မီးေလာင္မႈႏွစ္ႀကိမ္ျဖစ္ပြားခဲ့သည့္ မေကြးတုိင္း ထန္းကိုင္းေရနံေမွာ္မွ တရားမဝင္ေရနံလုပ္ကြက္မ်ား ဖယ္ရွားရမည္

မီးေလာင္မႈႏွစ္ႀကိမ္ျဖစ္ပြားခဲ့သည့္ မေကြးတုိင္း ထန္းကိုင္းေရနံေမွာ္မွ တရားမဝင္ေရနံလုပ္ကြက္မ်ား ဖယ္ရွားရမည္
ဧပြီ 24, 2019
By 🌸
ေရနံတြင္းမီးေလာင္မႈျဖစ္ပြားၿပီးေနာက္ မေကြးတုိင္းေဒသႀကီး၊ မင္းလွၿမိဳ႕နယ္ ထန္းကုိင္းေက်းရြာအု ပ္စုအတြင္းရွိ ထန္းကုိင္းေရနံေျမတြင္ တရားမဝင္ ေရနံထုတ္လုပ္တူးေဖာ္ေနမႈမ်ားကို ၂၀၁၉ ခုႏွစ္၊ ဧၿပီလ(၂၄) ရက္ေန႔ ေနာက္ဆံုးထား၍ ဖယ္ရွားရန္ ေဒသႏၱရအမိန္႔ထုတ္ျပန္လိုက္သည္။

“ ထန္းကိုင္းေမွာ္က ပိတ္သိမ္းမယ့္လုပ္ကြက္ေတြဟာ ခြင့္ျပဳခ်က္တင္ၿပီး လုပ္ၾကတဲ့လုပ္ကြက္ေတြ မဟုတ္ဘူး။  ၿပီးခဲ့တဲ့ မတ္လပုိင္းက ေရနံတြင္းမီးေလာင္လုိ႔ ျပည္ေထာင္စုကေတာင္ ယာဥ္၊ စက္ယႏၱရားေတြ အုပ္ေဆာင္းေတြသံုးၿပီး လာျငိွမ္းရတယ္။ တစ္ခါ ဒုတိယအႀကိမ္ ထပ္ေလာင္တယ္။ နုိင္ငံပုိင္ MOGE နဲ႔လည္းနီးသလုိ ကပစနဲ႔ကလည္း နီးေနေတာ့ အႏၱရာယ္ရွိတာေၾကာင့္ ျပည္ေထာင္စုက ပိတ္သိမ္းေစတာပါ”  ဟု သဘာဝပတ္ဝန္းက်င္၊ သယံဇာတေရးရာ၊ လွ်ပ္စစ္နွင့္စြမ္းအင္ဝန္ႀကီး ဦးျမင့္ေဇာ္က တာခ်ီလိတ္သတင္း ေအဂ်င္စီသုိ႔ ေျပာၾကားသည္။

ထန္းကုိင္းေရနံေမွာ္တြင္ ၂၀၁၉ခုနွစ္ မတ္လအတြင္း မီးေလာင္မႈ (၂)ႀကိမ္ျဖစ္ပြားခဲ့ရာ အနီးရိွ အမွတ္(၁၀) ကာကြယ္ေရးပစၥည္းစက္ရံုအတြက္ မီးေဘးအႏၱရာယ္စုိးရိမ္ရျခင္းႏွင့္ ေရနံလုပ္ကြက္မ်ားမွာ စက္ရံုုဧရိယာဘက္သုိ႔ တုိးေရႊ႕လာနုိင္ျခင္းတုိ႔ ကို ေျဖရွင္းေပးရန္ အလယ္ပုိင္းတုိင္းစစ္ ဌာနခ်ဳပ္(မႏၱေလး)နွင့္ အမွတ္(၁၀)ကာကြယ္ေရးပစၥည္းစက္ရံု တာဝန္ရိွသူမ်ားက မေကြးတုိင္းေဒသႀကီးအစိုးရအဖြဲ႕ထံ တင္ျပထားသျဖင့္ ဧၿပီလ (၃)ရက္ေန႔က က်င္းပသည့္ မေကြးတိုင္းေဒသႀကီး အစုိးရအဖြဲ႔ အစည္း အေဝးအမွတ္စဥ္ (၁၄/၂၀၁၉) ဆံုးျဖတ္ခ်က္ျဖင့္ ယင္းကဲ့သို႔ ေဒသႏၱရအမိန္႔ ထုတ္ျပန္လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ထန္းကိုင္းေရနံေမွာ္မွ ပိတ္သိမ္းရမည့္ ေရနံလုပ္ကြက္ပိုင္ရွင္မ်ားထံသို႔ မင္းလွၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနက ေဒသႏၱရအမိန္႔ထုတ္ျပန္ထားေၾကာင္း သိရသည္။

