တာခ်ီလိတ္၏ ေလထုအညႊန္းကိန္း ဧၿပီလ(၂)ရက္ေန႔တြင္ ၁၇၃ ရွိၿပီး ႏွစ္ရက္အတြင္း တေျဖးေျဖး က်ဆင္းလာ

တာခ်ီလိတ္၏ ေလထုအညႊန္းကိန္း ဧၿပီလ(၂)ရက္ေန႔တြင္ ၁၇၃ ရွိၿပီး ႏွစ္ရက္အတြင္း တေျဖးေျဖး က်ဆင္းလာ
ဧပြီ 2, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂)ရက္ေန႔ နံနက္တြင္ မီးခိုးျမဴဖံုးလႊမ္းမႈ ေလ်ာ့က်လာသျဖင့္ ေလထုအရည္အေသြးအညႊန္းကိန္း (၁၇၃) သို႔ေရာက္လာေသာ္လည္း ေလထုအတြင္း ေသးငယ္သည့္အမႈန္ပါဝင္မႈမွာ က်န္းမာေရးထိခိုက္ႏုိင္သည့္ပမာဏတြင္ ရိွေနဆဲျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕တြင္ မတ္လ (၃၁)ရက္ေန႔က ေလထုအရည္အေသြးအညြန္းကိန္း (၅၀၂) ျဖင့္ ေလထုညစ္ညမ္းမႈ အဆိုးဆံုးအေျခအေနေရာက္ခဲ့ၿပီး ဧၿပီလ (၁) ရက္ေန႔က ေလထုအရည္အေသြးအညႊန္းကိန္း (၃၅၀) သို႔ က်ဆင္းလာျခင္း ျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ႏွစ္စဥ္ႏွစ္တုိင္း စိုက္ပ်ိဳးရာသီ၌ မီးခိုးျမဴထူထပ္ျခင္းကို ခံစားေနရျခင္းျဖစ္ၿပီး ယခုႏွစ္တြင္ ေလထုအရည္အေသြး တုိင္းတာျခင္း၊ မီးခိုးေလ်ာ့က်ေစရန္ မီးသတ္ဦးစီးဌာနရိွ မီးသတ္ယာဥ္မ်ားျဖင့္ ေရမႈန္ေရမႊားပက္ဖ်န္းျခင္း၊ လူထုအားက်န္းမာေရးႏွင့္ပတ္သက္၍ သတိထားရမည္ကို အသိေပးေၾကညာျခင္း၊ ႏွာေခါင္းစည္းမ်ားအခမဲ့ျဖန္႔ေဝေပးျခင္းတို႔ကို သက္ဆုိင္ရာဌာနမ်ားပူးေပါင္းပါဝင္သည့္ ခရိုင္ႏွင့္ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီမ်ားက ေဆာင္ရြက္လာၾကျခင္းျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕၏ေလထုအရည္အေသြးတုိင္းတာျခင္းကို ရွမ္းျပည္နယ္ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဦးစီးဌာနမွ ကၽြမ္းက်င္ပညာရွင္မ်ားအကူအညီျဖင့္ ၂၀၁၉ ခုႏွစ္ မတ္လ (၁၅)ရက္ေန႔မွစ၍ ေဆာင္ရြက္ခဲ့ျခင္းျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕အျပင္ ေတာင္ေပၚေဒသမ်ားျဖစ္သည့္ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသရိွ ၿမိဳ႕ရြာမ်ားတြင္ ေတာင္ယာမီးရိႈ႕သည့္ဒဏ္ကို ခံစားေနၾကရျခင္းျဖစ္ၿပီး ေလထုအတြင္းေသးငယ္သည့္ အမႈန္ပါဝင္မႈ မ်ားျပားေနဆဲျဖစ္ၿပီး ဆာလဖာဒိုင္ေအာက္ဆုိဒ္မွာလည္း အတန္အသင့္မ်ားေနသျဖင့္ ႏွာေခါင္းစည္းမ်ားမျဖစ္မေနတပ္ဆင္ရန္ႏွင့္ အိမ္တြင္းေနထုိင္ၾကရန္ ဆရာဝန္မ်ားက တုိက္တြန္းထားသည္။

