သားျဖစ္သူက မိခင္အား ထင္းေခ်ာင္းျဖင့္ ရုိက္သတ္မႈ မိုင္းပ်ဥ္းၿမိဳ႕တြင္ ျဖစ္ပြား

သားျဖစ္သူက မိခင္အား ထင္းေခ်ာင္းျဖင့္ ရုိက္သတ္မႈ မိုင္းပ်ဥ္းၿမိဳ႕တြင္ ျဖစ္ပြား
ဧပြီ 14, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မုိင္းပ်ဥ္းၿမိဳ႕နယ္၊ မုိင္းမန္းေက်းရြာအုပ္စု၊ ခန္းပ်က္ပေလာင္ေက်းရြာတြင္ အသက္ (၂၃)ႏွစ္အရြယ္ သားျဖစ္သူက မိခင္အား ထင္းေခ်ာင္းျဖင့္ ရိုက္သတ္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ေသဆံုးသြားသူ အသက္(၄၇)ႏွစ္ရွိ  ေဒၚအီႏြန္းသည္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၃)ရက္ေန႔က ေနအိမ္တြင္ရိွေနစဥ္ သားျဖစ္သူ ပန္တိက ထင္းေခ်ာင္းအစိုျဖင့္ ဦးေခါင္းအားရိုက္လိုက္ရာ ေနာက္ေစ့ေပါက္ၿပဲဒဏ္ရာ၊ မ်က္ႏွာတြင္ ပြန္းရွညိဳမဲဒဏ္ရာမ်ားျဖင့္ ေသဆံုးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ မိခင္ျဖစ္သူအား ရုိက္သတ္သူ ပန္တိဆိုသူသည္ စိတ္ေဖာက္ျပန္ၿပီး ယခုလို ျပန္လုပ္လိုက္ျခင္းျဖစ္ေၾကာင္း ကနဦး သိရၿပီး ရဲတပ္ဖြဲ႔က ဆက္လက္စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။

အသက္(၂၃)ႏွစ္ရွိ ပန္တိကို ေက်းရြာသားမ်ားက ဝိုင္းဝန္းဖမ္းဆီးကာ အုပ္ခ်ဳပ္ေရးမွဴးထံ အေၾကာင္းၾကားၿပီး မိုင္းပ်ဥ္းၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္တုိင္ၾကားသျဖင့္ (ပ)၉/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ၿငိမ္းခ်မ္း(ျပည္)


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်၊ မိုင်းမန်းကျေးရွာအုပ်စု၊ ခန်းပျက်ပလောင်ကျေးရွာတွင် အသက် (၂၃)နှစ်အရွယ် သားဖြစ်သူက မိခင်အား ထင်းချောင်းဖြင့် ရိုက်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူ အသက်(၄၇)နှစ်ရှိ ဒေါ်အီနွန်းသည် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၃)ရက်နေ့က နေအိမ်တွင်ရှိနေစဉ် သားဖြစ်သူ ပန်တိက ထင်းချောင်းအစိုဖြင့် ဦးခေါင်းအားရိုက်လိုက်ရာ နောက်စေ့ပေါက်ပြဲဒဏ်ရာ၊ မျက်နှာတွင် ပွန်းရှညိုမဲဒဏ်ရာများဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မိခင်ဖြစ်သူအား ရိုက်သတ်သူ ပန်တိဆိုသူသည် စိတ်ဖောက်ပြန်ပြီး ယခုလို ပြန်လုပ်လိုက်ခြင်းဖြစ်ကြောင်း ကနဦး သိရပြီး ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

အသက်(၂၃)နှစ်ရှိ ပန်တိကို ကျေးရွာသားများက ဝိုင်းဝန်းဖမ်းဆီးကာ အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားပြီး မိုင်းပျဉ်းမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားသဖြင့် (ပ)၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net