တာခ်ီလိတ္ၿမိဳ႕၏ ဧၿပီလ(၁)ရက္ေန႔တြင္ ေလထုအညႊန္းကိန္း (၅၀၀)မွ (၃၅၀)သို႔ ထိုးက်သြားေသာ္လည္း ေလထုထဲတြင္ ေသးငယ္သည့္ အမႈန္ပါ၀င္မႈ ျမင့္မားေနဆဲ

တာခ်ီလိတ္ၿမိဳ႕၏ ဧၿပီလ(၁)ရက္ေန႔တြင္ ေလထုအညႊန္းကိန္း (၅၀၀)မွ (၃၅၀)သို႔ ထိုးက်သြားေသာ္လည္း ေလထုထဲတြင္ ေသးငယ္သည့္ အမႈန္ပါ၀င္မႈ ျမင့္မားေနဆဲ
ဧပြီ 1, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ တာခ်ီလိတ္ၿမိဳ႕၏ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁)ရက္ေန႔ ေလထုအရည္အေသြး အညႊန္းကိန္း (၃၅၀)သို႔ ေရာက္လာသျဖင့္ ယမန္ေန႔ကထက္ ေလထုအရည္အေသြးတိုးတက္လာေသာ္လည္း ေလထုအတြင္း ေသးငယ္သည့္ အမႈန္ပါဝင္မႈမွာ အလြန္ျမင့္မားေနဆဲျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕၏ ေလထုအရည္အေသြးအညြန္းကိန္းမွာ မတ္လ (၂၇)ရက္ေန႔က (၁၀၅)၊ မတ္လ (၂၈)ရက္ေန႔က (၁၄၄)၊ မတ္လ (၂၉)ရက္ေန႔က (၁၅၆)ရိွေနရာမွ မတ္လ (၃၀)ရက္ေန႔တြင္ မီးခိုးျမဴျပန္လည္ထူထပ္လာၿပီး ေလထုအရည္အေသြးအညႊန္းကိန္း(၄၄၈)သို႔ ေရာက္ရိွကာ မတ္လ (၃၁)ေန႔တြင္ (၅၀၂)ျဖင့္ အဆိုးဆံုးေရာက္ရိွခဲ့ျခင္းျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕အျပင္ ေတာင္ေပၚေဒသမ်ားျဖစ္သည့္ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသရိွ ၿမိဳ႕ရြာမ်ားတြင္ ေတာင္ယာမီးရိႈ႕သည့္ဒဏ္ကို ခံစားေနၾကရျခင္းျဖစ္သည္။

ေတာင္ယာမီးရိႈ႕ရာမွ ထြက္လာသည့္ မီးခိုးမ်ားတြင္ ေသးငယ္သည့္ အမႈန္ပါဝင္မႈ အလြန္မ်ားၿပီး ဆာလဖာဒိုင္ေအာက္ဆုိဒ္မွာလည္း အတန္အသင့္မ်ားေနသျဖင့္ ႏွာေခါင္းစည္းမ်ားမျဖစ္မေန တပ္ဆင္ရန္ႏွင့္ အိမ္တြင္းေနထုိင္ၾကရန္ ဆရာဝန္မ်ားက တုိက္တြန္းထားသည္။

ေလထုအတြင္း ေသးငယ္သည့္အမႈန္ပါဝင္မႈမ်ားေနခ်ိန္တြင္ ႏွာေခါင္းစည္းမ်ားမျဖစ္မေန တပ္ဆင္သင့္ၿပီး မ်က္လံုးမ်ားအား လက္ျဖင့္ပြတ္ျခင္းေရွာင္ၾကဥ္ကာ ေရသန္႔သန္႔ျဖင့္ေဆးေၾကာျခင္း၊ မ်က္ရည္တုမ်က္စဥ္း Cool Eye ကဲ့သို႔မ်က္စဥ္းမ်ားကို ႏွစ္နာရီျခား ခတ္ေပးျခင္းစသည္တုိ႔ လုပ္ေပးသင့္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ မီးခိုးျမဴပိတ္ေနသည့္ ကာလၾကာျမင့္လာသျဖင့္ ေလထုအရည္အေသြးတုိင္းတာျခင္းကို ေတာင္ႀကီးၿမိဳ႕ရိွ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဦးစီးဌာနက ကၽြမ္းက်င္ပညာရွင္မ်ားအကူအညီျဖင့္ ၂၀၁၉ ခုႏွစ္ မတ္လ (၁၅)ရက္ေန႔မွစ၍ ေဆာင္ရြက္ေနျခင္းျဖစ္သည္။