ယင္းအျပင္ မ်က္လံုးမ်ားအား လက္ျဖင့္ပြတ္ျခင္းေရွာင္ၾကဥ္ကာ ေရသန္႔သန္႔ျဖင့္ေဆးေၾကာျခင္း၊ မ်က္ရည္တုမ်က္စဥ္း Cool Eye ကဲ့သို႔မ်က္စဥ္းမ်ားကို ႏွစ္နာရီျခား ခတ္ေပးျခင္းစသည္တုိ႔ လုပ္ေပးသင့္ေၾကာင္း သိရသည္။

ပံုမွန္အေျခအေန၏ ေလထုအရည္အေသြးအညႊန္းကိန္းမွာ (၁၀၀) ထက္မပိုရန္ သတ္မွတ္ထားျခင္းျဖစ္သည္။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂)ရက်နေ့ နံနက်တွင် မီးခိုးမြူဖုံးလွှမ်းမှု လျော့ကျလာသဖြင့် လေထုအရည်အသွေးအညွှန်းကိန်း (၁၇၃) သို့ရောက်လာသော်လည်း လေထုအတွင်း သေးငယ်သည့်အမှုန်ပါဝင်မှုမှာ ကျန်းမာရေးထိခိုက်နိုင်သည့်ပမာဏတွင် ရှိနေဆဲဖြစ်သည်။

တာချီလိတ်မြို့တွင် မတ်လ (၃၁)ရက်နေ့က လေထုအရည်အသွေးအညွန်းကိန်း (၅၀၂) ဖြင့် လေထုညစ်ညမ်းမှု အဆိုးဆုံးအခြေအနေရောက်ခဲ့ပြီး ဧပြီလ (၁) ရက်နေ့က လေထုအရည်အသွေးအညွှန်းကိန်း (၃၅၀) သို့ ကျဆင်းလာခြင်း ဖြစ်သည်။

တာချီလိတ်မြို့တွင် နှစ်စဉ်နှစ်တိုင်း စိုက်ပျိုးရာသီ၌ မီးခိုးမြူထူထပ်ခြင်းကို ခံစားနေရခြင်းဖြစ်ပြီး ယခုနှစ်တွင် လေထုအရည်အသွေး တိုင်းတာခြင်း၊ မီးခိုးလျော့ကျစေရန် မီးသတ်ဦးစီးဌာနရှိ မီးသတ်ယာဉ်များဖြင့် ရေမှုန်ရေမွှားပက်ဖျန်းခြင်း၊ လူထုအားကျန်းမာရေးနှင့်ပတ်သက်၍ သတိထားရမည်ကို အသိပေးကြေညာခြင်း၊ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်းတို့ကို သက်ဆိုင်ရာဌာနများပူးပေါင်းပါဝင်သည့် ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲမှုကော်မတီများက ဆောင်ရွက်လာကြခြင်းဖြစ်သည်။

တာချီလိတ်မြို့၏လေထုအရည်အသွေးတိုင်းတာခြင်းကို ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များအကူအညီဖြင့် ၂၀၁၉ ခုနှစ် မတ်လ (၁၅)ရက်နေ့မှစ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

တာချီလိတ်မြို့အပြင် တောင်ပေါ်ဒေသများဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသရှိ မြို့ရွာများတွင် တောင်ယာမီးရှို့သည့်ဒဏ်ကို ခံစားနကြေရခြင်းဖြစ်ပြီး လေထုအတွင်းသေးငယ်သည့် အမှုန်ပါဝင်မှု များပြားနေဆဲဖြစ်ပြီး ဆာလဖာဒိုင်အောက်ဆိုဒ်မှာလည်း အတန်အသင့်များနေသဖြင့် နှာခေါင်းစည်းများမဖြစ်မနေတပ်ဆင်ရန်နှင့် အိမ်တွင်းနေထိုင်ကြရန် ဆရာဝန်များက တိုက်တွန်းထားသည်။

ယင်းအပြင် မျက်လုံးများအား လက်ဖြင့်ပွတ်ခြင်းရှောင်ကြဉ်ကာ ရေသန့်သန့်ဖြင့်ဆေးကြောခြင်း၊ မျက်ရည်တုမျက်စဉ်း Cool Eye ကဲ့သို့မျက်စဉ်းများကို နှစ်နာရီခြား ခတ်ပေးခြင်းစသည်တို့ လုပ်ပေးသင့်ကြောင်း သိရသည်။

ပုံမှန်အခြေအနေ၏ လေထုအရည်အသွေးအညွှန်းကိန်းမှာ (၁၀၀) ထက်မပိုရန် သတ်မှတ်ထားခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net