ICRC မွ ျမန္မာႏိုင္ငံၾကက္ေျခနီအသင္း မိုင္းဆတ္ၿမိဳ႕နယ္ ၾကက္ေျခနီအသင္းခြဲသို႔ ကယ္ဆယ္ေရးပစၥည္း သိုေလွာင္႐ုံလႊဲေျပာင္း

ICRC မွ ျမန္မာႏိုင္ငံၾကက္ေျခနီအသင္း မိုင္းဆတ္ၿမိဳ႕နယ္ ၾကက္ေျခနီအသင္းခြဲသို႔ ကယ္ဆယ္ေရးပစၥည္း သိုေလွာင္႐ုံလႊဲေျပာင္း
ဧပြီ 12, 2019
By 🌸
အျပည္ျပည္ဆိုင္ရာၾကက္ေျခနီေကာ္မတီ (ICRC) က ျမန္မာႏိုင္ငံၾကက္ေျခနီအသင္း မိုင္းဆတ္ၿမိဳ႕နယ္ ၾကက္ေျခနီအသင္းခြဲအတြက္ အေရးေပၚေထာက္ပံ့ပစၥည္း အိမ္ေထာင္စု (၃၀) စုအတြက္ ထိန္းသိမ္းထားႏုိင္သည့္ ကယ္ဆယ္ေရးပစၥည္း သိုေလွာင္ရံုကို မိုင္းဆတ္ၿမိဳ႕တြင္ တည္ေဆာက္လႊဲေျပာင္းေပးထားေၾကာင္း သိရသည္။

ကယ္ဆယ္ေရးပစၥည္းသိုေလွာင္႐ုံလႊဲေျပာင္းေပးအပ္ျခင္းကို ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၈) ရက္ေန႔က ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းဆတ္ၿမိဳ႕နယ္၌ က်င္းပရာ ျမန္မာႏိုင္ငံၾကက္ေျခနီအသင္း ရွမ္းျပည္နယ္အေရွ႕ပိုင္း ၾကက္ေျခနီႀကီးၾကပ္မႈေကာ္မတီ ဥကၠဌ ဦးသိန္းထိုက္၊ ICRC က်ိဳင္းတုံ႐ုံးခြဲတာဝန္ခံ Mr. Ramin Hashempour၊ ျမန္မာႏိုင္ငံၾကက္ေျခနီအသင္း မိုင္းဆတ္ၿမိဳ႕နယ္ ၾကက္ေျခနီအသင္းခြဲ ဒုဥကၠဌ ဦးသန္းေဝတို႔လည္း တက္ေရာက္ေၾကာင္း သိရသည္။

အဆိုပါ ကယ္ဆယ္ေရးပစၥည္းသိုေလွာင္႐ုံ မွာ မိုင္းဆတ္ၿမိဳ႕နယ္ရွိ ၾကက္ေျခနီအသင္းခြဲတို႔အေနျဖင့္ သဘာဝေဘးအႏၲရာယ္ႏွင့္ အေရးေပၚအေျခအေနမ်ားတြင္ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ လုပ္ငန္းမ်ားကို ႀကိဳတင္ျပင္ဆင္မႈရွိေစရန္အတြက္ အေရးႀကဳံလာပါက ခ်က္ခ်င္း တုံ႔ျပန္ ေဆာင္႐ြက္ႏိုင္ရန္အတြက္ တည္ေဆာက္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ICRC မှ မြန်မာနိုင်ငံကြက်ခြေနီအသင်း မိုင်းဆတ်မြို့နယ် ကြက်ခြေနီအသင်းခွဲသို့ ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံလွှဲပြောင်း
*********
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က မြန်မာနိုင်ငံကြက်ခြေနီအသင်း မိုင်းဆတ်မြို့နယ် ကြက်ခြေနီအသင်းခွဲအတွက် အရေးပေါ်ထောက်ပံ့ပစ္စည်း အိမ်ထောင်စု (၃၀) စုအတွက် ထိန်းသိမ်းထားနိုင်သည့် ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံကို မိုင်းဆတ်မြို့တွင် တည်ဆောက်လွှဲပြောင်းပေးထားကြောင်း သိရသည်။

ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံလွှဲပြောင်းပေးအပ်ခြင်းကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်၌ ကျင်းပရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှမ်းပြည်နယ်အရှေ့ပိုင်း ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးသိန်းထိုက်၊ ICRC ကျိုင်းတုံရုံးခွဲတာဝန်ခံ Mr. Ramin Hashempour၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း မိုင်းဆတ်မြို့နယ် ကြက်ခြေနီအသင်းခွဲ ဒုဥက္ကဌ ဦးသန်းဝေတို့လည်း တက်ရောက်ကြောင်း သိရသည်။

အဆိုပါ ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံ မှာ မိုင်းဆတ်မြို့နယ်ရှိ ကြက်ခြေနီအသင်းခွဲတို့အနေဖြင့် သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေများတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို ကြိုတင်ပြင်ဆင်မှုရှိစေရန်အတွက် အရေးကြုံလာပါက ချက်ချင်း တုံ့ပြန် ဆောင်ရွက်နိုင်ရန်အတွက် တည်ဆောက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net