ပံုမွန္အေျခအေန၏ ေလထုအရည္အေသြးအညႊန္းကိန္းမွာ (၁၀၀) ထက္မပိုရန္ သတ္မွတ္ထားျခင္းျဖစ္သည္။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့၏ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ လေထုအရည်အသွေး အညွှန်းကိန်း (၃၅၀)သို့ ရောက်လာသဖြင့် ယမန်နေ့ကထက် လေထုအရည်အသွေးတိုးတက်လာသော်လည်း လေထုအတွင်း သေးငယ်သည့် အမှုန်ပါဝင်မှုမှာ အလွန်မြင့်မားနေဆဲဖြစ်သည်။

တာချီလိတ်မြို့၏ လေထုအရည်အသွေးအညွန်းကိန်းမှာ မတ်လ (၂၇)ရက်နေ့က (၁၀၅)၊ မတ်လ (၂၈)ရက်နေ့က (၁၄၄)၊ မတ်လ (၂၉)ရက်နေ့က (၁၅၆)ရှိနေရာမှ မတ်လ (၃၀)ရက်နေ့တွင် မီးခိုးမြူပြန်လည်ထူထပ်လာပြီး လေထုအရည်အသွေးအညွှန်းကိန်း(၄၄၈)သို့ ရောက်ရှိကာ မတ်လ (၃၁)နေ့တွင် (၅၀၂)ဖြင့် အဆိုးဆုံးရောက်ရှိခဲ့ခြင်းဖြစ်သည်။

တာချီလိတ်မြို့အပြင် တောင်ပေါ်ဒေသများဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိ မြို့ရွာများတွင် တောင်ယာမီးရှို့သည့်ဒဏ်ကို ခံစားနကြေရခြင်းဖြစ်သည်။

တောင်ယာမီးရှို့ရာမှ ထွက်လာသည့် မီးခိုးများတွင် သေးငယ်သည့် အမှုန်ပါဝင်မှု အလွန်များပြီး ဆာလဖာဒိုင်အောက်ဆိုဒ်မှာလည်း အတန်အသင့်များနေသဖြင့် နှာခေါင်းစည်းများမဖြစ်မနေ တပ်ဆင်ရန်နှင့် အိမ်တွင်းနေထိုင်ကြရန် ဆရာဝန်များက တိုက်တွန်းထားသည်။

လေထုအတွင်း သေးငယ်သည့်အမှုန်ပါဝင်မှုများနေချိန်တွင် နှာခေါင်းစည်းများမဖြစ်မနေ တပ်ဆင်သင့်ပြီး မျက်လုံးများအား လက်ဖြင့်ပွတ်ခြင်းရှောင်ကြဉ်ကာ ရေသန့်သန့်ဖြင့်ဆေးကြောခြင်း၊ မျက်ရည်တုမျက်စဉ်း Cool Eye ကဲ့သို့မျက်စဉ်းများကို နှစ်နာရီခြား ခတ်ပေးခြင်းစသည်တို့ လုပ်ပေးသင့်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် မီးခိုးမြူပိတ်နေသည့် ကာလကြာမြင့်လာသဖြင့် လေထုအရည်အသွေးတိုင်းတာခြင်းကို တောင်ကြီးမြို့ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကျွမ်းကျင်ပညာရှင်များအကူအညီဖြင့် ၂၀၁၉ ခုနှစ် မတ်လ (၁၅)ရက်နေ့မှစ၍ ဆောင်ရွက်နခြေင်းဖြစ်သည်။

ပုံမှန်အခြေအနေ၏ လေထုအရည်အသွေးအညွှန်းကိန်းမှာ (၁၀၀) ထက်မပိုရန် သတ်မှတ်ထားခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net