“ဧၿပီလ (၂၄)ရက္ေန႔မွာ လုပ္ကြက္ေတြ အၿပီးပိတ္သိမ္းမယ္ဆုိတဲ့ အသံေတြၾကားေနရတာေၾကာင့္ အနယ္နယ္ အရပ္ရပ္က ထန္းကိုင္းေမွာ္ကို မွီတင္းေနၾကရတဲ့ ခုႏွစ္ေသာင္းေလာက္ရွိတဲ့လူဦးေရရဲ႕ မိသားစုဘဝ ရပ္တည္ေရးအတြက္နဲ႔ ကေလးေတြပညာေရးအတြက္ ေတြးပူၿပီး စိတ္ဆင္းရဲေနၾကပါတယ္။ ျပည္သူေတြ တင္ေျမွာက္ထားတဲ့ ျပည္သူ႔အစုိးရက ဘာမဟုတ္တဲ့ အေၾကာင္းျပခ်က္ေလးနဲ႔ ျပည္သူေတြဘဝရပ္တည္မႈ ခက္ခဲက်ပ္တည္းေအာင္ လုပ္တာမ်ိဳးေတာ့ မျဖစ္သင့္ဖူးေပါ့ဗ်ာ” ဟု ထန္းကိုင္းေရနံေမွာ္လုပ္ကုိင္သူ ေဒသခံ ဦးေဌးဝင္းက ေျပာသည္။

မေကြးတုိင္းေဒသႀကီးအတြင္း ၿမိဳင္၊ ေဆာ၊ မင္းလွ၊ ပခုကၠဴ၊ ေပါက္၊ စလင္း၊ မင္းဘူးၿမိဳ႕နယ္အသီးသီး၌ ယခင္က ခြင့္ျပဳခ်က္ရထားသည့္ ေရနံလုပ္ကြက္ (၃၁)ကြက္ရွိခဲ့ေသာ္လည္း ယခုအခါ သက္တမ္းတုိးနွင့္ အသစ္ေလွ်ာက္သည့္ လုပ္ကြက္ (၁၇)ကြက္သာရွိေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မီးလောင်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့သည့် မကွေးတိုင်း ထန်းကိုင်းရေနံမှော်မှ တရားမဝင်ရေနံလုပ်ကွက်များ ဖယ်ရှားရမည်
************
ရေနံတွင်းမီးလောင်မှုဖြစ်ပွားပြီးနောက် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ထန်းကိုင်းကျေးရွာအုပ်စုအတွင်းရှိ ထန်းကိုင်းရေနံမြေတွ တရားမဝင် ရေနံထုတ်လုပ်တူးဖော်နေမှုများကို ၂၀၁၉ ခုနှစ်၊ ဧပြီလ(၂၄) ရက်နေ့ နောက်ဆုံးထား၍ ဖယ်ရှားရန် ဒေသန္တရအမိန့်ထုတ်ပြန်လိုက်သည်။

