ႏုိင္ငံေတာ္သမၼတရံုး၏ ညႊန္ၾကားခ်က္အရ (၅) ရက္တာအတြင္း မူးယစ္ေဆးဖမ္းဆီးမႈတြင္ တာခ်ီလိတ္အပါအဝင္ ရွမ္းျပည္နယ္မွ (၃)မႈပါဝင္

ႏုိင္ငံေတာ္သမၼတရံုး၏ ညႊန္ၾကားခ်က္အရ (၅) ရက္တာအတြင္း မူးယစ္ေဆးဖမ္းဆီးမႈတြင္ တာခ်ီလိတ္အပါအဝင္ ရွမ္းျပည္နယ္မွ (၃)မႈပါဝင္
ဧပြီ 9, 2019
By 🌸
မူးယစ္ေဆးဝါးအထူးသတင္းတုိင္ၾကားေရးဌာနသို႔ တုိင္ၾကားလာသျဖင့္ ႏုိင္ငံေတာ္သမၼတရံုး၏ညႊန္ၾကားခ်က္အရ ျပည္ထဲေရးဝန္ႀကီးဌာနက ၂၀၁၉ ခုႏွစ္၊ မတ္လ (၃၁)ရက္ေန႔မွ ဧၿပီလ (၄)ရက္အထိ ဖမ္းဆီးခဲ့သည့္ မူးယစ္ေဆးဝါးမႈ (၅)မႈတြင္ ရွမ္းျပည္နယ္အတြင္းမွ တုိင္ၾကားသည့္အမႈ (၃)မႈပါဝင္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးအထူးသတင္းတုိင္ၾကားေရးဌာနသို႔ တုိင္ၾကားလာသည့္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕၊ အမွတ္(၁)ရပ္ကြက္၊ စိုက္ပ်ိဳးေရးသိပၸံေက်ာင္းအနီးတြင္ မူးယစ္ေဆးဝါးမ်ား သံုးစြဲ၊ ျဖန္႔ျဖဴးေရာင္းခ်ေနမႈကို ၂၀၁၉ ခုႏွစ္၊ မတ္လ (၃၁)ရက္ေန႔ကလည္းေကာင္း၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ ပါလွ်ံ(၁)ရပ္ကြက္တြင္ မမိုး (ခ)မိမိုးက မူးယစ္ေဆးဝါး ျဖန္႔ျဖဴးေရာင္းခ်ေနမႈကို ဧၿပီလ (၃)ရက္ေန႔ကလည္းေကာင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ ဖာတီမာကုန္းေက်းရြာမွ ဝတုတ္(ခ)ဘနဲက မူးယစ္ေဆးဝါးမ်ား ျဖန္႔ျဖဴးေရာင္းခ်ေနျခင္းကို ဧၿပီလ (၄)ရက္ေန႔ကလည္းေကာင္း အသီးသီးဝင္ေရာက္ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ႏုိင္ငံေတာ္သမၼတရံုးတြင္ မူးယစ္ေဆးဝါးအထူးသတင္းတုိင္ၾကားေရးဌာနကို ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၆)ရက္ေန႔တြင္ အမ်ားျပည္သူအေနျဖင့္ တုိင္ၾကားႏုိင္ေၾကာင္း ထုတ္ျပန္ေၾကညာၿပီးေနာက္ တုိင္ၾကားလာမႈမ်ားကို ဖမ္းဆီးေနရာ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၆)ရက္ေန႔အထိ အမႈေပါင္း (၅၉၃)မႈမွ အမ်ိဳးသား (၇၈၂)ဦးႏွင့္ အမ်ိဳးသမီး (၁၅၂)ဦး စုစုေပါင္း (၉၃၄)ဦးတုိ႔ကို ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

မိမိတို႔ေဒသအတြင္း မူးယစ္ေဆးဝါးေရာင္းဝယ္ေဖါက္ကားမႈမ်ား ပိုမိုဖမ္းဆီးရမိေရးအတြက္ ႏုိင္ငံေတာ္သမၼတရံုး၏ မူးယစ္ေဆးဝါးအထူးသတင္းတုိင္ၾကားေရးဌာနသို႔ လံုၿခံဳစိတ္ခ်စြာျဖင့္ ရံုးခ်ိန္မ်ားအတြင္း ဖုန္း ၀၆၇ ၅၉၀၂၀၀၊ ဖက္စ္ဖုန္း ၀၆၇ ၅၉၀၂၃၃ တုိ႔သို႔ ဆက္သြယ္ႏုိင္သည့္အျပင္ အီးေမးလ္လိပ္စာျဖစ္သည့္ [email protected] သို႔လည္း ေပးပို႔တုိင္ၾကားႏုိင္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အရ (၅) ရက်တာအတွင်း မူးယစ်ဆေးဖမ်းဆီးမှုတွင် တာချီလိတ်အပါအဝင် ရှမ်းပြည်နယ်မှ (၃)မှုပါဝင်
**********
မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနသို့ တိုင်ကြားလာသဖြင့် နိုင်ငံတော်သမ္မတရုံး၏ညွှန်ကြားချက်အရ ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့မှ ဧပြီလ (၄)ရက်အထိ ဖမ်းဆီးခဲ့သည့် မူးယစ်ဆေးဝါးမှု (၅)မှုတွင် ရှမ်းပြည်နယ်အတွင်းမှ တိုင်ကြားသည့်အမှု (၃)မှုပါဝင်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနသို့ တိုင်ကြားလာသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့၊ အမှတ်(၁)ရပ်ကွက်၊ စိုက်ပျိုးရေးသိပ္ပံကျောင်းအနီးတွင် မူးယစ်ဆေးဝါးများ သုံးစွဲ၊ ဖြန့်ဖြူးရောင်းချနေမှုကို ၂၀၁၉ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ကလည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ပါလျှံ(၁)ရပ်ကွက်တွင် မမိုး (ခ)မိမိုးက မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေမှုကို ဧပြီလ (၃)ရက်နေ့ကလည်းကောင်း၊ တာချီလိတ်မြို့နယ်၊ ဖာတီမာကုန်းကျေးရွာမှ ဝတုတ်(ခ)ဘနဲက မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေခြင်းကို ဧပြီလ (၄)ရက်နေ့ကလည်းကောင်း အသီးသီးဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတရုံးတွင် မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် အများပြည်သူအနေဖြင့် တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ကြေညာပြီးနောက် တိုင်ကြားလာမှုများကို ဖမ်းဆီးနေရာ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၆)ရက်နေ့အထိ အမှုပေါင်း (၅၉၃)မှုမှ အမျိုးသား (၇၈၂)ဦးနှင့် အမျိုးသမီး (၁၅၂)ဦး စုစုပေါင်း (၉၃၄)ဦးတို့ကို ဖမ်းဆီးရမိထားကြောင်း သိရသည်။

မိမိတို့ဒေသအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားမှုများ ပိုမိုဖမ်းဆီးရမိရေးအတွက် နိုင်ငံတော်သမ္မတရုံး၏ မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနသို့ လုံခြုံစိတ်ချစွာဖြင့် ရုံးချိန်များအတွင်း ဖုန်း ၀၆၇ ၅၉၀၂၀၀၊ ဖက်စ်ဖုန်း ၀၆၇ ၅၉၀၂၃၃ တို့သို့ ဆက်သွယ်နိုင်သည့်အပြင် အီးမေးလ်လိပ်စာဖြစ်သည့် [email protected] သို့လည်း ပေးပို့တိုင်ကြားနိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net