ဒူးရင္းသီးစားသံုးျခင္းက ခႏၶာကိုယ္အပူခ်ိန္ကိုျမင့္တက္ေစသျဖင့္ ရာသီဥတုပူျပင္းခ်ိန္တြင္ သတိျပဳရန္ သတိေပးထား

ဒူးရင္းသီးစားသံုးျခင္းက ခႏၶာကိုယ္အပူခ်ိန္ကိုျမင့္တက္ေစသျဖင့္ ရာသီဥတုပူျပင္းခ်ိန္တြင္ သတိျပဳရန္ သတိေပးထား
ဧပြီ 22, 2019
By 🌸
ဒူရင္းသီးစားသံုးျခင္းသည္ ခႏၶာကိုယ္အပူခ်ိန္ကို ျမင့္တက္ေစသျဖင့္ ရာသီဥတုပူျပင္းခ်ိန္တြင္ စားသံုးပါက က်န္းမာေရးထိခုိက္ႏုိင္သျဖင့္ သတိထားၾကရန္ ဆရာဝန္မ်ားက သတိေပးထားသည္။

ထိုင္းႏုိင္ငံ၏ နာမည္ေက်ာ္ထြက္ကုန္တစ္ခုျဖစ္သည့္ ဒူးရင္းသီးစားသံုးျခင္းကို ရာသီဥတုပူျပင္းေနသည့္အခ်ိန္တြင္ သတိျပဳၾကရန္ ထုိုင္းႏုိင္ငံမွ တုိင္းရင္းေဆးစင္တာ၏ ဥကၠျဖစ္သူ ေဒါက္တာ ဆာဖြန္ရိထရာဆက သတိေပးေျပာၾကားသည္။

ေဒသတြင္းအပူခ်ိန္ျမင့္တက္ေနခ်ိန္တြင္ ကလိုရင္းပါဝင္မႈျမင့္သည့္ ဒူးရင္းသီးကို မ်ားစြာစားသံုးျခင္းျဖင့့္ ဖ်ားနာျခင္း၊ ေသြးတိုး၊ ႏွလံုးေရာဂါရိွသူမ်ား ပိုမိုဆိုးရြားေစျခင္းတုိ႔ကို ျဖစ္ေစႏုိင္ေၾကာင္း သိရသည္။

အပူခ်ိန္ျမင့္မားေနသည့္ ရာသီဥတုတြင္ ခႏၶာကိုယ္အပူခ်ိန္ကို ေလွ်ာ့ခ်ေပးေစႏုိင္သည့္ အျခားသစ္သီးမ်ားကို စားသံုးသင့္သည္ဟု ဆရာဝန္မ်ားက အႀကံျပဳထားသည္။

Tachileik News Agency
Ref: The Nation

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဒူးရင်းသီးစားသုံးခြင်းက ခန္ဓာကိုယ်အပူချိန်ကိုမြင့်တက်စေသဖြင့် ရာသီဥတုပူပြင်းချိန်တွင် သတိပြုရန် သတိပေးထား
***********
ဒူရင်းသီးစားသုံးခြင်းသည် ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေသဖြင့် ရာသီဥတုပူပြင်းချိန်တွင် စားသုံးပါက ကျန်းမာရေးထိခိုက်နိုင်သဖြင့် သတိထားကြရန် ဆရာဝန်များက သတိပေးထားသည်။

ထိုင်းနိုင်ငံ၏ နာမည်ကျော်ထွက်ကုန်တစ်ခုဖြစ်သည့် ဒူးရင်းသီးစားသုံးခြင်းကို ရာသီဥတုပူပြင်းနေသည့်အချိန်တွင် သတိပြုကြရန် ထိုုင်းနိုင်ငံမှ တိုင်းရင်းဆေးစင်တာ၏ ဥက္ကဖြစ်သူ ဒေါက်တာ ဆာဖွန်ရိထရာဆက သတိပေးပြောကြားသည်။

ဒေသတွင်းအပူချိန်မြင့်တက်နေချိန်တွင် ကလိုရင်းပါဝင်မှုမြင့်သည့် ဒူးရင်းသီးကို များစွာစားသုံးခြင်းဖြင့့် ဖျားနာခြင်း၊ သွေးတိုး၊ နှလုံးရောဂါရှိသူများ ပိုမိုဆိုးရွားစေခြင်းတို့ကို ဖြစ်စေနိုင်ကြောင်း သိရသည်။

အပူချိန်မြင့်မားနေသည့် ရာသီဥတုတွင် ခန္ဓာကိုယ်အပူချိန်ကို လျှော့ချပေးစေနိုင်သည့် အခြားသစ်သီးများကို စားသုံးသင့်သည်ဟု ဆရာဝန်များက အကြံပြုထားသည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net