တာချီလိတ်မြို့တွင် စက်သုံးဆီဈေးနှုန်းလျှော့ချနိုင်ရေး လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ ဆွေးနွေးနေ
တာချီလိတ်မြို့တွင် စက်သုံးဆီဈေးနှုန်းလျှော့ချနိုင်ရေး လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ ဆွေးနွေးနေ
ဧပွီ 26, 2019
By 🌸
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် အမှန်တကယ် ရောင်းချသည့်ဈေးနှုန်းနှင့် ဆီအမျိုးအစားကို ဆိုင်ရှေ့ဆိုင်းဘုတ်တွင် အသိပေးကြေညာထားရန်အပါအဝင် စက်သုံးဆီဈေးနှုန်းလျှော့ချနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် စက်သုံးဆီဆိုင်လုပ်ငန်းရှင်များ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၆)ရက်နေ့က တွေ့ဆုံဆွေးနွေးနေကြပြီဖြစ်သည်။
သက်ဆိုင်ရာဌာနများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဧပြီလ (၂၅)ရက်နေ့က လိုက်လံစစ်ဆေးပြီးနောက်  ကြော်ငြာထားသည့် ဈေးနှုန်းနှင့် အမှန်တကယ်ရောင်းချသည့်ဈေးနှုန်းမတူညီဘဲ ဈေးနှုန်းထားအမျိုးမျိုးဖြင့် ရောင်းချနေမှုများကို စစ်ဆေးတွေ့ရှိရသဖြင့် ဈေးနှုန်းလျော့ချရောင်းချနိုင်ရေးနှင့် ဆီဆိုင်အဝင်ဆိုင်းဘုတ်တွင် အမှန်တကယ်ရောင်းချသည့်ဈေးနှုန်းများ ဖေါ်ပြရန်အတွက် စက်သုံးဆီဆိုင် လုပ်ငန်းရှင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရေနံထွက်ပစ္စည်းများတင်သွင်း၊ သိုလှောင်၊ သယ်ယူ၊ ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ ထိန်းသိမ်းကြီကြပ်ရေးကော်မတီတို့ ဧပြီလ (၂၆)ရက်နေ့တွင် တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်သည်။
တာချီလိတ်မြို့ရှိ စက်သုံးဆီဆိုင် (၂၂) ဆိုင်အနေဖြင့် တပြေးညီရောင်းချရမည့်စက်သုံးဆီဈေးနှုန်းများကို တာချီလိတ်မြို့ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ သယ်ယူ၊ ဖြန့်ဖြူးရောင်းချသူများအသင်းက နှုန်းထားများ သတ်မှတ်ပေးနေရာ သတ်မှတ်နှုန်းထားထက် လျှော့ချ၍ ရောင်းနိုင်ပြီး သတ်မှတ်နှုန်းထားထက် ကျော်လွန်ရောင်းချခြင်းမပြုရန် ဆွေးနွေးသဘောတူခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စက်သုံးဆီဆိုင်များက အသင်းမှသတ်မှတ်နှုန်းထားများကို ဆိုင်ရှေ့ကြော်ငြာဆိုင်းဘုတ်တွင် ဖေါ်ပြထားသော်လည်း ဆိုင်အတွင်း အမှန်တကယ်ရောင်းချရာတွင် ဈေးနှုန်းတစ်မျိုး သတ်မှတ်ရောင်းချခြင်းများ လုပ်ဆောင်နေသဖြင့် ယင်းကဲ့သို့ ဆွေးနွေးရခြင်းဖြစ်ကြောင်း သိရသည်။
သတင်း #ဟန်စိုးထိုက်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့တွင် စက်သုံးဆီစျေးနှုန်းလျှော့ချနိုင်ရေး လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ ဆွေးနွေးနေ
