ျမန္မာ - ဘဂၤလားေဒ့ရွ္ႏွစ္ႏုိုင္ငံ တရားမဝင္နယ္စပ္ျဖတ္ေက်ာ္မ်ားအား ႏွစ္ႏိုင္ငံပူးတြဲတားဆီးႏွိမ္ႏွင္းမည္

ျမန္မာ - ဘဂၤလားေဒ့ရွ္ႏွစ္ႏုိုင္ငံ တရားမဝင္နယ္စပ္ျဖတ္ေက်ာ္မ်ားအား ႏွစ္ႏိုင္ငံပူးတြဲတားဆီးႏွိမ္ႏွင္းမည္
ဧပြီ 10, 2019
By Tachileik News Agency

ျမန္မာ - ဘဂၤလားေဒ့ရွ္ႏွစ္ႏုိင္ငံ တရားမဝင္နယ္စပ္ျဖတ္ေက်ာ္ဝင္ေရာက္မႈမ်ားအား ထိေရာက္စြာ တားဆီးႏွိမ္ႏွင္းႏုိင္ေရး အပါအဝင္ ႏွစ္ႏုိင္ငံနယ္စပ္ကိစၥမ်ားႏွင့္ပတ္သက္၍ သေဘာတူညီခ်က္မ်ားကို လက္မွတ္ေရးထိုး ေၾကာင္း ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၉)ရက္ေန႔က သတင္းထုတ္ျပန္သည္။

အဆိုပါ သေဘာတူညီခ်က္မ်ားတြင္ ႏွစ္ႏုိင္ငံ နယ္စပ္ျဖတ္ေက်ာ္ မူးယစ္ေဆးဝါးသယ္ေဆာင္ေရာင္းဝယ္မႈ၊ အၾကမ္းဖက္မႈ၊ တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္ ဝင္ေရာက္မႈမ်ားကို ထိေရာက္စြာ တားဆီးႏွိမ္နင္းေရး၊ ႏွစ္ႏိုင္ငံ၌ ျပစ္ဒဏ္က်ခံၿပီး၍ ျပန္လည္လြတ္ေျမာက္လာေသာ ႏိုင္ငံသားမ်ားအား အျပန္အလွန္လႊဲေျပာင္း ေပးေရး၊ ႏွစ္ႏိုင္ငံနယ္ျခားေစာင့္တပ္ဖြဲ႕မ်ားအၾကား တပ္ရင္းမႉးအဆင့္ႏွင့္ ကြပ္ကဲေရးမႉးအဆင့္ မ်ားတြင္ အလံတင္အစည္းအေဝးမ်ား ပုံမွန္က်င္းပျပဳလုပ္ေရး၊ ေမာင္ေတာ-တကၠနာ့ဖ္ နယ္စပ္ ဆက္ဆံေရး႐ုံးတို႔၏ ပထမအႀကိမ္အစည္းအေဝး က်င္းပျပဳလုပ္ေရး၊ နယ္စပ္ေဒသလုံၿခဳံေရးႏွင့္ တရားဥပေဒစိုးမိုးေရးဆိုင္ရာ သတင္းအခ်က္အလက္မ်ား အခ်ိန္ႏွင့္တစ္ေျပးညီဖလွယ္ေရး၊ ႏွစ္ႏိုင္ငံ နယ္နိမိတ္မ်ဥ္းတစ္ေလ်ာက္ ႏွစ္ဘက္ညႇိႏႈိင္းကင္းလွည့္မႈမ်ား ဆက္လက္ေဆာင္႐ြက္ေရး၊ ႏွစ္ႏိုင္ငံ နယ္ျခားေစာင့္တပ္ဖြဲ႕မ်ားအၾကား ပူးေပါင္းေဆာင္႐ြက္မႈ ပိုမိုျမႇင့္တင္ႏိုင္ေရးအတြက္ ယုံၾကည္မႈ တည္ေဆာက္ေရးလုပ္ငန္းစဥ္မ်ား အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေရးတို႔ပါဝင္ေၾကာင္း သိရသည္။

ဆ႒မအႀကိမ္ ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံနယ္ျခားေစာင့္တပ္ဖြဲ႕မ်ားအၾကား အဆင့္ျမင့္အရာရွိႀကီးမ်ား အစည္းအေဝး ပူးတြဲေဆြးေႏြးမႈမွတ္တမ္း လက္မွတ္ေရးထိုးျခင္းႏွင့္ ပူးတြဲ သတင္းထုတ္ျပန္သည့္ အခမ္းအနားကို ၂၀၁၉ ခုႏွစ္၊ ဧၿပီလ ၉ ရက္ေန႔က ေနျပည္ေတာ္ရိွ Royal ACE Hotel ၌ က်င္းပခဲ့ၿပီး သတၱမအႀကိမ္ ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္ဖြဲ႕မ်ားအၾကား အဆင့္ျမင့္ အရာရွိႀကီးမ်ား အစည္းအေဝးကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလအတြင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ဒါကာၿမိဳ႕၌ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - MOHF


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများအား ထိရောက်စွာ တားဆီးနှိမ်နှင်းနိုင်ရေး အပါအဝင် နှစ်နိုင်ငံနယ်စပ်ကိစ္စများနှင့်ပတ်သက်၍ သဘောတူညီချက်များကို လက်မှတ်ရေးထိုး ကြောင်း ၂၀၁၉ ခုနှစ်၊ ဧပြီလ (၉)ရက်နေ့က သတင်းထုတ်ပြန်သည်။

အဆိုပါ သဘောတူညီချက်များတွင် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှု၊ အကြမ်းဖက်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများကို ထိရောက်စွာ တားဆီးနှိမ်နင်းရေး၊ နှစ်နိုင်ငံ၌ ပြစ်ဒဏ်ကျခံပြီး၍ ပြန်လည်လွတ်မြောက်လာသော နိုင်ငံသားများအား အပြန်အလှန်လွှဲပြောင်း ပေးရေး၊ နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များအကြား တပ်ရင်းမှူးအဆင့်နှင့် ကွပ်ကဲရေးမှူးအဆင့် များတွင် အလံတင်အစည်းအဝေးများ ပုံမှန်ကျင်းပပြုလုပ်ရေး၊ မောင်တော-တက္ကနာ့ဖ် နယ်စပ် ဆက်ဆံရေးရုံးတို့၏ ပထမအကြိမ်အစည်းအဝေး ကျင်းပပြုလုပ်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီဖလှယ်ရေး၊ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းတစ်လျောက် နှစ်ဘက်ညှိနှိုင်းကင်းလှည့်မှုများ ဆက်လက်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်ရေးအတွက် ယုံကြည်မှု တည်ဆောက်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့ပါဝင်ကြောင်း သိရသည်။

ဆဋ္ဌမအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များအကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ပူးတွဲဆွေးနွေးမှုမှတ်တမ်း လက်မှတ်ရေးထိုးခြင်းနှင့် ပူးတွဲ သတင်းထုတ်ပြန်သည့် အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့က နပြေည်တော်ရှိ Royal ACE Hotel၌ ကျင်းပခဲ့ပြီး သတ္တမအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့များအကြား အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - MOHF

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net