တူမီး၊လုပ္ေသနတ္၊ခဲယမ္းမ်ားသယ္လာသူ (၃)ဦးကို မုိင္းေယာင္းၿမိဳ႕ မုန္းလုိက္တံတားစစ္ေဆးေရးဂိတ္တြင္ ဖမ္းမိ

တူမီး၊လုပ္ေသနတ္၊ခဲယမ္းမ်ားသယ္လာသူ (၃)ဦးကို မုိင္းေယာင္းၿမိဳ႕ မုန္းလုိက္တံတားစစ္ေဆးေရးဂိတ္တြင္ ဖမ္းမိ
ဧပြီ 30, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မုိင္းေယာင္းၿမိဳ႕၊ တာလုတ္ေက်းရြာ၊ မုန္းလုိက္တံတား စစ္ေဆးေရးဂိတ္တြင္ ပိတ္ဆို႔စစ္ေဆးမႈအတြင္း အမ်ိဳးသား (၃)ဦးကို ရွမ္းတူမီး၊လုပ္ေသနတ္၊ ခဲယမ္းမ်ားႏွင့္အတူ ဖမ္းဆီးထားေၾကာင္း သိရသည္။

နယ္ေျမခံတပ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၉)ရက္ေန႔ ညေန (၄)နာရီခြဲဝန္းက်င္တြင္ မုန္းလိုက္တံတား စစ္ေဆးေရးဂိတ္အား ပိတ္ဆို႔စစ္ေဆးမႈအတြင္း တာခ်ီလိတ္ႏွင့္မုိင္းျဖတ္ေနသူ အမ်ိဳးသား (၃)ဦးလုိက္ပါလာသည့္ ေမာ္ေတာ္ယာဥ္တစ္စီးအား စစ္ေဆးရာမွ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေမာ္ေတာ္ယာဥ္တြင္ အသက္ (၅၃)ႏွစ္အရြယ္ ႏြဲ႕အြန္၊ အသက္ (၅၉)ႏွစ္အရြယ္ အိုက္အြန္ပ်ဲန္းႏွင့္ အသက္ (၆၇)ႏွစ္အရြယ္ အုိက္ရီေက်ာက္တို႔ လုိက္ပါလာၿပီး အရွည္ (၅)ေပေက်ာ္ရိွသည့္ ရွမ္းတူမီး၊ သစ္သားလက္ကိုင္ရိုးတပ္ လုပ္ေသနတ္ႏွင့္ (၁၂)ဗို႔က်ည္ (၄)ေတာင့္၊ ေငြက်ပ္ သိန္း (၂၀)တုိ႔ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္းသိရသည္။

တရားမဝင္ လက္နက္သယ္ေဆာင္လာသည့္ ႏြဲ႕အြန္၊ အုိက္အြန္ပ်ဲန္းႏွင့္ အုိက္ရီေက်ာက္တုိ႔အား မုိင္းေယာင္းၿမိဳ႕မရဲစခန္းတြင္ (ပ)၆/၂၀၁၉၊ ရွမ္းလက္နက္ ၁၂ (က)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)

ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တူမီး၊လုပ်သေနတ်၊ခဲယမ်းများသယ်လာသူ (၃)ဦးကို မိုင်းယောင်းမြို့ မုန်းလိုက်တံတားစစ်ဆေးရေးဂိတ်တွင် ဖမ်းမိ
************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့၊ တာလုတ်ကျေးရွာ၊ မုန်းလိုက်တံတား စစ်ဆေးရေးဂိတ်တွင် ပိတ်ဆို့စစ်ဆေးမှုအတွင်း အမျိုးသား (၃)ဦးကို ရှမ်းတူမီး၊လုပ်သေနတ်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးထားကြောင်း သိရသည်။

နယ်မြေခံတပ်နှင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့ ညနေ (၄)နာရီခွဲဝန်းကျင်တွင် မုန်းလိုက်တံတား စစ်ဆေးရေးဂိတ်အား ပိတ်ဆို့စစ်ဆေးမှုအတွင်း တာချီလိတ်နှင့်မိုင်းဖြတ်နေသူ အမျိုးသား (၃)ဦးလိုက်ပါလာသည့် မော်တော်ယာဉ်တစ်စီးအား စစ်ဆေးရာမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ်တွင် အသက် (၅၃)နှစ်အရွယ် နွဲ့အွန်၊ အသက် (၅၉)နှစ်အရွယ် အိုက်အွန်ပျဲန်းနှင့် အသက် (၆၇)နှစ်အရွယ် အိုက်ရီကျောက်တို့ လိုက်ပါလာပြီး အရှည် (၅)ပေကျော်ရှိသည့် ရှမ်းတူမီး၊ သစ်သားလက်ကိုင်ရိုးတပ် လုပ်သေနတ်နှင့် (၁၂)ဗို့ကျည် (၄)တောင့်၊ ငွေကျပ် သိန်း (၂၀)တို့ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်းသိရသည်။

တရားမဝင် လက်နက်သယ်ဆောင်လာသည့် နွဲ့အွန်၊ အိုက်အွန်ပျဲန်းနှင့် အိုက်ရီကျောက်တို့အား မိုင်းယောင်းမြို့မရဲစခန်းတွင် (ပ)၆/၂၀၁၉၊ ရှမ်းလက်နက် ၁၂ (က)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net