ခ်င္းတြင္းသႀကၤန္ပြဲေတာ္တြင္ ပါရာမိုတာအလွျပေမာင္းႏွင္မည္

ခ်င္းတြင္းသႀကၤန္ပြဲေတာ္တြင္ ပါရာမိုတာအလွျပေမာင္းႏွင္မည္
ဧပြီ 10, 2019
By Tachileik News Agency

စစ္ကိုင္းတိုင္းေဒသႀကီး၊ မံုရြာၿမိဳ႕ ခ်င္းတြင္းသႀကၤန္ပြဲေတာ္တြင္ ပါရာမိုတာအလွျပေမာင္းႏွင္မည္ျဖစ္ေၾကာင္း သိရသည္။

Myanmar PPG Club ႏွင့္ Fly Asean အဖြဲ႔တို႔မွ စုစုေပါင္း (၇) ဦး ပါဝင္သည့္အဖြဲ႕က ၂၀၁၉ ခုႏွစ္၊ ဧၿပီလ ၁၃ ရက္၊ ၁၄ ရက္ႏွင့္ ၁၅ ရက္ေန႔မ်ား၌ ပါရာမိုတာ အလွျပေမာင္းႏွင္မည္ ျဖစ္ေၾကာင္း Myanmar PPG Club မွ သိရသည္။

"Myanmar PPG Club က ပါရာမိုတာေမာင္းႏွင္သူ (၅) ဦးပါမယ္။ Fly Asean အဖြဲ႔က ထိုင္းႏိုင္ငံသား (၂) ဦး ပါမယ္၊ စုစုေပါင္း ၇ ဦးေမာင္းမယ္၊ ခ်င္းတြင္းသႀကၤန္လုပ္မယ့္ သဲေသာင္ျပင္ေပၚမွာ အရင္ဆံုးအလွျပပ်ံမယ္။ မနက္ပိုင္းေတြမွွာ ပ်ံဖို႔စီစဥ္ထားတယ္။ ညေနပိုင္းေတြကေတာ့ ရာသီဥတုအေျခအေနအရ မေျပာတတ္ေသးဘူး" ဟု Myanmar PPG Club မွ ပါရာမိုတာေမာင္းႏွင္သူ ကိုေက်ာ္စိုးေအာင္ (ခ) ကိုဖိုးလံုး ( ေက်ာက္မဲ ) က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ခ်င္းတြင္းသႀကၤန္တြင္ အလွျပပ်ံသန္းေပးရန္အတြက္ စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရအဖြဲ႔က ႀကိဳတင္ဖိတ္ေခၚ ထားျခင္းျဖစ္ၿပီး ခ်င္းတြင္းသႀကၤန္က်င္းပေနသည့္ ေသာင္ျပင္ေပၚမွ ရပ္ေတာ္မူရုပ္ပြားေတာ္ရွိရာအနီး၊ သံမၺဳေဒၶ ဘုရားအနီး ႏွင့္ တြင္းမ ေဒသဘက္သို႔ အလွျပ ပ်ံသန္းသြားမည္ျဖစ္ၿပီး Myanmar PPG Club အဖြဲ႔သားမ်ားႏွင့္ ထိုင္းႏိုင္ငံသား (၂) ဦးအပါအဝင္ ေျမျပင္အဖြဲ႔ႏွင့္ စုစုေပါင္း အဖြဲ႔သား (၁၅) ဦးပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

ခ်င္းတြင္းသႀကၤန္က်င္းပမည့္ ေဒသအတြင္း လတ္ကေလာျဖစ္ေပၚေနသည့္ ရာသီဥတုအေျခအေနအရ သႀကၤန္ပြဲ ကာလတြင္ ပါရာမိုတာမ်ားအလွျပပ်ံသန္းမည့္အစီအစဥ္ အကြာအေဝး စသည္တို႔အေျပာင္းအလဲရွိႏိုင္ၿပီး ရာသီဥတုေကာင္းမြန္ျခင္းမရွိပါက ပါရာမိုတာမ်ားပံ်သန္းႏိုင္မည္မဟုတ္ေၾကာင္း Myanmar PPG Club မွ သိရသည္။

ထိုင္းႏိုင္ငံမွ Asean Paramotoring Club ( FLY ASEAN )မွ ပါရာမိုတာေမာင္းႏွင္က်ြမ္းက်င္သူမ်ား ႏွင့္ ျမန္မာႏိုင္ငံေလထီးခုန္အဖြဲ႔ခ်ဳပ္ ( Myanmar Parachute Federation )၊ Myanmar PPG Club တို႔မွ ပါရာမိုတာေမာင္းႏွင္က်ြမ္းက်င္သူ မ်ားပါဝင္ကာ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ အတြင္းက မႏၱေလးၿမိဳ႕၊ အမရပူရၿမိဳ႕နယ္ရွိ ဦးပိန္တံတားအနီး မွ ဧရာဝတီျမစ္ကမ္းေဘးတစ္ေလ်ွာက္ႏွင့္ ေနာင္ခ်ိဳ၊ ျပင္ဦးလြင္ ႏွင့္ သီေပါၿမိဳ႕တို႔တြင္ အဖြဲ႔လိုက္ အလွျပ ပ်ံသန္းခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