“ ထန်းကိုင်းမှော်က ပိတ်သိမ်းမယ့်လုပ်ကွက်တွေဟာ ခွင့်ပြုချက်တင်ပြီး လုပ်ကြတဲ့လုပ်ကွက်တွေ မဟုတ်ဘူး။  ပြီးခဲ့တဲ့ မတ်လပိုင်းက ရေနံတွင်းမီးလောင်လို့ ပြည်ထောင်စုကတောင် ယာဉ်၊ စက်ယန္တရားတွေ အုပ်ဆောင်းတွေသုံးပြီး လာငြိှမ်းရတယ်။ တစ်ခါ ဒုတိယအကြိမ် ထပ်လောင်တယ်။ နိုင်ငံပိုင် MOGE နဲ့လည်းနီးသလို ကပစနဲ့ကလည်း နီးနေတော့ အန္တရာယ်ရှိတာကြောင့် ပြည်ထောင်စုက ပိတ်သိမ်းစေတာပါ”  ဟု သဘာဝပတ်ဝန်းကျင်၊ သယံဇာတရေးရာ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောကြားသည်။

ထန်းကိုင်းရေနံမှော်တွင် ၂၀၁၉ခုနှစ် မတ်လအတွင်း မီးလောင်မှု (၂)ကြိမ်ဖြစ်ပွားခဲ့ရာ အနီးရှိ အမှတ်(၁၀) ကာကွယ်ရေးပစ္စည်းစက်ရုံအတွက် မီးဘေးအန္တရာယ်စိုးရိမ်ရခြင်းနှင့် ရေနံလုပ်ကွက်များမှာ စက်ရုုံဧရိယာဘက်သို့ တိုးရွှေ့လာနိုင်ခြင်းတို့ ကို ဖြေရှင်းပေးရန် အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်(မန္တလေး)နှင့် အမှတ်(၁၀)ကာကွယ်ရေးပစ္စည်းစက်ရုံ တာဝန်ရှိသူများက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားသဖြင့် ဧပြီလ (၃)ရက်နေ့က ကျင်းပသည့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်း အဝေးအမှတ်စဉ် (၁၄/၂၀၁၉) ဆုံးဖြတ်ချက်ဖြင့် ယင်းကဲ့သို့ ဒေသန္တရအမိန့် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထန်းကိုင်းရေနံမှော်မှ ပိတ်သိမ်းရမည့် ရေနံလုပ်ကွက်ပိုင်ရှင်များထံသို့ မင်းလှမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဒေသန္တရအမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။

“ဧပြီလ (၂၄)ရက်နေ့မှာ လုပ်ကွက်တွေ အပြီးပိတ်သိမ်းမယ်ဆိုတဲ့ အသံတွေကြားနေရတာကြောင့် အနယ်နယ် အရပ်ရပ်က ထန်းကိုင်းမှော်ကို မှီတင်းနေကြရတဲ့ ခုနှစ်သောင်းလောက်ရှိတဲ့လူဦးရေရဲ့ မိသားစုဘဝ ရပ်တည်ရေးအတွက်နဲ့ ကလေးတွေပညာရေးအတွက် တွေးပူပြီး စိတ်ဆင်းရဲနေကြပါတယ်။ ပြည်သူတွေ တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရက ဘာမဟုတ်တဲ့ အကြောင်းပြချက်လေးနဲ့ ပြည်သူတွေဘဝရပ်တည်မှု ခက်ခဲကျပ်တည်းအောင် လုပ်တာမျိုးတော့ မဖြစ်သင့်ဖူးပေါ့ဗျာ” ဟု ထန်းကိုင်းရေနံမှော်လုပ်ကိုင်သူ ဒေသခံ ဦးဌေးဝင်းက ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း မြိုင်၊ ဆော၊ မင်းလှ၊ ပခုက္ကူ၊ ပေါက်၊ စလင်း၊ မင်းဘူးမြို့နယ်အသီးသီး၌ ယခင်က ခွင့်ပြုချက်ရထားသည့် ရေနံလုပ်ကွက် (၃၁)ကွက်ရှိခဲ့သော်လည်း ယခုအခါ သက်တမ်းတိုးနှင့် အသစ်လျှောက်သည့် လုပ်ကွက် (၁၇)ကွက်သာရှိကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net