မြန်မာက အချိုးကျပူးတွဲပိုင်ဆိုင်မည့် ဂြိုလ်တုကို ယခုနှစ် ဇွန်လတွင် လွှတ်တင်တော့မည်

မြန်မာက အချိုးကျပူးတွဲပိုင်ဆိုင်မည့် ဂြိုလ်တုကို ယခုနှစ် ဇွန်လတွင် လွှတ်တင်တော့မည်
ဧပွီ 13, 2019
By Tachileik News Agency


အဖွဲ့ဝင် (၁၃)ဦးပါဝင်သည့် မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၇/၂၀၁၇ ဖြင့် ဖွဲ့စည်းဆောင်ရွက်နေရာ ပထမအဆင့်အနေဖြင့် အခြားနိုင်ငံကပိုင်သည့် ဂြိုဟ်တုထရန်စပွန်ဒါကို ငှားရမ်းကာ ငွေပေးချေသည့်စနစ်ဖြင့် MyanmarSat-1 ကို ငှားရမ်းအသုံးပြုခဲ့ကာ ဒုတိယအဆင့်အနေဖြင့် အချိုးကျပူးတွဲပိုင်ဆိုင်မည့်ဂြိုလ်တုလွှတ်တင်ရေးကို ထပ်မံဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။




မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီတွင် မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်တည်ထောင်ရေး လုပ်ငန်းကော်မတီတစ်ခုနှင့် ဆပ်ကော်မတီ(၄)ခု ကို ဖွဲ့စည်းဆောင်ရွက်နေပြီး Space Agency ထူထောင်နိုင်ရေးနှင့် Space Law များ စုဆောင်းပြင်ဆင်ရေးတို့အပြင် ကိုယ်ပိုင်ဂြိုလ်တုလွှတ်တင်နိုင်ရေးကိုလည်း လုပ်ဆောင်နေကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာနိုင်ငံက အချိုးကျပူးတွဲပိုင်ဆိုင်မည့် MyanmarSat - 2 ဂြိုဟ်တုကို ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် အာကာသသို့ လွှတ်တင်မည်ဖြစ်ပြီး စက်တင်ဘာလလယ်ခန့်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဖွဲ့ဝင် (၁၃)ဦးပါဝင်သည့် မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၇/၂၀၁၇ ဖြင့် ဖွဲ့စည်းဆောင်ရွက်နေရာ ပထမအဆင့်အနဖြေင့် အခြားနိုင်ငံကပိုင်သည့် ဂြိုဟ်တုထရန်စပွန်ဒါကို ငှါးရမ်းကာ ငွေပေးချေသည့်စနစ်ဖြင့် MyanmarSat-1 ကို ငှါးရမ်းအသုံးပြုခဲ့ကာ ဒုတိယအဆင့်အနဖြေင့် အချိုးကျပူးတွဲပိုင်ဆိုင်မည့်ဂြိုလ်တုလွှတ်တင်ရေးကို ထပ်မံဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

အချိုးကျပူးတွဲပိုင်ဆိုင်သည့်စနစ်ဖြစ်ပြီး၎င်းစနစ်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနှင့် Intelsat Global Sales & Marketing Limited တို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အချိုးကျပူးတွဲပိုင်ဆိုင်မည့် MyanmarSat - 2 ဂြိုဟ်တုအတွက် စုစုပေါင်းအမေရိကန် ဒေါ်လာ ၁၅၅ ဒသမ ၇ သန်း မြန်မာကပေးချေရမည်ဖြစ်သည့်အနက် ၂၀၁၈ ခုနှစ်၊ (၆)လ ဘတ်ဂျက်တွင် (၃၀) ရာခိုင်နှုန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် (၅၀) ရာခိုင်နှုန်းပေးချေထားပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျန် (၂၀)ရာခိုင်နှုန်း ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

MyanmarSat-2 လွှင့်တင်ပြီး လက်ရှိအသုံးပြုနေသည့် MyanmarSat-1 မှ လိုင်းအင်အားများကို ပြောင်းရွှေ့ပြီးပါက MyanmarSat-1 အတွက် ငှါးရမ်းခ ပေးချေရန်မလိုတော့ကြောင်း သိရသည်။

မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီတွင် မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်တည်ထောင်ရေး လုပ်ငန်းကော်မတီတစ်ခုနှင့် ဆပ်ကော်မတီ(၄)ခု ကို ဖွဲ့စည်းဆောင်ရွက်နပြေီး Space Agency ထူထောင်နိုင်ရေးနှင့် Space Law များ စုဆောင်းပြင်ဆင်ရေးတို့အပြင် ကိုယ်ပိုင်ဂြိုလ်တုလွှတ်တင်နိုင်ရေးကိုလည်း လုပ်ဆောင်နေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net