ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသအတြင္း ေက်းရြာအစုအဖြဲ႕ပိုင္စိုက္ခင္းမ်ားတြင္ ေကာ္ဖီစိုက္ခင္းမ်ားထူေထာင္ၿပီး ေက်းရြာဖြံ႕ၿဖိဳးေရးရန္ပံုေငြထည့္သြင္းေပးမည့္ အစီအစဥ္ ယခုႏွစ္အတြင္း စတင္မည္

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသအတြင္း ေက်းရြာအစုအဖြဲ႕ပိုင္စိုက္ခင္းမ်ားတြင္ ေကာ္ဖီစိုက္ခင္းမ်ားထူေထာင္ၿပီး ေက်းရြာဖြံ႕ၿဖိဳးေရးရန္ပံုေငြထည့္သြင္းေပးမည့္ အစီအစဥ္ ယခုႏွစ္အတြင္း စတင္မည္
ဧပြီ 5, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသအတြင္း  ေက်းရြာမ်ားတြင္ သစ္ေတာျပဳန္းတီးမႈေလ်ာ့ခ်ႏိုင္ရန္အတြက္ ေက်းရြာအစုအဖြဲ႕ပိုင္စိုက္ခင္းမ်ား၌ ေကာ္ဖီစိုက္ခင္းမ်ားထူေထာင္ၿပီး ေက်းရြာရန္ပံုေငြထည့္သြင္းေပးမည့္ အစီအစဥ္ကို ယခု ၂၀၁၉ ခုႏွစ္တြင္ စတင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ေက်းရြာအစုအဖြဲ႕ပိုင္သစ္ေတာေပါ့။ အဲဒီထဲမွာကၽြန္ေတာ္တို႔က စိုက္ေပးမယ္။ နည္းစနစ္လည္းေပးမယ္။ ဘယ္လိုစိုက္ရတယ္ဆိုတာလည္းေခၚျပမယ္။ က်န္တဲ့ရြာေတြလည္း နည္းပညာေပးမွာေပါ့။ ကၽြန္ေတာ္တို႔ကအကုန္ မတည္ၿပီးစိုက္ထုတ္ေပးမယ္။ စိုက္တဲ့အခ်ိန္မွာလည္း အလကားမခိုင္းဘူး။ သူတို႔ကိုလုပ္အားခ ကၽြန္ေတာ္တို႔ထုတ္ေပးေနမယ္။ ထြက္လာတဲ့အခ်ိန္မွာလည္း ကၽြန္ေတာ္တို႔က အကုန္ေကာက္ေပးမယ္။ အသီးခူးခေတြလည္း ကၽြန္ေတာ္တို႔ေပးမယ္။ ထြက္လာတဲ့ဟာေတြကိုလည္း ရာခိုင္ႏႈန္းဘယ္ေလာက္ဆိုၿပီးေတာ့ ခြဲေပးတာေတြလည္း လုပ္ေပးပါမယ္။ ကုန္က်စရိတ္ကိုႏုတ္ၿပီးရင္ အျမတ္ကို ရြာရန္ပံုေငြအတြက္ ေတာက္ေလ်ာက္ ထည့္ေပးသြားမယ့္စနစ္ေပါ့။ ဧၿပီလမွာေျမ စျပင္ၿပီးေတာ့ မိုးတြင္းမွာ စစိုက္သြားမွာပါ"ဟု  ျမန္မာႏိုင္ငံသစ္သီး၀လံ ပန္းမန္စိုက္ပ်ိဳးထုတ္လုပ္သူမ်ားအသင္း(ရွမ္းျပည္နယ္အေရွ႕ပိုင္း) အတြင္းေရးမွဴး ဦးေအာင္မ်ိဳးေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း ေကာ္ဖီႏွင့္ မက္ကက္ေတးနီးယား စိုက္ပ်ိဳးထုတ္လုပ္သူမ်ားအစုအဖြဲ႕ကို ၂၀၁၉ ခုႏွစ္ မတ္လ (၂၆) ရက္ေန႔ကစတင္ဖြဲ႕စည္းခဲ့ၿပီး အစုအဖြဲ႕ပိုင္သစ္ေတာမ်ားတြင္ ေကာ္ဖီစိုက္ပ်ိဳးေပးျခင္းကို စတင္ခဲ့ျခင္းျဖစ္သည္။