သတင္း -  ေနၿဖိဳးျမင့္
ဓါတ္ပံု - Myanmar PPG Club


~~~~~~~~⊰❂ Unicode Version ~~~~~~~~

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ချင်းတွင်းသင်္ကြန်ပွဲတော်တွင်  ပါရာမိုတာအလှပြမောင်းနှင်မည်ဖြစ်ကြောင်း သိရသည်။
Myanmar PPG Club နှင့် Fly Asean အဖွဲ့တို့မှ စုစုပေါင်း (၇) ဦး ပါဝင်သည့်အဖွဲ့က ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၃ ရက်၊ ၁၄ ရက်နှင့် ၁၅ ရက်နေ့များ၌ ပါရာမိုတာ အလှပြမောင်းနှင်မည် ဖြစ်ကြောင်း Myanmar PPG Club မှ သိရသည်။

"Myanmar PPG Club က ပါရာမိုတာမောင်းနှင်သူ (၅) ဦးပါမယ်။ Fly Asean အဖွဲ့က ထိုင်းနိုင်ငံသား (၂) ဦး ပါမယ်၊ စုစုပေါင်း ၇ ဦးမောင်းမယ်၊ ချင်းတွင်းသင်္ကြန်လုပ်မယ့် သဲသောင်ပြင်ပေါ်မှာ အရင်ဆုံးအလှပြပျံမယ်။ မနက်ပိုင်းတွေမှာ ပျံဖို့စီစဉ်ထားတယ်။ ညနေပိုင်းတွေကတော့ ရာသီဥတုအခြေအနေအရ မပြောတတ်သေးဘူး" ဟု Myanmar PPG Club မှ ပါရာမိုတာမောင်းနှင်သူ ကိုကျော်စိုးအောင် (ခ) ကိုဖိုးလုံး ( ကျောက်မဲ ) က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ချင်းတွင်းသင်္ကြန်တွင် အလှပြပျံသန်းပေးရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြိုတင်ဖိတ်ခေါ် ထားခြင်းဖြစ်ပြီး ချင်းတွင်းသင်္ကြန်ကျင်းပနေသည့် သောင်ပြင်ပေါ်မှ ရပ်တော်မူရုပ်ပွားတော်ရှိရာအနီး၊ သံမ္ဗုဒ္ဓေ ဘုရားအနီး နှင့် တွင်းမ ဒေသဘက်သို့ အလှပြ ပျံသန်းသွားမည်ဖြစ်ပြီး Myanmar PPG Club အဖွဲ့သားများနှင့် ထိုင်းနိုင်ငံသား (၂) ဦးအပါအဝင် မြပြေင်အဖွဲ့နှင့် စုစုပေါင်း အဖွဲ့သား (၁၅) ဦးပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ချင်းတွင်းသင်္ကြန်ကျင်းပမည့် ဒေသအတွင်း လတ်ကလောဖြစ်ပေါ်နေသည့် ရာသီဥတုအခြေအနေအရ သင်္ကြန်ပွဲ ကာလတွင် ပါရာမိုတာများအလှပြပျံသန်းမည့်အစီအစဉ် အကွာအဝေး စသည်တို့အပြောင်းအလဲရှိနိုင်ပြီး ရာသီဥတုကောင်းမွန်ခြင်းမရှိပါက ပါရာမိုတာများပျံသန်းနိုင်မည်မဟုတ်ကြောင်း Myanmar PPG Club မှ သိရသည်။

ထိုင်းနိုင်ငံမှ Asean Paramotoring Club ( FLY ASEAN )မှ ပါရာမိုတာမောင်းနှင်ကျွမ်းကျင်သူများ နှင့် မြန်မာနိုင်ငံလေထီးခုန်အဖွဲ့ချုပ် ( Myanmar Parachute Federation )၊ Myanmar PPG Club တို့မှ ပါရာမိုတာမောင်းနှင်ကျွမ်းကျင်သူ များပါဝင်ကာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ အတွင်းက မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ ဦးပိန်တံတားအနီး မှ ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်နှင့် နောင်ချို၊ ပြင်ဦးလွင် နှင့် သီပေါမြို့တို့တွင် အဖွဲ့လိုက် အလှပြ ပျံသန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - Myanmar PPG Club

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net