၂၀၁၉ ခုႏွစ္ ျမန္မာႏွစ္သစ္ကူးအထိမ္းအမွတ္ ျပစ္ဒဏ္လြတ္ၿငိမ္းခ်မ္းသာခြင့္ရသူ (၁၆၄၉၉)ဦးရိွလာၿပီး ထပ္မံလႊတ္ေပးရန္ စိစစ္ေန

၂၀၁၉ ခုႏွစ္ ျမန္မာႏွစ္သစ္ကူးအထိမ္းအမွတ္ ျပစ္ဒဏ္လြတ္ၿငိမ္းခ်မ္းသာခြင့္ရသူ (၁၆၄၉၉)ဦးရိွလာၿပီး ထပ္မံလႊတ္ေပးရန္ စိစစ္ေန
ဧပြီ 26, 2019
By 🌸
ႏုိင္ငံေတာ္သမၼတက ယခုႏွစ္ျမန္မာႏွစ္သစ္ကူးအထိမ္းအမွတ္ ျပစ္ဒဏ္လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးျခင္းကို ဒုတိယအႀကိမ္အျဖစ္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၆)ရက္ေန႔က ထုတ္ျပန္လုိက္ရာ ယခုႏွစ္အတြင္း လြတ္ၿငိမ္းသက္သာခြင့္ခံစားရသူစုစုေပါင္း (၁၆၄၉၉)ဦးရိွလာၿပီး လြတ္ၿငိမ္းသက္သာခြင့္ေပးရန္ ဆက္လက္စိစစ္ေနဆဲျဖစ္ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္သမၼတရံုး၏ ဧၿပီလ (၂၆)ရက္ေန႔ ရက္စြဲျဖင့္ ထုတ္ျပန္သည့္ အမိန္႔အမွတ္ ၁၅/၂၀၁၉ အရ အက်ဥ္းသား၊အက်ဥ္းသူ (၆၉၄၈)ဦးကို စည္းကမ္းသတ္မွတ္ခ်က္မထားဘဲ လြတ္ၿငိမ္းသက္သာခြင့္ေပးလုိက္ျခင္း ျဖစ္သည္။

ျမန္မာႏွစ္ဆန္း(၁)ရက္ေန႔ျဖစ္သည့္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၇)ရက္ေန႔ကလည္း ႏိုင္ငံေတာ္သမၼတ၏ ျပစ္ဒဏ္လြတ္ၿငိမ္းသက္သာခြင့္ကို ႏုိင္ငံသားအက်ဥ္းသား (၉,၅၃၅)ဦးႏွင့္ ႏုိင္ငံျခားသား အက်ဥ္းသား (၁၆)ဦး စုစုေပါင္း (၉၅၅၁)ဦးကို ခံစားခြင့္ျပဳခဲ့ျခင္းျဖစ္သည္။
ျမန္မာႏွစ္သစ္ကူးအထိမ္းအမွတ္အျဖစ္ ႏိုင္ငံေတာ္သမၼတ၏ ျပစ္ဒဏ္လြတ္ၿငိမ္းသက္သာခြင့္ျဖင့္ အက်ဥ္းသားမ်ားအားစိစစ္၍ ခံစားခြင့္ျပဳေလ့ရိွရာ ၂၀၁၈ ခုႏွစ္ ျမန္မာႏွစ္သစ္ကူးအထိမ္းအမွတ္အျဖစ္ လြတ္ၿငိမ္းသက္သာခြင့္ကို အက်ဥ္းသား (၈၅၄၁)ဦး ခံစားခြင့္ရခဲ့ျခင္းျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
၂၀၁၉ ခုနှစ် မြန်မာနှစ်သစ်ကူးအထိမ်းအမှတ် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ရသူ (၁၆၄၉၉)ဦးရှိလာပြီး ထပ်မံလွှတ်ပေးရန် စိစစ်နေ
************
နိုင်ငံတော်သမ္မတက ယခုနှစ်မြန်မာနှစ်သစ်ကူးအထိမ်းအမှတ် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းကို ဒုတိယအကြိမ်အဖြစ် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၆)ရက်နေ့က ထုတ်ပြန်လိုက်ရာ ယခုနှစ်အတွင်း လွတ်ငြိမ်းသက်သာခွင့်ခံစားရသူစုစုပေါင်း (၁၆၄၉၉)ဦးရှိလာပြီး လွတ်ငြိမ်းသက်သာခွင့်ပေးရန် ဆက်လက်စိစစ်နေဆဲဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတရုံး၏ ဧပြီလ (၂၆)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် အမိန့်အမှတ် ၁၅/၂၀၁၉ အရ အကျဉ်းသား၊အကျဉ်းသူ (၆၉၄၈)ဦးကို စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ခြင်း ဖြစ်သည်။

မြန်မာနှစ်ဆန်း(၁)ရက်နေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၇)ရက်နေ့ကလည်း နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ကို နိုင်ငံသားအကျဉ်းသား (၉,၅၃၅)ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား (၁၆)ဦး စုစုပေါင်း (၉၅၅၁)ဦးကို ခံစားခွင့်ပြုခဲ့ခြင်းဖြစ်သည်။

မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသားများအားစိစစ်၍ ခံစားခွင့်ပြုလေ့ရှိရာ ၂၀၁၈ ခုနှစ် မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းသက်သာခွင့်ကို အကျဉ်းသား (၈၅၄၁)ဦး ခံစားခွင့်ရခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net