"သစ္ေတာျပဳန္းတီးမႈကို ကာကြယ္ဖို႔ေပါ့။ ကၽြန္ေတာ္တို႔ေဒသေတြက ထင္းေတြ တအားခုတ္ေတာ့ သစ္ေတာေတြျပဳန္းတီးလာတယ္။ အပင္ႀကီးစိုက္ၿပီး ေကာ္ဖီစိုက္ဖို႔လုပ္တာေပါ့။ ကၽြန္ေတာ္တို႔ လက္ေတြ႕လုပ္ဖို႔ ရြာေလးတစ္ရြာေရြးထားတာရိွပါတယ္။ က်ိဳင္းတံုနဲ႔အနီးဆံုး ပါခုတ္ရြာမွာေပါ့။ သူတို႔ပိုင္တဲ့ေတာေလးရိွေတာ့ ရြာလည္း ရန္ပံုေငြရေအာင္လို႔ ေတာထဲမွာ သဘာ၀အတိုင္းစိုက္လို႔ရတဲ့စနစ္ေဖာ္ေဆာင္ေပးဖို႔ ကၽြန္ေတာ္တို႔အသင္းအေနနဲ႔ လုပ္ေဆာင္ေပးသြားမွာပါ။ ဧက (၄၀) ေက်ာ္ရိွပါတယ္"ဟု ဦးေအာင္မ်ိဳးေဆြက ေျပာသည္။

အဆိုပါ အသင္းအေနျဖင့္ ေကာ္ဖီစိုက္ၿခံမ်ားရိွသည့္ တာခ်ီလိတ္၊ မုိင္းဆတ္ေဒသမ်ားမွ ေတာင္သူမ်ား အေနျဖင့္ ေကာ္ဖီမ်ိဳးမွန္ေရြးခ်ယ္ရန္ အတြက္ ကူညီေပးမည့္အျပင္ လိုအပ္သည့္စိုက္ပ်ိဳးနည္းစနစ္မ်ားရရိွေစေရးကိုလည္း ကူညီေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထုိက္

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသအတြင္း ေက်းရြာအစုအဖြဲ႕ပိုင္စိုက္ခင္းမ်ားတြင္ ေကာ္ဖီစိုက္ခင္းမ်ားထူေထာင္ၿပီး ေက်းရြာဖြံ႕ၿဖိဳးေရးရန္ပံုေငြထည့္သြင္းေပးမည့္ အစီအစဥ္ ယခုႏွစ္အတြင္း စတင္မည္


~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ကျေးရွာများတွင် သစ်တောပြုန်းတီးမှုလျော့ချနိုင်ရန်အတွက် ကျေးရွာအစုအဖွဲ့ပိုင်စိုက်ခင်းများ၌ ကော်ဖီစိုက်ခင်းများထူထောင်ပြီး ကျေးရွာရန်ပုံငွေထည့်သွင်းပေးမည့် အစီအစဉ်ကို ယခု ၂၀၁၉ ခုနှစ်တွင် စတင်သွားမည်ဖြစ်ကြောင်း သိရသည်။

