မုိင္းေယာင္းတြင္ အသက္ (၇၀)အမ်ိဳးသမီးေနအိမ္မွ စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ

မုိင္းေယာင္းတြင္ အသက္ (၇၀)အမ်ိဳးသမီးေနအိမ္မွ စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ
ဧပြီ 30, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မုိင္းေယာင္းၿမိဳ႕၊ ကာလုပ္ေက်းရြာမွ မူးယစ္သတင္းရေနအိမ္အား ဝင္ေရာက္ရွာေဖြ ဖမ္းဆီးရာ အသက္ (၇၀)အရြယ္ အိမ္ရွင္အမ်ိဳးသမီးကို  စိတ္ၾကြေဆးျပား (၂၀၀)၊ မူးယစ္ေဆးသံုးသည့္ ဆက္စပ္ပစၥည္းမ်ားကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

နယ္ေျမခံတပ္၊ စရဖ၊ မူးယစ္တပ္ဖြဲ႕စုတုိ႔က သက္ေသမ်ားပါဝင္သည့္ပူးေပါင္းအဖြဲ႕ျဖင့္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၉)ရက္ေန႔ ညေန (၅)နာရီခြဲဝန္းက်င္တြင္ မူးယစ္ေဆးေရာင္းခ်ေၾကာင္း သတင္းရသည့္ ကာလုပ္ေက်းရြာမွ ေဒၚအီေကာင္းတစ္၏ေနအိမ္အား ဝင္ေရာက္ရွာေဖြဖမ္းဆီးျခင္းျဖစ္ေၾကာင္း သိရသည္။

ေနအိမ္ၿခံဝန္း ေကာက္ရိုးစင္ေပၚတြင္ ပန္းသီးတံဆိပ္အိတ္ျဖင့္ထည့္ထားသည့္ စိတ္ၾကြေဆးျပား (၂၀၀)ႏွင့္ မူးယစ္ေဆးသံုးသည့္ ဆက္စပ္ပစၥည္းမ်ားကို ရွာေဖြေတြ႔ရိွရသျဖင့္ အီေကာင္းတစ္ကို မုိင္းေယာင္းၿမိဳ႕မရဲစခန္း တြင္ မယ(ပ)၄/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မိုင်းယောင်းတွင် အသက် (၇၀)အမျိုးသမီးနေအိမ်မှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
*************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့၊ ကာလုပ်ကျေးရွာမှ မူးယစ်သတင်းရနေအိမ်အား ဝင်ရောက်ရှာဖွေ ဖမ်းဆီးရာ အသက် (၇၀)အရွယ် အိမ်ရှင်အမျိုးသမီးကို  စိတ်ကြွဆေးပြား (၂၀၀)၊ မူးယစ်ဆေးသုံးသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိကြောင်း သိရသည်။

နယ်မြေခံတပ်၊ စရဖ၊ မူးယစ်တပ်ဖွဲ့စုတို့က သက်သေများပါဝင်သည့်ပူးပေါင်းအဖွဲ့ဖြင့် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့ ညနေ (၅)နာရီခွဲဝန်းကျင်တွင် မူးယစ်ဆေးရောင်းချကြောင်း သတင်းရသည့် ကာလုပ်ကျေးရွာမှ ဒေါ်အီကောင်းတစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

နေအိမ်ခြံဝန်း ကောက်ရိုးစင်ပေါ်တွင် ပန်းသီးတံဆိပ်အိတ်ဖြင့်ထည့်ထားသည့် စိတ်ကြွဆေးပြား (၂၀၀)နှင့် မူးယစ်ဆေးသုံးသည့် ဆက်စပ်ပစ္စည်းများကို ရှာဖွေတွေ့ရှိရသဖြင့် အီကောင်းတစ်ကို မိုင်းယောင်းမြို့မရဲစခန်း တွင် မယ(ပ)၄/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net