ဖြံ႔ၿဖိဳးမႈအားနည္းသည့္ ရွမ္းျပည္နယ္အေရွ႕ပိုင္းစီးပြားေရးလုပ္ငန္းမ်ားအတြက္ SME ေခ်းေငြပမာဏ ပိုမိုလ်ာထားေပးေသာ္လည္း ေလွ်ာက္ထားသူမရိွေသး

ဖြံ႔ၿဖိဳးမႈအားနည္းသည့္ ရွမ္းျပည္နယ္အေရွ႕ပိုင္းစီးပြားေရးလုပ္ငန္းမ်ားအတြက္ SME ေခ်းေငြပမာဏ ပိုမိုလ်ာထားေပးေသာ္လည္း ေလွ်ာက္ထားသူမရိွေသး
ဧပြီ 25, 2019
By 🌸
ဂ်ပန္ႏုိင္ငံမွ ပံ့ပိုးကူညီေသာ SME ေခ်းေငြမ်ားကို ၂၀၁၈ ခုႏွစ္မွစတင္ၿပီး ျမန္မာ့စီးပြားေရးဘဏ္မွတဆင့္ ထုတ္ေပးေနေသာ္လည္း ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသမွ ေလွ်ာက္ထားသူမရိွေသးသည့္အတြက္ ၂၀၁၉ ခုႏွစ္ ဧၿပီလ (၂၃) ရက္ေန႔မွစတင္သည့္ ဒုတိယအႀကိမ္တြင္ လာေရာက္ေလွ်ာက္ထားၾကရန္ တုိက္တြန္းထားသည္။
"ရွမ္းအေရွ႕အတြက္ ကၽြန္ေတာ္တို႔သက္မွတ္ထားတဲ့ ပမာဏေတာ့ရိွၿပီးသားပါ။ အဲဒီပမာဏထက္ ေက်ာ္လြန္ရင္လည္း ေခ်းေပးမွာပါ။ ဘာေၾကာင့္လည္းဆိုေတာ့ ရွမ္းအေရွ႕ကလည္း ဖြံ႕ၿဖိဳးမႈအားနည္း ေနေသးတယ္ေလ။ JICA ေခ်းေငြနဲ႔ အတိုးႏႈန္းသက္သက္သာသာနဲ႔ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အလုပ္အကိုင္အခြင့္အလမ္းေတြရရိွဖို႔အတြက္ ကၽြန္ေတာ္တို႔ ျမန္မာ့စီးပြားေရးဘဏ္ကေန အမ်ားႀကီးပံ့ပိုးကူညီေပးသြားမွာပါ"ဟု ရွမ္းျပည္နယ္ ျမန္မာ့စီးပြားေရးဘဏ္မွ ဒုတိယျပည္နယ္မန္ေနဂ်ာ ဦးေအာင္မ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။ 

တာခ်ီလိတ္မွ စီးပြားေရးလုပ္ငန္းရွင္မ်ားအေနျဖင့္ SME ေခ်းေငြႏွင့္ပတ္သက္၍ သိရိွနားလည္ေစရန္အတြက္ တာခ်ီလိတ္ၿမိဳ႕ရိွ ျမန္မာ့စီးပြားေရးဘဏ္ႏွင့္ ရွမ္းအေရွ႕နယ္စပ္ကုန္သည္ႀကီးမ်ားအသင္းတုိ႔က SME ေခ်းေငြစကားဝိုင္းအစီအစဥ္ကို တာခ်ီလိတ္ၿမိဳ႕ရိွ ေအာင္ျမတ္ခန္းမတြင္ ၂၀၁၉ ခုႏွစ္ ဧၿပီလ (၂၅) ရက္ေန႔က လုပ္ငန္းရွင္မ်ားအားဖိတ္ၾကား၍ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

JICA ေခ်းေငြမွာ ျမန္မာႏိုင္ငံအစိုးရသို႔ ဂ်ပန္ႏိုင္ငံအစိုးရမွ အေသးစားႏွင့္ အလတ္စား လုပ္ငန္းမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အတိုးႏႈန္းသက္သာစြာျဖင့္ ထုတ္ေခ်းႏိုင္ရန္ ကူညီပံ့ပိုးေပးထားသည့္ ေငြေၾကးတစ္ရပ္ျဖစ္ၿပီး ဧၿပီလ (၂၃) ရက္ေန႔တြင္ ဒုတိယအႀကိမ္အျဖစ္ ေပးအပ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

