မိတၳီလာ - ေတာင္ႀကီး - က်ိဳင္းတံု - တာခ်ီလိတ္ ျပည္ေထာင္စုလမ္းမႀကီး၏ တစ္စိတ္တစ္ပိုင္းျဖစ္သည့္ ကေလာ - ေတာင္ႀကီးလမ္းပိုင္းကို ေမလ (၁) ရက္ေန႔တြင္ ဖြင့္လွစ္ရန္ျပင္ဆင္

မိတၳီလာ - ေတာင္ႀကီး - က်ိဳင္းတံု - တာခ်ီလိတ္ ျပည္ေထာင္စုလမ္းမႀကီး၏ တစ္စိတ္တစ္ပိုင္းျဖစ္သည့္ ကေလာ - ေတာင္ႀကီးလမ္းပိုင္းကို ေမလ (၁) ရက္ေန႔တြင္ ဖြင့္လွစ္ရန္ျပင္ဆင္
ဧပြီ 30, 2019
By Tachileik News Agency

မိတၳီလာ - ေတာင္ႀကီး - က်ိဳင္းတံု - တာခ်ီလိတ္ ျပည္ေထာင္စုလမ္းမႀကီး၏ တစ္စိတ္တစ္ပိုင္းျဖစ္သည့္ မိတၳီလာ - ေတာင္ႀကီးလမ္းပိုင္းကို ေတာင္ေပၚေဒသလမ္းေဖာက္လုပ္ေရးကုမၸဏီက (၄၈) ေပအက်ယ္ (၄) လမ္းသြားလမ္းမႀကီးအျဖစ္ တိုးခ်ဲ႕ေဖာက္လုပ္ေနရာတြင္ ကေလာ-ေတာင္ႀကီး (၄၅) မိုင္ လမ္းပိုင္းကို ႏိုင္လြန္ကတၱရာ လမ္းမႀကီးအျဖစ္ ေဖာက္လုပ္ၿပီးစီးသြားသျဖင့္ ၂၀၁၉ ခုႏွစ္ ေမလ (၁) ရက္ေန႔တြင္ ဖြင့္လွစ္ရန္ ျပင္ဆင္ေနေၾကာင္း သိရသည္။

ဖြင့္ပြဲ အခမ္းအနားကို ကေလာတိုးဂိတ္တြင္ က်င္းပျပဳလုပ္မည္ျဖစ္ၿပီး လမ္းပိုင္းဆိုင္ရာ မွတ္တမ္းဓာတ္ပံုမ်ားႏွင့္ လမ္း၊ တံတားမ်ား တည္ေဆာက္မႈႏွင့္ အရည္အေသြးပိုင္းဆိုင္ရာ စမ္းသပ္စစ္ေဆးမႈ ျပခန္းငယ္တစ္ခုပါ၀င္ၿပီး လမ္းေဖာက္လုပ္မႈပံုစံအဆင့္ဆင့္ကို ပံုစံငယ္မ်ားျဖင့္ျပသထားမည္ျဖစ္ေၾကာင္း သိရသည္။

“မနက္ျဖန္မွာ ကေလာ-ေတာင္ႀကီး ၄၅ မိုင္ကို ဖြင့္ပြဲလုပ္မွာပါ။ ဖြင့္ပြဲမွာပံုစံငယ္ေလးနဲ႔ ျပေပးတာပါ။ ဒီဘက္က လုပ္ငန္းၿပီးတဲ့အပိုင္းေတြေပါ့။ ဟိုဘက္က လုပ္ငန္းလုပ္ေနတဲ့ အပိုင္းေတြေပါ့။ သစ္ပင္ေလးေတြက ကြၽန္ေတာ္တို႔ ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီက သစ္ပင္ေလးေတြစိုက္ဖို႔ရည္ရြယ္ထား တဲ့အတြက္ ျပသထားတာပါ”ဟု ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီမွ  ကိုထြန္းေနာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

