တာချီလိတ်မြို့တွင် နွေရာသီ လူငယ်ကြက်တောင်သင်တန်း အခမဲ့ဖွင့်လှစ်မည်ဖြစ်၍ အသက်(၁၀)နှစ်အထက်လူငယ်များ လာရောက် စာရင်းပေးနိုင်

တာချီလိတ်မြို့တွင် နွေရာသီ လူငယ်ကြက်တောင်သင်တန်း အခမဲ့ဖွင့်လှစ်မည်ဖြစ်၍ အသက်(၁၀)နှစ်အထက်လူငယ်များ လာရောက် စာရင်းပေးနိုင်
ဧပွီ 22, 2019
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ ခရိုင်အားကစားခန်းမတွင် တာချီလိတ်မြို့နယ်အားကစားကာယပညာဦးစီးဌာနနှင့် တာချီလိတ်ကြက်တောင်ဆပ်ကော်မတီတို့ ပူးပေါင်းပြုလုပ်မည့် နွေရာသီလူငယ်ကြက်တောင်သင်တန်းကို မေလ (၁) ရက်နေ့မှ (၂၅) ရက်နေ့အထိ အခမဲ့ဖွင့်လှစ်သွားမည်ဖြစ်သည့်အတွက် ၀ါသနာရှင်များအနေဖြင့် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

ကြက်တောင်အခမဲ့သင်တန်းကို အသက် (၁၀) နှစ်နှင့်အထက် သင်တန်းသားများကို လက်ခံသင်ကြားပေးမည်ဖြစ်ပြီး နေ့စဉ် နံနက် (၈) နာရီမှ ညနေ (၃) နာရီအထိ သင်ကြားပေးမည်ဖြစ်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းကိုယ်စားပြုယှဉ်ပြိုင်ခဲ့ပြီး ဆုရအားကစားသမားများက သင်ကြားပေးမည်ဖြစ်ပြီး တက်ရောက်လိုသူများအနေဖြင့် ဧပြီလ (၃၀) ရက်နေ့တွင် ဓာတ်ပုံ (၂) ပုံနှင့်အတူ သင်တန်းတက်ရောက်ခွင့်ဖြည့်သွင်းရမည်ဖြစ်ကြောင်း သိရသည်။


တာချီလိတ်မြို့မှ မြန်မာ့လက်ရွေးစင်အဖြစ် နိုင်ငံတကာပြိုင်ပွဲများတွင် (၂) ဦးပါဝင်ယှဉ်ပြိုင်နေပြီး ရှမ်းပြည်နယ်အရှေ့ကိုယ်စားပြုအနေဖြင့် ပြည်နယ်နှင့်တိုင်းပြိုင်ပွဲများ၌ ၂၀၀၉ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တို့တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယနှင့် တတိယဆုများရရှိခဲ့ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ ခရိုင်အားကစားခန်းမတွင် တာချီလိတ်မြို့နယ်အားကစားကာယပညာဦးစီးဌာနနှင့် တာချီလိတ်ကြက်တောင်ဆပ်ကော်မတီတို့ ပူးပေါင်းပြုလုပ်မည့် နွေရာသီလူငယ်ကြက်တောင်သင်တန်းကို မေလ (၁) ရက်နေ့မှ (၂၅) ရက်နေ့အထိ အခမဲ့ဖွင့်လှစ်သွားမည်ဖြစ်သည့်အတွက် ဝါသနာရှင်များအနဖြေင့် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

ကြက်တောင်အခမဲ့သင်တန်းကို အသက် (၁၀) နှစ်နှင့်အထက် သင်တန်းသားများကို လက်ခံသင်ကြားပေးမည်ဖြစ်ပြီး နေ့စဉ် နံနက် (၈) နာရီမှ ညနေ (၃) နာရီအထိ သင်ကြားပေးမည်ဖြစ်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းကိုယ်စားပြုယှဉ်ပြိုင်ခဲ့ပြီး ဆုရအားကစားသမားများက သင်ကြားပေးမည်ဖြစ်ပြီး တက်ရောက်လိုသူများအနဖြေင့် ဧပြီလ (၃၀) ရက်နေ့တွင် ဓာတ်ပုံ (၂) ပုံနှင့်အတူ သင်တန်းတက်ရောက်ခွင့်ဖြည့်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

"သင်တန်းသား ကန့်သတ်မထားဘူး။ အသက် (၁၀) နှစ်အထက်ဆို လာတက်နိုင်တယ်။ ရက်ကတ်တစ်ခုနဲ့ အားကစားဝတ်စုံတစ်စုံ ဒါဆိုရပါပြီဗျ"ဟု တာချီလိတ်မြို့နယ်အားကာမှူး ဦးသန်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

တာချီလိတ်မြို့မှ မြန်မာ့လက်ရွေးစင်အဖြစ် နိုင်ငံတကာပြိုင်ပွဲများတွင် (၂) ဦးပါဝင်ယှဉ်ပြိုင်နပြေီး ရှမ်းပြည်နယ်အရှေ့ကိုယ်စားပြုအနဖြေင့် ပြည်နယ်နှင့်တိုင်းပြိုင်ပွဲများ၌ ၂၀၀၉ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယနှင့် တတိယဆုများရရှိခဲ့ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net