ပထမအႀကိမ္တြင္ က်ပ္သန္း (၃၀) ကို လုပ္ငန္းရွင္မ်ားကို ထုတ္ေခ်းထားၿပီး ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ တင္ျပလာသူမရိွသည့္အတြက္ ဒုတိယအႀကိမ္ က်ပ္သန္း (၃၀) တြင္ ေလ်ာက္ထားၾကရန္ ရွမ္းျပည္နယ္ ျမန္မာ့စီးပြားေရးဘဏ္မွ ဒုတိယျပည္နယ္မန္ေနဂ်ာ ဦးေအာင္မ်ိဳးထြန္းက စကားဝို္င္းေဆြးေႏြးပြဲတြင္ လုပ္ငန္းရွင္မ်ားအား တုိက္တြန္းသြားသည္။

အလားတူစကားဝိုင္းေဆြးေႏြးပြဲမ်ားကို ရွမ္းျပည္နယ္အေရွ႕ပိုင္းရိွ ၿမိဳ႕မ်ားတြင္ ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း၌ SME လုပ္ငန္းကတ္ျပားထုတ္ေပးေရးရံုးကို ကိ်ဳင္းတံုတြင္ဖြင့္လွစ္ထားၿပီး ထုတ္ေပးခြင့္ရိွသည့္ လုပ္ငန္းေပါင္း (၁၀၀၀) ေက်ာ္အတြက္ ေဆာင္ရြက္ေပးေနၿပီး ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ ကတ္ျပားထုတ္ထားသူ (၁၅) ဦးသာရိွေၾကာင္း သိရသည္။

ဂ်ပန္ႏုိင္ငံမွ ပံ့ပိုးကူညီေသာ SME ေခ်းေငြမ်ားကို ၂၀၁၈ စက္တင္ဘာလအတြင္းက ပထမအဆင့္စတင္ခဲ့ၿပီး အေသးစားႏွင့္ အလတ္စား စီးပြားေရးလုပ္ငန္းမ်ားအေနျဖင့္ မေရႊ႕မေျပာင္းႏိုင္သည့္ပစၥည္းကို အေပါင္အျဖစ္ထားရိွပါက က်ပ္သိန္း (၅၀၀၀)အထိႏွင့္ အေပါင္ပစၥည္းမထားႏိုင္ပါက ျမန္မာ့အာမခံလုပ္ငန္း၏ ေၾကြးၿမီအာမခံ-Credit Guarantee Insurance CGI နဲ႔ ခ်ိတ္ဆက္ကာ က်ပ္သိန္း (၂၀၀)အထိ ထုတ္ေခ်းေပးေနၿပီး တစ္ႏွစ္အတိုးႏႈန္း (၈) ဒသမ (၅) ရာခိုင္ႏႈန္းျဖင့္ ထုတ္ေခ်းေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဟန္စိုးထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဖွံ့ဖြိုးမှုအားနည်းသည့် ရှမ်းပြည်နယ်အရှေ့ပိုင်းစီးပွားရေးလုပ်ငန်းများအတွက် SME ချေးငွေပမာဏ ပိုမိုလျာထားပေးသော်လည်း လျှောက်ထားသူမရှိသေး
*************
ဂျပန်နိုင်ငံမှ ပံ့ပိုးကူညီသော SME ချေးငွေများကို ၂၀၁၈ ခုနှစ်မှစတင်ပြီး မြန်မာ့စီးပွားရေးဘဏ်မှတဆင့် ထုတ်ပေးနေသော်လည်း ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသမှ လျှောက်ထားသူမရှိသေးသည့်အတွက် ၂၀၁၉ ခုနှစ် ဧပြီလ (၂၃) ရက်နေ့မှစတင်သည့် ဒုတိယအကြိမ်တွင် လာရောက်လျှောက်ထားကြရန် တိုက်တွန်းထားသည်။

