နေပြည်တော်သံတမန်ဇုန်တွင် အမေရိကန်နှင့် တရုတ် သံရုံးဆက်ဆံရေးရုံးများ ဖွင့်လှစ်ထားပြီး သံရုံး (၂၁)ရုံးက မြေနေရာကိစ္စများဆောင်ရွက်နေဆဲ

နေပြည်တော်သံတမန်ဇုန်တွင် အမေရိကန်နှင့် တရုတ် သံရုံးဆက်ဆံရေးရုံးများ ဖွင့်လှစ်ထားပြီး သံရုံး (၂၁)ရုံးက မြေနေရာကိစ္စများဆောင်ရွက်နေဆဲ
ဧပွီ 12, 2019
By Tachileik News Agency

နေပြည်တော် သံတမန်ဇုန်တွင် အမေရိကန်နှင့် တရုတ်နိုင်ငံများက သံရုံးဆက်ဆံရေးရုံးများ ဖွင့်လှစ်ထားပြီး သံရုံး (၂၁)ရုံးက မြေကွက်ငှားရမ်းခြင်းနှင့် နှစ်နိုင်ငံသံတမန်မြေလဲလှယ်ရေး စာချုပ်ချုပ်ဆိုခြင်းများအတွက် ဆောင်ရွက်နေကြကြောင်း သိရသည်။

နေပြည်တော်သံတမန်ဇုန်တွင် အမေရိကန်သံရုံးဆက်ဆံရေးရုံး ပန္နက်ရိုက်ခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့ပြီး တရုတ်သံရုံးဆက်ဆံရေးရုံးမှာ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလကတည်းက ဖွင့်လှစ်ထားခြင်းဖြစ်သည်။


ကုလသမဂ္ဂအေဂျင်စီ အများအပြား ပါဝင်သည့် ကုလသမဂ္ဂရုံးကိုလည်း နေပြည်တော်သံတမန်ဇုန်တွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လက ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - MOFA


~~~~~~~~⊰❂ Unicode Version ~~~~~~~~

နပြေည်တော် သံတမန်ဇုန်တွင် အမေရိကန်နှင့် တရုတ်နိုင်ငံများက သံရုံးဆက်ဆံရေးရုံးများ ဖွင့်လှစ်ထားပြီး သံရုံး (၂၁)ရုံးက မြေကွက်ငှါးရမ်းခြင်းနှင့် နှစ်နိုင်ငံသံတမန်မြေလဲလှယ်ရေး စာချုပ်ချုပ်ဆိုခြင်းများအတွက် ဆောင်ရွက်နကြေကြောင်း သိရသည်။

နပြေည်တော်သံတမန်ဇုန်တွင် အမေရိကန်သံရုံးဆက်ဆံရေးရုံး ပန္နက်ရိုက်ခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့က နပြေည်တော်တွင် ကျင်းပခဲ့ပြီး တရုတ်သံရုံးဆက်ဆံရေးရုံးမှာ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလကတည်းက ဖွင့်လှစ်ထားခြင်းဖြစ်သည်။

သံတမန်ဇုန်မှ မြေကွက် (၈၈) ကွက်အနက် မြေကွက် (၂၉)ကွက်ကို သံရုံး(၁၆)ရုံးက ရွေးချယ်အဆိုပြုထားကာ သံရုံး (၂)ရုံးက မြေကွက်များ ငှါးရမ်းစာချုပ် ချုပ်ဆိုထားပြီး သံရုံး(၃)ရုံးက နှစ်နိုင်ငံသံတမန်မြေ လဲလှယ်ရေး စာချုပ်များ ချုပ်ဆိုခြင်း၊ ညှိနှိုင်းခြင်းများ ပြုလုပ်နေကြောင်းသိရသည်။

ကုလသမဂ္ဂအေဂျင်စီ အများအပြား ပါဝင်သည့် ကုလသမဂ္ဂရုံးကိုလည်း နပြေည်တော်သံတမန်ဇုန်တွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လက ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - MOFA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net