တာခ်ီလိတ္တြင္ ျမန္မာႏိုင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္အသိအမွတ္ျပဳ ေဘာလံုးႏွင့္ ဖူဆယ္ဒိုင္သင္တန္းဖြင့္လွစ္

တာခ်ီလိတ္တြင္ ျမန္မာႏိုင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္အသိအမွတ္ျပဳ ေဘာလံုးႏွင့္ ဖူဆယ္ဒိုင္သင္တန္းဖြင့္လွစ္
ဧပြီ 24, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ တာခ်ီလိတ္ၿမိဳ႕နယ္ေဘာလံုးအဖြဲ႕ခ်ဳပ္ႏွင့္ ၿမိဳ႕နယ္အားကစားႏွင့္ ကာယပညာဦးစီးဌာနတို႔ပူးေပါင္းၿပီး ျမန္မာႏိုင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္အသိအမွတ္ျပဳလက္မွတ္ခ်ီးျမႇင့္မည့္ ေဘာလံုးဒိုင္သင္တန္းႏွင့္ ဖူဆယ္ဒိုင္သင္တန္းကို ၂၀၁၉ ခုနွစ္ ဧၿပီလ (၂၃) ရက္ေန႔ကဖြင့္လွစ္ရာ သင္တန္းသား (၂၀) ဦး တက္ေရာက္ေနသည္။

"ဒီေဒသမွာရိွတဲ့ ဒိုင္လူႀကီးေတြကို အရည္အေသြးျမင့္မားေစခ်င္တယ္။ ေဘာလံုးပြဲစဥ္ေတြမွာ ႀကီးၾကပ္တဲ့အခါမွာ ဒိုင္လူႀကီးေတြရဲ႕အရည္အေသြးက အရမ္းအေရးႀကီးပါတယ္။ ေခတ္နဲ႔အညီေျပာင္းလဲလာတဲ့ အျပည္ျပည္ဆိုင္ရာ ဒိုင္လူႀကီးသင္တန္းမွာ ဥပေဒသေတြ၊ ဥပေဒေတြ အမ်ားႀကီးေျပာင္းလဲလာပါတယ္။ ေခတ္နဲ႔အညီျဖစ္ေအာင္ ျမန္မာႏိုင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္က ဒိုင္လူႀကီးမ်ား နည္းျပမ်ား ေခၚၿပီးေတာ့ ဒီမွာသင္တန္းဖြင့္ျခင္းျဖစ္ပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ေဘာလံုးအဖြဲ႕ခ်ဳပ္ဥကၠဌ ဦးခင္ေမာင္ျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ေဘာလံုးဒိုင္သင္တန္းႏွင့္ ဖူဆယ္ဒိုင္သင္တန္းကို ဧၿပီလ (၂၃) ရက္ေန႔မွ (၃၀) ရက္ေန႔အထိ ခရိုင္အားကစားရံုတြင္ ဖြင့္လွစ္ေနျခင္းျဖစ္ၿပီး တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းမွ ေဘာလံုးအသင္းဦးေဆာင္သူမ်ား၊ ဖူဆယ္ကြင္းမ်ားတြင္တာဝန္ယူေနၾကေသာ တာဝန္ခံမ်ား၊ ၿမိဳ႕နယ္ေဘာလံုးၿပိဳင္ပဲြမ်ားတြင္ တာဝန္ယူေနၾကေသာ ဒိုင္ဆပ္ေကာ္မတီဝင္မ်ားအျပင္ စိတ္ပါဝင္စားသူမ်ား တက္ေရာက္ေနေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အသိအမှတ်ပြု ဘောလုံးနှင့် ဖူဆယ်ဒိုင်သင်တန်း ဖွင့်လှ
**************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် တာချီလိတ်မြို့နယ်ဘောလုံးအဖွဲ့ချုပ်နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အသိအမှတ်ပြုလက်မှတ်ချီးမြှင့်မည့် ဘောလုံးဒိုင်သင်တန်းနှင့် ဖူဆယ်ဒိုင်သင်တန်းကို ၂၀၁၉ ခုနှစ် ဧပြီလ (၂၃) ရက်နေ့ကဖွင့်လှစ်ရာ သင်တန်းသား (၂၀) ဦး တက်ရောက်နေသည်။

"ဒီဒေသမှာရှိတဲ့ ဒိုင်လူကြီးတွေကို အရည်အသွေးမြင့်မားစေချင်တယ်။ ဘောလုံးပွဲစဉ်တွေမှာ ကြီးကြပ်တဲ့အခါမှာ ဒိုင်လူကြီးတွေရဲ့အရည်အသွေးက အရမ်းအရေးကြီးပါတယ်။ ခေတ်နဲ့အညီပြောင်းလဲလာတဲ့ အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးသင်တန်းမှာ ဥပဒေသတွေ၊ ဥပဒေတွေ အများကြီးပြောင်းလဲလာပါတယ်။ ခေတ်နဲ့အညီဖြစ်အောင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဒိုင်လူကြီးများ နည်းပြများ ခေါ်ပြီးတော့ ဒီမှာသင်တန်းဖွင့်ခြင်းဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးခင်မောင်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ဘောလုံးဒိုင်သင်တန်းနှင့် ဖူဆယ်ဒိုင်သင်တန်းကို ဧပြီလ (၂၃) ရက်နေ့မှ (၃၀) ရက်နေ့အထိ ခရိုင်အားကစားရုံတွင် ဖွင့်လှစ်နေခြင်းဖြစ်ပြီး တာချီလိတ်မြို့နယ်အတွင်းမှ ဘောလုံးအသင်းဦးဆောင်သူများ၊ ဖူဆယ်ကွင်းများတွင်တာဝန်ယူနေကြသော တာဝန်ခံများ၊ မြို့နယ်ဘောလုံးပြိုင်ပွဲများတွင် တာဝန်ယူနေကြသော ဒိုင်ဆပ်ကော်မတီဝင်များအပြင် စိတ်ပါဝင်စားသူများ တက်ရောက်နေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net