အရည္အေသြးမျပည့္မီသည့္ဆီမ်ား ဆက္လက္မေရာင္းရန္ လားရိွႈးရိွ စက္သံုးဆီဆုိင္ (၃)ဆုိင္ စားသံုးသူေရးရာဦးစီးဌာနထံ ခံဝန္ကတိလက္မွတ္ေရးထိုး

အရည္အေသြးမျပည့္မီသည့္ဆီမ်ား ဆက္လက္မေရာင္းရန္ လားရိွႈးရိွ စက္သံုးဆီဆုိင္ (၃)ဆုိင္ စားသံုးသူေရးရာဦးစီးဌာနထံ ခံဝန္ကတိလက္မွတ္ေရးထိုး
ဧပြီ 29, 2019
By 🌸
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရိႈးၿမိဳ႕တြင္ စက္သံုးဆီအေရာင္းဆိုင္ႀကီး (၃) ဆိုင္မွ တာဝန္ရွိသူမ်ားအား အရည္အေသြးမျပည့္မီသည့္ဆီမ်ား ဆက္လက္ေရာင္းခ်ပါက စားသံုးသူဥပေဒအရအေရးယူခံရမည္ ကိုသိရွိေၾကာင္း ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၉) ရက္တြင္ စားသံုးသူေရးရာဦးစီးဌာနက ခံဝန္ကတိလက္မွတ္ေရးထိုးထားေစေၾကာင္း သိရသည္။

"ျမန္မာ့ေရနံထြက္ပစၥည္းေရာင္းဝယ္ေရးဌာနကေန အရည္အေသြးစစ္ေဆးမယ့္ သက္ဆိုင္ရာဌာနကို ေပးပို႔ စစ္ေဆးခ်က္အရ အဖြဲ႔စံုနဲ႔စစ္ေဆးခဲ့တဲ့ ဆိုင္ႀကီး (၅) ဆိုင္ထဲက ဆိုင္ (၃) ဆိုင္ မွာေရာင္းခ်ေနတဲ့ ဓါတ္ဆီ 95 RON နဲ႔ ပရီမီယမ္ ဒီဇယ္ဆီေတြမွာ အရည္ အေသြး မျပည့္မီတဲ့အတြက္ ပထမဦးဆံုးအျဖစ္ ဒဏ္ေငြရိုက္ သတိေပး လိုက္တယ္။ အဲဒီဆီေတြကို ဆက္လက္ ေရာင္းခ်ေနရင္ ျပည္သူကိုလိမ္လည္ေရာင္းခ်သလို ျဖစ္ ေနမယ္။ ဒါေၾကာင့္ အရည္အေသြးမျပည့္မီတဲ့ဆီေတြကို ဆက္ၿပီးေရာင္းခ်ရင္ စားသံုးသူကာကြယ္ေရးဥပေဒ အရ အေရးယူခံရမယ္ဆိုတာကို သိရွိေၾကာင္း အဲဒီဆိုင္ (၃) ခု က တာဝန္ရွိသူေတြကို ဝန္ခံကတိလက္မွတ္ထိုး ေစတာ ျဖစ္ပါတယ္။ အရည္အေသြးမျပည့္မီတဲ့ဆီေတြကို ဆက္မေရာင္းဘဲနဲ႔ တစ္ျခားတစ္ေနရာ ကေနျပန္္ယူၿပီး အရည္အေသြးျပည့္မွီတဲ့ဆီေတြကို ဆက္ေရာင္းမယ္ဆိုရင္ေတာ့ ေရာင္းလို႔ရပါတယ္" ဟု စားသံုးသူေရးရာဦးစီးဌာန ဒုတိယ ျပည္နယ္ဦးစီးမွဴးရံုး (လားရိႈး) မွ ဒုတိယျပည္နယ္ ဦးစီးမွဴး ဦးေဇာ္မင္းသန္းက တာခ်ီလိတ္သတင္းေအဂ်င္္စီသုိ႔ ေျပာသည္။

လားရိႈးၿမိဳ႕ရွိ စက္သံုးဆီအေရာင္းဆိုင္ႀကီး ၅ ဆိုင္အား ျမန္မာ့ေရနံထြက္ ပစၥည္းေရာင္းဝယ္ေရးဌာန အပါအဝင္ ဌာန (၆) ခုပါဝင္သည့္ပူးေပါင္းအဖြဲ႔က ၂၀၁၉ ခုႏွစ္ ေဖေဖၚဝါရီလ (၁) ရက္ေန႔က သြားေရာက္စစ္ေဆးခဲ့ရာ အရည္အေသြးမျပည့္မီသည့္ဆီမ်ားေရာင္းခ်ေနသည့္ lucky 7 ၊ ဝင္းခ်ယ္ရီ ( ၁ )ႏွင္ ရတနာမိုးစက္သံုးဆီ အေရာင္းဆိုင္မ်ားကို စစ္ေဆးေတြ႕ရိွခဲ့ျခင္းျဖစ္သည္။

