ျမန္မာ့ဟိုတယ္မ်ား ၾကယ္ပြင့္အဆင့္သတ္မွတ္ေရးစံႏႈန္းေရးဆြဲရန္ ကနဦးေလ့လာမႈစတင္ေန

ျမန္မာ့ဟိုတယ္မ်ား ၾကယ္ပြင့္အဆင့္သတ္မွတ္ေရးစံႏႈန္းေရးဆြဲရန္ ကနဦးေလ့လာမႈစတင္ေန
ဧပြီ 29, 2019
By 🌸
ျမန္မာႏုိင္ငံရိွဟိုတယ္မ်ား ၾကယ္ပြင့္အဆင့္သတ္မွတ္ေရးစံႏႈန္းေရးဆြဲရန္အတြက္ သက္ဆိုင္ရာဌာနမ်ားႏွင့္ ျပည္ပကၽြမ္းက်င္ပညာရွင္မ်ားပါဝင္သည့္အဖြဲ႕က ရန္ကုန္ ၊ေနျပည္ေတာ္၊ ပုဂံ၊ မႏၲေလး၊ အင္းေလး၊ ငပလီႏွင့္ ေကာ့ေသာင္းေဒသမ်ားမွ ဟိုတယ္မ်ားအား ၂၀၁၉ ခုႏွစ္၊ ဧၿပီလအတြင္း သြားေရာက္ေလ့လာေနၾကေၾကာင္း သိရသည္။

အဆိုပါအဖြဲ႕တြင္ ျမန္မာႏိုင္ငံဟိုတယ္ဆိုင္ရာလုပ္ငန္းရွင္မ်ား အသင္းမွ ဥကၠ႒အျဖစ္ ေဆာင္႐ြက္၍ ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းအဖြဲ႕ခ်ဳပ္၊ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ဟိုတယ္မ်ားအသင္းႏွင့္ ျမန္မာႏိုင္ငံေစ်းကြက္ျမႇင့္တင္ေရးအသင္းတို႔မွ အဖြဲ႕ဝင္မ်ားအျဖစ္ ပါဝင္ၿပီး ျပည္ပကြၽမ္းက်င္ပညာရွင္မ်ားႏွင့္အတူ ကနဦး ေလ့လာမႈမွေတြ႔ရိွခ်က္မ်ားကို အေျခခံၿပီး ၾကယ္ပြင့္အဆင့္သတ္မွတ္ေရးစံႏႈန္းမ်ားေရးဆြဲကာ ဝန္ႀကီးဌာနသို႔ တင္ျပအတည္ျပဳခ်က္ ရယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။


ျမန္မာႏိုင္ငံရွိဟိုတယ္မ်ား အဆင့္အတန္းျမင့္မားေစေရးႏွင့္ ၀န္ေဆာင္မႈ အရည္အေသြး ပိုမုိ တိုးတက္ေကာင္းမြန္ေစရန္အတြက္ ဟိုတယ္မ်ားကို ၾကယ္ပြင့္အဆင့္အတန္း သတ္မွတ္ႏိုင္ေရးအတြက္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၉)ရက္ေန႔က ညိႇႏိႈင္းဆံုးျဖတ္ခဲ့ၾကၿပီး ကြၽမ္းက်င္ပညာရွင္မ်ား၏ အႀကံဉာဏ္မ်ား၊ ပုဂၢလိကအသင္းမ်ား၏ ပူးေပါင္းပါဝင္မႈျဖင့္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ဟိုတယ္/ခရီး
 
~~~~~~~~⊰❂ Unicode Version ~~~~~~~~
မြန်မာ့ဟိုတယ်များ ကြယ်ပွင့်အဆင့်သတ်မှတ်ရေးစံနှုန်းရေးဆွဲရန် ကနဦးလေ့လာမှုစတင်နေ
***********
မြန်မာနိုင်ငံရှိဟိုတယ်များ ကြယ်ပွင့်အဆင့်သတ်မှတ်ရေးစံနှုန်းရေးဆွဲရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပြည်ပကျွမ်းကျင်ပညာရှင်များပါဝင်သည့်အဖွဲ့က ရန်ကုန် ၊နေပြည်တော်၊ ပုဂံ၊ မန္တလေး၊ အင်းလေး၊ ငပလီနှင့် ကော့သောင်းဒေသများမှ ဟိုတယ်များအား ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း သွားရောက်လေ့လာနေကြကြောင်း သိရသည်။

အဆိုပါအဖွဲ့တွင် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များအသင်းနှင့် မြန်မာနိုင်ငံစျေးကွက်မြှင့်တင်ရေးအသင်းတို့မှ အဖွဲ့ဝင်များအဖြစ် ပါဝင်ပြီး ပြည်ပကျွမ်းကျင်ပညာရှင်များနှင့်အတူ ကနဦး လေ့လာမှုမှတွေ့ရှိချက်များကို အခြေခံပြီး ကြယ်ပွင့်အဆင့်သတ်မှတ်ရေးစံနှုန်းများရေးဆွဲကာ ဝန်ကြီးဌာနသို့ တင်ပြအတည်ပြုချက် ရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိဟိုတယ်များ အဆင့်အတန်းမြင့်မားစေရေးနှင့် ၀န်ဆောင်မှု အရည်အသွေး ပိုမို တိုးတက်ကောင်းမွန်စေရန်အတွက် ဟိုတယ်များကို ကြယ်ပွင့်အဆင့်အတန်း သတ်မှတ်နိုင်ရေးအတွက် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၉)ရက်နေ့က ညှိနှိုင်းဆုံးဖြတ်ခဲ့ကြပြီး ကျွမ်းကျင်ပညာရှင်များ၏ အကြံဉာဏ်များ၊ ပုဂ္ဂလိကအသင်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ဟိုတယ်/ခရီး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net