"ရှမ်းအရှေ့အတွက် ကျွန်တော်တို့သက်မှတ်ထားတဲ့ ပမာဏတော့ရှိပြီးသားပါ။ အဲဒီပမာဏထက် ကျော်လွန်ရင်လည်း ချေးပေးမှာပါ။ ဘာကြောင့်လည်းဆိုတော့ ရှမ်းအရှေ့ကလည်း ဖွံ့ဖြိုးမှုအားနည်း နေသေးတယ်လေ။ JICA ချေးငွေနဲ့ အတိုးနှုန်းသက်သက်သာသာနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေရရှိဖို့အတွက် ကျွန်တော်တို့ မြန်မာ့စီးပွားရေးဘဏ်ကနေ အများကြီးပံ့ပိုးကူညီပေးသွားမှာပါ"ဟု ရှမ်းပြည်နယ် မြန်မာ့စီးပွားရေးဘဏ်မှ ဒုတိယပြည်နယ်မန်နေဂျာ ဦးအောင်မျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် SME ချေးငွေနှင့်ပတ်သက်၍ သိရှိနားလည်စေရန်အတွက် တာချီလိတ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် ရှမ်းအရှေ့နယ်စပ်ကုန်သည်ကြီးများအသင်းတို့က SME ချေးငွေစကားဝိုင်းအစီအစဉ်ကို တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် ၂၀၁၉ ခုနှစ် ဧပြီလ (၂၅) ရက်နေ့က လုပ်ငန်းရှင်များအားဖိတ်ကြား၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

JICA ချေးငွေမှာ မြန်မာနိုင်ငံအစိုးရသို့ ဂျပန်နိုင်ငံအစိုးရမှ အသေးစားနှင့် အလတ်စား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးနိုင်ရန် ကူညီပံ့ပိုးပေးထားသည့် ငွေကြေးတစ်ရပ်ဖြစ်ပြီး ဧပြီလ (၂၃) ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ပေးအပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ပထမအကြိမ်တွင် ကျပ်သန်း (၃၀) ကို လုပ်ငန်းရှင်များကို ထုတ်ချေးထားပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းမှ တင်ပြလာသူမရှိသည့်အတွက် ဒုတိယအကြိမ် ကျပ်သန်း (၃၀) တွင် လျောက်ထားကြရန် ရှမ်းပြည်နယ် မြန်မာ့စီးပွားရေးဘဏ်မှ ဒုတိယပြည်နယ်မန်နေဂျာ ဦးအောင်မျိုးထွန်းက စကားဝိုင်းဆွေးနွေးပွဲတွင် လုပ်ငန်းရှင်များအား တိုက်တွန်းသွားသည်။

အလားတူစကားဝိုင်းဆွေးနွေးပွဲများကို ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မြို့များတွင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၌ SME လုပ်ငန်းကတ်ပြားထုတ်ပေးရေးရုံးကို ကျိုင်းတုံတွင်ဖွင့်လှစ်ထားပြီး ထုတ်ပေးခွင့်ရှိသည့် လုပ်ငန်းပေါင်း (၁၀၀၀) ကျော်အတွက် ဆောင်ရွက်ပေးနေပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ကတ်ပြားထုတ်ထားသူ (၁၅) ဦးသာရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံမှ ပံ့ပိုးကူညီသော SME ချေးငွေများကို ၂၀၁၈ စက်တင်ဘာလအတွင်းက ပထမအဆင့်စတင်ခဲ့ပြီး အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို အပေါင်အဖြစ်ထားရှိပါက ကျပ်သိန်း (၅၀၀၀)အထိနှင့် အပေါင်ပစ္စည်းမထားနိုင်ပါက မြန်မာ့အာမခံလုပ်ငန်း၏ ကြွေးမြီအာမခံ-Credit Guarantee Insurance – CGI နဲ့ ချိတ်ဆက်ကာ ကျပ်သိန်း (၂၀၀)အထိ ထုတ်ချေးပေးနေပြီး တစ်နှစ်အတိုးနှုန်း (၈) ဒသမ (၅) ရာခိုင်နှုန်းဖြင့် ထုတ်ချေးနေခြင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net