"ကျေးရွာအစုအဖွဲ့ပိုင်သစ်တောပေါ့။ အဲဒီထဲမှာကျွန်တော်တို့က စိုက်ပေးမယ်။ နည်းစနစ်လည်းပေးမယ်။ ဘယ်လိုစိုက်ရတယ်ဆိုတာလည်းခေါ်ပြမယ်။ ကျန်တဲ့ရွာတွေလည်း နည်းပညာပေးမှာပေါ့။ ကျွန်တော်တို့ကအကုန် မတည်ပြီးစိုက်ထုတ်ပေးမယ်။ စိုက်တဲ့အချိန်မှာလည်း အလကားမခိုင်းဘူး။ သူတို့ကိုလုပ်အားခ ကျွန်တော်တို့ထုတ်ပေးနေမယ်။ ထွက်လာတဲ့အချိန်မှာလည်း ကျွန်တော်တို့က အကုန်ကောက်ပေးမယ်။ အသီးခူးခတွေလည်း ကျွန်တော်တို့ပေးမယ်။ ထွက်လာတဲ့ဟာတွေကိုလည်း ရာခိုင်နှုန်းဘယ်လောက်ဆိုပြီးတော့ ခွဲပေးတာတွေလည်း လုပ်ပေးပါမယ်။ ကုန်ကျစရိတ်ကိုနုတ်ပြီးရင် အမြတ်ကို ရွာရန်ပုံငွေအတွက် တောက်လျောက် ထည့်ပေးသွားမယ့်စနစ်ပေါ့။ ဧပြီလမှာမြေ စပြင်ပြီးတော့ မိုးတွင်းမှာ စစိုက်သွားမှာပါ"ဟု မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမန်စိုက်ပျိုးထုတ်လုပ်သူများအသင်း(ရှမ်းပြည်နယ်အရှေ့ပိုင်း) အတွင်းရေးမှူး ဦးအောင်မျိုးဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ကော်ဖီနှင့် မက်ကက်တေးနီးယား စိုက်ပျိုးထုတ်လုပ်သူများအစုအဖွဲ့ကို ၂၀၁၉ ခုနှစ် မတ်လ (၂၆) ရက်နေ့ကစတင်ဖွဲ့စည်းခဲ့ပြီး အစုအဖွဲ့ပိုင်သစ်တောများတွင် ကော်ဖီစိုက်ပျိုးပေးခြင်းကို စတင်ခဲ့ခြင်းဖြစ်သည်။

"သစ်တောပြုန်းတီးမှုကို ကာကွယ်ဖို့ပေါ့။ ကျွန်တော်တို့ဒေသတွေက ထင်းတွေ တအားခုတ်တော့ သစ်တောတွပြေုန်းတီးလာတယ်။ အပင်ကြီးစိုက်ပြီး ကော်ဖီစိုက်ဖို့လုပ်တာပေါ့။ ကျွန်တော်တို့ လက်တွေ့လုပ်ဖို့ ရွာလေးတစ်ရွာရွေးထားတာရှိပါတယ်။ ကျိုင်းတုံနဲ့အနီးဆုံး ပါခုတ်ရွာမှာပေါ့။ သူတို့ပိုင်တဲ့တောလေးရှိတော့ ရွာလည်း ရန်ပုံငွေရအောင်လို့ တောထဲမှာ သဘာဝအတိုင်းစိုက်လို့ရတဲ့စနစ်ဖော်ဆောင်ပေးဖို့ ကျွန်တော်တို့အသင်းအနေနဲ့ လုပ်ဆောင်ပေးသွားမှာပါ။ ဧက (၄၀) ကျော်ရှိပါတယ်"ဟု ဦးအောင်မျိုးဆွေက ပြောသည်။

အဆိုပါ အသင်းအနဖြေင့် ကော်ဖီစိုက်ခြံများရှိသည့် တာချီလိတ်၊ မိုင်းဆတ်ဒေသများမှ တောင်သူများ အနဖြေင့် ကော်ဖီမျိုးမှန်ရွေးချယ်ရန် အတွက် ကူညီပေးမည့်အပြင် လိုအပ်သည့်စိုက်ပျိုးနည်းစနစ်များရရှိစေရေးကိုလည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net