***************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် အမှန်တကယ် ရောင်းချသည့်စျေးနှုန်းနှင့် ဆီအမျိုးအစားကို ဆိုင်ရှေ့ဆိုင်းဘုတ်တွင် အသိပေးကြေညာထားရန်အပါအဝင် စက်သုံးဆီစျေးနှုန်းလျှော့ချနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် စက်သုံးဆီဆိုင်လုပ်ငန်းရှင်များ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၆)ရက်နေ့က တွေ့ဆုံဆွေးနွေးနေကြပြီဖြစ်သည်။
သက်ဆိုင်ရာဌာနများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဧပြီလ (၂၅)ရက်နေ့က လိုက်လံစစ်ဆေးပြီးနောက်  ကြော်ငြာထားသည့် စျေးနှုန်းနှင့် အမှန်တကယ်ရောင်းချသည့်စျေးနှုန်းမတူညီဘဲ စျေးနှုန်းထားအမျိုးမျိုးဖြင့် ရောင်းချနေမှုများကို စစ်ဆေးတွေ့ရှိရသဖြင့် စျေးနှုန်းလျော့ချရောင်းချနိုင်ရေးနှင့် ဆီဆိုင်အဝင်ဆိုင်းဘုတ်တွင် အမှန်တကယ်ရောင်းချသည့်စျေးနှုန်းများ ဖေါ်ပြရန်အတွက် စက်သုံးဆီဆိုင် လုပ်ငန်းရှင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ရေနံထွက်ပစ္စည်းများတင်သွင်း၊ သိုလှောင်၊ သယ်ယူ၊ ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ ထိန်းသိမ်းကြီကြပ်ရေးကော်မတီတို့ ဧပြီလ (၂၆)ရက်နေ့တွင် တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်သည်။
"မနေ့ကကျွန်တော်တို့က လိုက်လံပြီးစစ်ဆေးတဲ့အချိန်မှာ တစ်ချို့စက်သုံးဆီဆိုင်တွေက အပြင်မှာ ကပ်ထားတဲ့ဟာစျေးနှုန်းတစ်မျိုး၊ အထဲမှာရောင်းချနေတာစျေးနှုန်းတမျိုး ရောင်းချနေတာကို တွေ့ရတယ်။ တွေ့တော့လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံပြီးတော့ အစည်းအဝေးလေးလုပ်တာပေါ့။ ရလဒ်ကတော့ စက်သုံးဆီသုံးစွဲတဲ့သူကိုစျေးနှုန်းသက်သာစွာနဲ့ အဆင်ပြေစွာသုံးစွဲနိုင်ဖို့ပေါ့။ တင်သွင်းတဲ့စျေးနှုန်းနဲ့ အကောက်ခွန်ပေးဆောင်ရတဲ့နှုန်းထားတွေစသဖြင့် အထွေထွေကုန်ကျစရိတ်တွေပေါင်းစပ်ပြီးမှ အမြတ်ကို (၂) ဘတ်၊ (၂) ဘတ်ခွဲ အမြတ်ယူပြီးတော့ ရောင်းချမယ့်ရလဒ်တော့ ရလိုက်တာပေါ့"ဟု တာချီလိတ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့ရှှိ စက်သုံးဆီဆိုင် (၂၂) ဆိုင်အနေဖြင့် တပြေးညီရောင်းချရမည့်စက်သုံးဆီစျေးနှုန်းများကို တာချီလိတ်မြို့ စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ သယ်ယူ၊ ဖြန့်ဖြူးရောင်းချသူများအသင်းက နှုန်းထားများ သတ်မှတ်ပေးနေရာ သတ်မှတ်နှုန်းထားထက် လျှော့ချ၍ ရောင်းနိုင်ပြီး သတ်မှတ်နှုန်းထားထက် ကျော်လွန်ရောင်းချခြင်းမပြုရန် ဆွေးနွေးသဘောတူခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စက်သုံးဆီဆိုင်များက အသင်းမှသတ်မှတ်နှုန်းထားများကို ဆိုင်ရှေ့ကြော်ငြာဆိုင်းဘုတ်တွင် ဖေါ်ပြထားသော်လည်း ဆိုင်အတွင်း အမှန်တကယ်ရောင်းချရာတွင် စျေးနှုန်းတစ်မျိုး သတ်မှတ်ရောင်းချခြင်းများ လုပ်ဆောင်နေသဖြင့် ယင်းကဲ့သို့ ဆွေးနွေးရခြင်းဖြစ်ကြောင်း သိရသည်။
သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ #ကျော်ဇင်ဟိန်း
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net