ဝန္ႀကီးဌာန (၆)ခုက အမည္ပ်က္စာရင္းသြင္းလုိက္သည့္ေဆာက္လုပ္ေရးကုမၸဏီ (၄၂)ခုတြင္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ တင္သြင္းသည့္ ကုမၸဏီထက္ဝက္ပါဝင္

ဝန္ႀကီးဌာန (၆)ခုက အမည္ပ်က္စာရင္းသြင္းလုိက္သည့္ေဆာက္လုပ္ေရးကုမၸဏီ (၄၂)ခုတြင္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ တင္သြင္းသည့္ ကုမၸဏီထက္ဝက္ပါဝင္
ဧပြီ 25, 2019
By 🌸
တည္ေဆာက္ေရးလုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ ျပည္ေထာင္စုဝန္ႀကီးဌာန (၆)ခုက အမည္ပ်က္စာရင္း သြင္းထားသည့္ ကုမၸဏီ (၄၂)ခုကို ထုတ္ျပန္လုိက္ရာ က်န္းမာေရးနွင့္ အားကစားဝန္ႀကီးဌာနက အမည္ပ်က္စာရင္းတင္သည့္ကုမၸဏီ (၂၀)ျဖင့္ အမ်ားဆံုးျဖစ္သည္ကို ေတ႔ြရသည္။

တည္ေဆာက္ေရးလုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ အမည္ပ်က္စာရင္းသြင္းခံရေသာ ကုမၸဏီမ်ားကို ေဆာက္လုပ္ေရးဝန္ႀကီးဌာန၏ Website တြင္ ေၾကညာမည္ျဖစ္ေၾကာင္း လႊတ္ေတာ္၌ ေျဖၾကားၿပီး (၈)လအၾကာျဖစ္သည့္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၃)ရက္ေန႔က အမည္ပ်က္စာရင္းဝင္ ကုမၸဏီ (၄၂)ခုကို ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာလိုက္သည္။

ထုတ္ျပန္ထားသည့္စာရင္းတြင္ နယ္စပ္ေရးရာဝန္ႀကီးဌာနက ကုမၸဏီ(၁)ခု၊ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနက ကုမၸဏီ (၂)ခု၊ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနက ကုမၸဏီ(၁)ခု၊ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနက ကုမၸဏီ(၅)ခု၊ ပညာေရးဝန္ႀကီးဌာနက ကုမၸဏီ(၁၃)ခု၊ က်န္းမာေရးနွင့္ အားကစားဝန္ႀကီးဌာနက ကုမၸဏီ (၂၀)ခုတုိ႔ကို အမည္ပ်က္စာရင္း သြင္းလုိက္ျခင္းျဖစ္သည္။

ေဆာက္လုပ္ေရးလုပ္ငန္းေဆာင္ရြက္ရာတြင္ အရည္အေသြးမျပည့္မီသျဖင့္ ျပည္ေထာင္စုဝန္ႀကီးဌာန၊ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရအသီးသီးက အမည္ပ်က္စာရင္းသြင္းထားသည့္ကုမၸဏီမ်ားစာရင္းကို ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ေတာင္းယူၿပီး ကုမၸဏီအမည္စာရင္းမ်ားႏွင့္အတူ တာဝန္ခံသည့္ အင္ဂ်င္နီယာ အမည္စာရင္း၊ အမည္ပ်က္စာရင္းသြင္းခံရသည့္ ကုမၸဏီမ်ားစာရင္းကို လုပ္ငန္းဆုိင္းရမည့့္ ကာလသတ္မွတ္ခ်က္တို႔ကို အျပည့္အစံုေဖၚျပသြားမည္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေက်ာ္လင္းက ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၇)ရက္ေန႔က ျပည္သူ႔လႊတ္ေတာ္တြင္ ေမးခြန္းေျဖၾကားထားျခင္းျဖစ္သည္။

ကုမၸဏီမ်ားအား အမည္ပ်က္စာရင္းသြင္းျခင္းႏွင့္ အေရးယူျခင္းကို ကုမၸဏီမ်ားဥပေဒတြင္ ျပဌာန္းခ်က္ မပါေတာ့သျဖင့္ ၂၀၁၃ ခုႏွစ္မွစ၍ အဆိုပါလုပ္ေဆာင္ခ်က္မ်ားကို ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ညႊန္ၾကားမႈ ဦးစီးဌာနအေနျဖင့္ ေဆာင္ရြက္ျခင္း မျပဳေတာ့သျဖင့္ အမည္ပ်က္စာရင္းဝင္ကုမၸဏီမ်ားကို ၎တို႔ လုပ္ငန္းေဆာင္ရြက္ရန္သေဘာတူစာခ်ဳပ္ပါ စည္းမ်ဥ္း စည္းကမ္းမ်ားႏွင့္အညီ အေရးယူရမည္ ျဖစ္ေၾကာင္း သိရသည္။