လားရိႈးၿမိဳ႕ႏွင့္ လားရိႈးၿမိဳ႕နယ္အတြင္းရွိ စက္သံုးဆီအေရာင္းဆိုင္မ်ားတြင္ အခ်ိန္အတြယ္ ျပည့္မီမႈ ရွိမရွိႏွင့္ အရည္အေသြး ျပည့္ဝမႈရွိမရွိတို႔ကို ျမန္မာ့ေရနံထြက္ပစၥည္းေရာင္းဝယ္ေရးဌာန ပါဝင္သည့္ ပူးေပါင္းအဖြဲ႔ႏွင့္ ထပ္မံစစ္ေဆးသြားရန္ရွိေၾကာင္း စားသံုးသူေရးရာဦးစီးဌာန ဒုတိယျပည္နယ္ဦးစီးမွဴးရံုး ( လားရိႈး ) ၏ တာဝန္ရွိသူထံက  သိရသည္။

သတင္း #ေနၿဖိဳးျမင့္


~~~~~~~~⊰❂ Unicode Version ~~~~~~~~
အရည်အသွေးမပြည့်မီသည့်ဆီများ ဆက်လက်မရောင်းရန် လားရှှိုးရှိ စက်သုံးဆီဆိုင် (၃)ဆိုင် စားသုံးသူရေးရာဦးစီးဌာနထံ ခံဝန်ကတိလက်မှတ်ရေးထိုး
***************
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် စက်သုံးဆီအရောင်းဆိုင်ကြီး (၃) ဆိုင်မှ တာဝန်ရှိသူများအား အရည်အသွေးမပြည့်မီသည့်ဆီများ ဆက်လက်ရောင်းချပါက စားသုံးသူဥပဒေအရအရေးယူခံရမည် ကိုသိရှိကြောင်း ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၉) ရက်တွင် စားသုံးသူရေးရာဦးစီးဌာနက ခံဝန်ကတိလက်မှတ်ရေးထိုးထားစေကြောင်း သိရသည်။

"မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးဌာနကနေ အရည်အသွေးစစ်ဆေးမယ့် သက်ဆိုင်ရာဌာနကို ပေးပို့ စစ်ဆေးချက်အရ အဖွဲ့စုံနဲ့စစ်ဆေးခဲ့တဲ့ ဆိုင်ကြီး (၅) ဆိုင်ထဲက ဆိုင် (၃) ဆိုင် မှာရောင်းချနေတဲ့ ဓါတ်ဆီ 95 RON နဲ့ ပရီမီယမ် ဒီဇယ်ဆီတွေမှာ အရည် အသွေး မပြည့်မီတဲ့အတွက် ပထမဦးဆုံးအဖြစ် ဒဏ်ငွေရိုက် သတိပေး လိုက်တယ်။ အဲဒီဆီတွေကို ဆက်လက် ရောင်းချနေရင် ပြည်သူကိုလိမ်လည်ရောင်းချသလို ဖြစ် နေမယ်။ ဒါကြောင့် အရည်အသွေးမပြည့်မီတဲ့ဆီတွေကို ဆက်ပြီးရောင်းချရင် စားသုံးသူကာကွယ်ရေးဥပဒေ အရ အရေးယူခံရမယ်ဆိုတာကို သိရှိကြောင်း အဲဒီဆိုင် (၃) ခု က တာဝန်ရှိသူတွေကို ဝန်ခံကတိလက်မှတ်ထိုး စေတာ ဖြစ်ပါတယ်။ အရည်အသွေးမပြည့်မီတဲ့ဆီတွေကို ဆက်မရောင်းဘဲနဲ့ တစ်ခြားတစ်နေရာ ကနေပြန််ယူပြီး အရည်အသွေးပြည့်မှီတဲ့ဆီတွေကို ဆက်ရောင်းမယ်ဆိုရင်တော့ ရောင်းလို့ရပါတယ်" ဟု စားသုံးသူရေးရာဦးစီးဌာန ဒုတိယ ပြည်နယ်ဦးစီးမှူးရုံး (လားရှိုး) မှ ဒုတိယပြည်နယ် ဦးစီးမှူး ဦးဇော်မင်းသန်းက တာချီလိတ်သတင်းအေဂျင််စီသို့ ပြောသည်။

လားရှိုးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်ကြီး ၅ ဆိုင်အား မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေးဌာန အပါအဝင် ဌာန (၆) ခုပါဝင်သည့်ပူးပေါင်းအဖွဲ့က ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့က သွားရောက်စစ်ဆေးခဲ့ရာ အရည်အသွေးမပြည့်မီသည့်ဆီများရောင်းချနေသည့် lucky 7 ၊ ဝင်းချယ်ရီ ( ၁ )နှင် ရတနာမိုးစက်သုံးဆီ အရောင်းဆိုင်များကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

လားရှိုးမြို့နှင့် လားရှိုးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် အချိန်အတွယ် ပြည့်မီမှု ရှိမရှိနှင့် အရည်အသွေး ပြည့်ဝမှုရှိမရှိတို့ကို မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးဌာန ပါဝင်သည့် ပူးပေါင်းအဖွဲ့နှင့် ထပ်မံစစ်ဆေးသွားရန်ရှိကြောင်း စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံး ( လားရှိုး ) ၏ တာဝန်ရှိသူထံက  သိရသည်။

သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net