ဆင်ပေးထားကြောင်းသိရသည်။

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net