မိတၳီလာ - ေတာင္ႀကီးလမ္းပိုင္းကို ေတာင္ေပၚေဒသ လမ္းေဆာက္လုပ္ေရးကုမၸဏီမွ ၂၀၀၈ ခုႏွစ္တြင္ မူလ (၁၂) ေပအက်ယ္လမ္းကို (၂၄) ေပအက်ယ္လမ္းမအျဖစ္တိုးခ်ဲ႕ ေဖာက္လုပ္ခဲ့ၿပီး ၂၀၁၆ ခုႏွစ္တြင္ ျဖတ္သန္းသြားလာသည့္ ယာဥ္အစီးေရ တိုးတက္မ်ားျပားလာသျဖင့္ (၄၈) ေပအက်ယ္ (၄) လမ္းသြားလမ္းမႀကီးအျဖစ္ တိုးခ်ဲ႕ေဖာက္လုပ္ရာ ယခုၿပီးစီးသြားသည့္ ကေလာ-ေတာင္ႀကီးလမ္းပိုင္းကို ႏိုင္လြန္ကတၱရာလမ္းမႀကီး အျဖစ္  ေငြက်ပ္ (၇၆ ဒသမ ၅) ဘီယီယံအကုန္အက်ခံ ေဖာက္လုပ္ခဲ့ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ် ပြည်ထောင်စုလမ်းမကြီး၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် မိတ္ထီလာ - တောင်ကြီးလမ်းပိုင်းကို တောင်ပေါ်ဒေသလမ်းဖောက်လုပ်ရေးကုမ္ပဏီက (၄၈) ပေအကျယ် (၄) လမ်းသွားလမ်းမကြီးအဖြစ် တိုးချဲ့ဖောက်လုပ်နေရာတွင် ကလော-တောင်ကြီး (၄၅) မိုင် လမ်းပိုင်းကို နိုင်လွန်ကတ္တရာ လမ်းမကြီးအဖြစ် ဖောက်လုပ်ပြီးစီးသွားသဖြင့် ၂၀၁၉ ခုနှစ် မေလ (၁) ရက်နေ့တွင် ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ဖွင့်ပွဲ အခမ်းအနားကို ကလောတိုးဂိတ်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး လမ်းပိုင်းဆိုင်ရာ မှတ်တမ်းဓာတ်ပုံများနှင့် လမ်း၊ တံတားများ တည်ဆောက်မှုနှင့် အရည်အသွေးပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှု ပြခန်းငယ်တစ်ခုပါ၀င်ပြီး လမ်းဖောက်လုပ်မှုပုံစံအဆင့်ဆင့်ကို ပုံစံငယ်များဖြင့်ပြသထားမည်ဖြစ်ကြောင်း သိရသည်။

“မနက်ဖြန်မှာ ကလော-တောင်ကြီး ၄၅ မိုင်ကို ဖွင့်ပွဲလုပ်မှာပါ။ ဖွင့်ပွဲမှာပုံစံငယ်လေးနဲ့ ပြပေးတာပါ။ ဒီဘက်က လုပ်ငန်းပြီးတဲ့အပိုင်းတွေပေါ့။ ဟိုဘက်က လုပ်ငန်းလုပ်နေတဲ့ အပိုင်းတွေပေါ့။ သစ်ပင်လေးတွေက ကျွန်တော်တို့ တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီက သစ်ပင်လေးတွေစိုက်ဖို့ရည်ရွယ်ထား တဲ့အတွက် ပြသထားတာပါ”ဟု တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီမှ  ကိုထွန်းနောင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

မိတ္ထီလာ - တောင်ကြီးလမ်းပိုင်းကို တောင်ပေါ်ဒေသ လမ်းဆောက်လုပ်ရေးကုမ္ပဏီမှ ၂၀၀၈ ခုနှစ်တွင် မူလ (၁၂) ပေအကျယ်လမ်းကို (၂၄) ပေအကျယ်လမ်းမအဖြစ်တိုးချဲ့ ဖောက်လုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ဖြတ်သန်းသွားလာသည့် ယာဉ်အစီးရေ တိုးတက်များပြားလာသဖြင့် (၄၈) ပေအကျယ် (၄) လမ်းသွားလမ်းမကြီးအဖြစ် တိုးချဲ့ဖောက်လုပ်ရာ ယခုပြီးစီးသွားသည့် ကလော-တောင်ကြီးလမ်းပိုင်းကို နိုင်လွန်ကတ္တရာလမ်းမကြီး အဖြစ်  ငွေကျပ် (၇၆ ဒသမ ၅) ဘီယီယံအကုန်အကျခံ ဖောက်လုပ်ခဲ့ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net