အမည္ပ်က္စာရင္းဝင္ကုမၸဏီမ်ားအေနျဖင့္  အမည္ပ်က္ စာရင္းသြင္းခံထားရသည့္ ကာလအတြင္း လုပ္ငန္းမ်ား ဝင္ေရာက္ ယွဥ္ၿပိဳင္ခြင့္ ရပ္စဲခံထားရမည္ျဖစ္ေၾကာင္း သိရသည္။

အမည္ပ်က္စာရင္းသြင္းခံရသည့္ကုမၸဏီမ်ားစာရင္းတြင္ ေရႊေတာင္ဦးကုမၸဏီ၊ ဦးစန္းျမင့္ေထြး၊ Heavy Metal World၊ လေရာင္ဘိုကုမၸဏီ၊ Trillion၊ Archi Aroma၊ Bright New Vision Trading၊ ဦးေအးကိုကို၊ Wide River Limited ၊ ေရႊဇာတာ၊ ေကာ့ေသာင္းသရီးစတား၊ ေစတနာအားမာန္၊ မိုးျမင့္ေဇာ္၊ ဝတီေရႊေျမ၊ No Two၊ GEMP၊ Prime City၊ ေရႊလဝိုင္း၊ တံခြန္မင္း၊ United MMT၊ သစၥာေက်ာ္၊ ျမင့္ထက္ဝန္း၊ သာထက္သာ ေဆာက္လုပ္ေရး၊ ေရႊဟံသာေဆာက္လုပ္ေရး၊ Dream Come True၊ ေအာင္ခိုင္မင္းေဆာက္လုပ္ေရး၊ Great Grace ေဆာက္လုပ္ေရး၊ ေရႊမိုးေစြေဆာက္လုပ္ေရး၊ TKT ေဆာက္လုပ္ေရး၊ ပိုင္ျပည့္ၿဖိဳးေဆာက္လုပ္ေရး၊ ယြန္းနဒီေဆာက္လုပ္ေရး၊ ရဲတုိက္ၿမိဳ႕ေတာ္၊ မိုးသၾကား၊ K Ruby Co.,Ltd ၊ အိသဇင္ကုမၸဏီ၊ စ်ာန္မိုးေဆာက္လုပ္ေရး၊ ဝတီေရႊေျမေဆာက္လုပ္ေရး၊ Aung Kyaw Zaw Association Service Co.,Ltd၊ ကမၻာ့ဘုရင္အျပည္ျပည္ဆုိင္ရာေဆာက္လုပ္ေရးကုမၸဏီ၊ Win Myanmar Together၊ KMC ေဆာက္လုပ္ေရးႏွင့္ Alfra Co.,Ltdတို႔ပါဝင္သည္ကို ေတြ႔ရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဝန်ကြီးဌာန (၆)ခုက အမည်ပျက်စာရင်းသွင်းလိုက်သည့်ဆောက်လုပ်ရေးကုမ္ပဏီ (၄၂)ခုတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တင်သွင်းသည့် ကုမ္ပဏီထက်ဝက်ပါဝင်
*************
တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဌာန (၆)ခုက အမည်ပျက်စာရင်း သွင်းထားသည့် ကုမ္ပဏီ (၄၂)ခုကို ထုတ်ပြန်လိုက်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမည်ပျက်စာရင်းတင်သည့်ကုမ္ပဏီ (၂၀)ဖြင့် အများဆုံးဖြစ်သည်ကို တေ့ွရသည်။

တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အမည်ပျက်စာရင်းသွင်းခံရသော ကုမ္ပဏီများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏ Website တွင် ကြေညာမည်ဖြစ်ကြောင်း လွှတ်တော်၌ ဖြေကြားပြီး (၈)လအကြာဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့က အမည်ပျက်စာရင်းဝင် ကုမ္ပဏီ (၄၂)ခုကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်သည်။

ထုတ်ပြန်ထားသည့်စာရင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာနက ကုမ္ပဏီ(၁)ခု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ကုမ္ပဏီ (၂)ခု၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ကုမ္ပဏီ(၁)ခု၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ကုမ္ပဏီ(၅)ခု၊ ပညာရေးဝန်ကြီးဌာနက ကုမ္ပဏီ(၁၃)ခု၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကုမ္ပဏီ (၂၀)ခုတို့ကို အမည်ပျက်စာရင်း သွင်းလိုက်ခြင်းဖြစ်သည်။

ဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် အရည်အသွေးမပြည့်မီသဖြင့် ပြည်ထောင်စုဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအသီးသီးက အမည်ပျက်စာရင်းသွင်းထားသည့်ကုမ္ပဏီများစာရင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တောင်းယူပြီး ကုမ္ပဏီအမည်စာရင်းများနှင့်အတူ တာဝန်ခံသည့် အင်ဂျင်နီယာ အမည်စာရင်း၊ အမည်ပျက်စာရင်းသွင်းခံရသည့် ကုမ္ပဏီများစာရင်းကို လုပ်ငန်းဆိုင်းရမည့် ကာလသတ်မှတ်ချက်တို့ကို အပြည့်အစုံဖေါ်ပြသွားမည်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့က ပြည်သူ့လွှတ်တော်တွင် မေးခွန်းဖြေကြားထားခြင်းဖြစ်သည်။

ကုမ္ပဏီများအား အမည်ပျက်စာရင်းသွင်းခြင်းနှင့် အရေးယူခြင်းကို ကုမ္ပဏီများဥပဒေတွင် ပြဌာန်းချက် မပါတော့သဖြင့် ၂၀၁၃ ခုနှစ်မှစ၍ အဆိုပါလုပ်ဆောင်ချက်များကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ဆောင်ရွက်ခြင်း မပြုတော့သဖြင့် အမည်ပျက်စာရင်းဝင်ကုမ္ပဏီများကို ၎င်းတို့ လုပ်ငန်းဆောင်ရွက်ရန်သဘောတူစာချုပ်ပါ စည်းမျဉ်း စည်းကမ်းများနှင့်အညီ အရေးယူရမည် ဖြစ်ကြောင်း သိရသည်။

အမည်ပျက်စာရင်းဝင်ကုမ္ပဏီများအနေဖြင့်  အမည်ပျက် စာရင်းသွင်းခံထားရသည့် ကာလအတွင်း လုပ်ငန်းများ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရပ်စဲခံထားရမည်ဖြစ်ကြောင်း သိရသည်။

အမည်ပျက်စာရင်းသွင်းခံရသည့်ကုမ္ပဏီများစာရင်းတွင် ရွှေတောင်ဦးကုမ္ပဏီ၊ ဦးစန်းမြင့်ထွေး၊ Heavy Metal World၊ လရောင်ဘိုကုမ္ပဏီ၊ Trillion၊ Archi Aroma၊ Bright New Vision Trading၊ ဦးအေးကိုကို၊ Wide River Limited ၊ ရွှေဇာတာ၊ ကော့သောင်းသရီးစတား၊ စေတနာအားမာန်၊ မိုးမြင့်ဇော်၊ ဝတီရွှေမြေ၊ No Two၊ GEMP၊ Prime City၊ ရွှေလဝိုင်း၊ တံခွန်မင်း၊ United MMT၊ သစ္စာကျော်၊ မြင့်ထက်ဝန်း၊ သာထက်သာ ဆောက်လုပ်ရေး၊ ရွှေဟံသာဆောက်လုပ်ရေး၊ Dream Come True၊ အောင်ခိုင်မင်းဆောက်လုပ်ရေး၊ Great Grace ဆောက်လုပ်ရေး၊ ရွှေမိုးစွေဆောက်လုပ်ရေး၊ TKT ဆောက်လုပ်ရေး၊ ပိုင်ပြည့်ဖြိုးဆောက်လုပ်ရေး၊ ယွန်းနဒီဆောက်လုပ်ရေး၊ ရဲတိုက်မြို့တော်၊ မိုးသကြား၊ K Ruby Co.,Ltd ၊ အိသဇင်ကုမ္ပဏီ၊ ဈာန်မိုးဆောက်လုပ်ရေး၊ ဝတီရွှေမြေဆောက်လုပ်ရေး၊ Aung Kyaw Zaw Association Service Co.,Ltd၊ ကမ္ဘာ့ဘုရင်အပြည်ပြည်ဆိုင်ရာဆောက်လုပ်ရေးကုမ္ပဏီ၊ Win Myanmar Together၊ KMC ဆောက်လုပ်ရေးနှင့် Alfra Co.,Ltdတို့ပါဝင်သည်ကို တွေ့ရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net