မကွေးတိုင်းအတွင်း လေဘေးသင့် ကျေးရွာပေါင်း (၇၃)ရွာအား ကျပ်သိန်း(၃၅၄)ကျော် တန်ဖိုးရှိ ဆန်ရိက္ခာ၊ ဆောက်လုပ်ရေး နှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့

မကွေးတိုင်းအတွင်း လေဘေးသင့် ကျေးရွာပေါင်း (၇၃)ရွာအား ကျပ်သိန်း(၃၅၄)ကျော် တန်ဖိုးရှိ ဆန်ရိက္ခာ၊ ဆောက်လုပ်ရေး နှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့
ဧပွီ 21, 2019
By Tachileik News Agency

မကွေးတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခတ်မှုများကြောင့် မြို့နယ်(၉)မြို့နယ်ရှိ  ကျေးရွာပေါင်း (၇၃) ရွာတွင် လူနေအိမ် နှင့် ဘာသာရေးအဆောက်အဦအချို့ ပျက်ဆီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ကျပ်(၃၅၄)သိန်းကျော် တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများကို  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ပေးအပ်ထားကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၉ခုနှစ်၊ မတ်လ(၃၀)ရက်နေ့မှ ဧပြီလ(၁၈)ရက်နေ့အထိ လေပြင်းတိုက် ခတ်မှုများကြောင့် လူနေအိမ်(၃၃)လုံး နှင့် ဘာသာရေးအဆောက်အဦး(၁)ခု ပြိုကျပျက်ဆီးခဲ့ပြီး လူနေအိမ် (၅၇၉)လုံး နှင့် ဘာသာရေးအဆောက်အဦး(၁၃)လုံးတို့ တစ်စိတ်တစ်ပိုင်းပျက်ဆီးမှုများနှင့် ကြုံတွေ့ခဲ့ရ၍ အိမ်ထောင်စု(၆၁၂)စုမှ လူဦးရေ(၁,၇၉၇)ဦး လေဘေးသင့်ခံရကာ ပျက်ဆီးဆုံးရှုံးမှုတန်ဖိုး (၂၉.၁၀၂.၉၅၀) ကျပ်ရှိခဲ့ကြောင်း သိရ၍ မကွေးတိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက တန်ဖိုးကျပ်(၃၅,၄၀၃,၆၃၉)ရှိသည့် ဆန်ရိက္ခာ ၊ ဆောက်လုပ်ရေး နှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ ပေးထားခြင်းဖြစ်ကြောင်း သိရသည်။


မတ်လ(၃၀)ရက်နေ့မှ စတင်၍ မကွေးမြို့နယ်၊ ငါးဆောင်ကျေးရွာ ၊ ပွင့်ဖြူမြို့နယ် ရေဖြူတွင်းကျေးရွာ ၊ သရက်မြို့နယ် ၊ စက်တောင်ကျေးရွာ၊ ဂန့်ဂေါမြို့နယ်၊ ညောင်လယ်ကျေးရွာ၊ ဂန့်ဂေါမြို့နယ် ၊ ဖုန်းဆို ကြယ်ကျေးရွာ ၊ပေါက်မြို့နယ် ၊ ၀န်တင်ကျေးရွာ၊ မကွေးမြို့နယ် ဖိုဝေးကျေးရွာ နှင့် ဆူးပြစ်စမ်းကျေးရွာ၊ ကံမမြို့နယ်အတွင်းမှ ကျေးရွာ(၄)ရွာ ၊ ပခုက္ကူမြို့နယ်အတွင်းမှ ကျေးရွာ(၁၀)ရွာ ၊ သရက်မြို့နယ်အတွင်း မှ ကျေးရွာ (၆)ရွာ၊ ပေါက်မြို့နယ်မှ ကျေးရွာ(၁၆)ရွာ ၊ တောင်တွင်းကြီးမြို့နယ်မှ ကျေးရွာ(၁၈)ရွာ၊ ဂန့်ဂေါ မြို့နယ်မှ ကျေးရွာ (၂)ရွာ ၊ ပေါက်မြို့နယ်မှ ကျေးရွာ(၃)ရွာ နှင့် မိုင်မြို့နယ်မှ ကျေးရွာ(၆)ရွာတို့တွင် လေပြင်းတိုက်ခတ်၍ ပျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

သတင်း - ဖီးနစ်


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီးအတွင်း လပြေင်းတိုက်ခတ်မှုများကြောင့် မြို့နယ်(၉)မြို့နယ်ရှိ ကျေးရွာပေါင်း (၇၃) ရွာတွင် လူနေအိမ် နှင့် ဘာသာရေးအဆောက်အဦအချို့ ပျက်ဆီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ကျပ်(၃၅၄)သိန်းကျော် တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ပေးအပ်ထားကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၉ခုနှစ်၊ မတ်လ(၃၀)ရက်နေ့မှ ဧပြီလ(၁၈)ရက်နေ့အထိ လပြေင်းတိုက် ခတ်မှုများကြောင့် လူနေအိမ်(၃၃)လုံး နှင့် ဘာသာရေးအဆောက်အဦး(၁)ခု ပြိုကျပျက်ဆီးခဲ့ပြီး လူနေအိမ် (၅၇၉)လုံး နှင့် ဘာသာရေးအဆောက်အဦး(၁၃)လုံးတို့ တစ်စိတ်တစ်ပိုင်းပျက်ဆီးမှုများနှင့် ကြုံတွေ့ခဲ့ရ၍ အိမ်ထောင်စု(၆၁၂)စုမှ လူဦးရေ(၁,၇၉၇)ဦး လေဘေးသင့်ခံရကာ ပျက်ဆီးဆုံးရှုံးမှုတန်ဖိုး (၂၉.၁၀၂.၉၅၀) ကျပ်ရှိခဲ့ကြောင်း သိရ၍ မကွေးတိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက တန်ဖိုးကျပ်(၃၅,၄၀၃,၆၃၉)ရှိသည့် ဆန်ရိက္ခါ၊ ဆောက်လုပ်ရေး နှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

“လေဘေးသင့် ပြည်သူတွေလက်ထဲကို ကယ်ဆယ်ရေးပစ္စည်းတွေ၊ ရန်ပုံငွေတွေ အချိန်မီရောက်ရှိအောင် ဆောင်ရွက်ပေးနေပါတယ်။ ဘေးအန္တရာယ်လျော့ပါးရေးအတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ ကတော့ ကျေးရွာတွေမှာ ပညာပေးဟောပြောပွဲတွေ၊ ဇာတ်တိုက်လေ့ကျင့်မှုတွေ လုပ်ဆောင်သွားမှာပါ”ဟု မကွေးတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ တိုင်းဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးမြင့်စိုး က တာချီလိတ်တင်း အေဂျင်စီသို့ ပြောသည်။

မတ်လ(၃၀)ရက်နေ့မှ စတင်၍ မကွေးမြို့နယ်၊ ငါးဆောင်ကျေးရွာ၊ ပွင့်ဖြူမြို့နယ် ရဖြေူတွင်းကျေးရွာ၊ သရက်မြို့နယ်၊ စက်တောင်ကျေးရွာ၊ ဂန့်ဂေါမြို့နယ်၊ ညောင်လယ်ကျေးရွာ၊ ဂန့်ဂေါမြို့နယ်၊ ဖုန်းဆို ကြယ်ကျေးရွာ၊ပေါက်မြို့နယ်၊ ဝန်တင်ကျေးရွာ၊ မကွေးမြို့နယ် ဖေိုဝးကျေးရွာ နှင့် ဆူးပြစ်စမ်းကျေးရွာ၊ ကံမမြို့နယ်အတွင်းမှ ကျေးရွာ(၄)ရွာ၊ ပခုက္ကူမြို့နယ်အတွင်းမှ ကျေးရွာ(၁၀)ရွာ၊ သရက်မြို့နယ်အတွင်း မှ ကျေးရွာ (၆)ရွာ၊ ပေါက်မြို့နယ်မှ ကျေးရွာ(၁၆)ရွာ၊ တောင်တွင်းကြီးမြို့နယ်မှ ကျေးရွာ(၁၈)ရွာ၊ ဂန့်ဂေါ မြို့နယ်မှ ကျေးရွာ (၂)ရွာ၊ ပေါက်မြို့နယ်မှ ကျေးရွာ(၃)ရွာ နှင့် မိုင်မြို့နယ်မှ ကျေးရွာ(၆)ရွာတို့တွင် လပြေင်းတိုက်ခတ်၍ ပျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net