တာချီလိတ်ခရိုင်အတွင်း တာလေမြို့တွင် မီးခိုးအနည်းငယ်ဖုံးလွှမ်းမှုရှိ၊ တောင်ယာတောမီးရှို့ခြင်းနှင့် ပတ်သက်၍ ကျေးရွာတာဝန်ခံများကို အသိပေး

တာချီလိတ်ခရိုင်အတွင်း တာလေမြို့တွင် မီးခိုးအနည်းငယ်ဖုံးလွှမ်းမှုရှိ၊ တောင်ယာတောမီးရှို့ခြင်းနှင့် ပတ်သက်၍ ကျေးရွာတာဝန်ခံများကို အသိပေး
မတျ 31, 2019
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ တာလေမြို့တွင် ၂၀၁၉ခုနှစ် မတ်လ(၃၁)ရက်နေ့ နေ့လည်ပိုင်းအချိန်အထိ မီးခိုးမြူများ တာချီလိတ်ထက် မသိသာသော်လည်း အနည်းငယ်ဖုံးလွှမ်းမှုရှိနေရာ တလောမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့တို့မှ တောင်ယာလုပ်ကိုင်သူ နှင့် ကျေးရွာတာဝန်ခံများနှင့် တွေ့ဆုံကာ တောင်ယာတောမီးကိစ္စနှင့် ပတ်သက်၍ အသိပေးဆွေးနွေးမှုများ ပြုလုပ်ကြောင်း သိရသည်။

"အဓိက ကတော့ မီးသတ်က ဦးဆောင်ပြီး ကျေးရွာတာဝန်ခံတွေကို အသိပေးပြောကြားတာပါ၊ တောင်ယာမီးရှို့မယ်ဆိုရင် မီးသတ်ကို လာရောက်အကြောင်းကြားဖို့  တွေ့ဆုံအသိပေးပြောကြားတာပါ၊  ပြီးခဲ့တဲ့ရက်ကလည်း ကျွန်တော်တို့ တောမီးမရှို့ဖို့ စာထုတ်ထားပြီးပါပြီ"ဟု တာလေမြို့အုပ်ချုပ်ရေးမှူး ဦးခွန်စိုးသူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာလေမြို့ရှိ ကျေးရွာအုပ်စုများအနက် နားယောင်းကျေးရွာအုပ်စုသည် ကျယ်ပြန့်သည့်အတွက် ၂၀၁၉ခုနှစ် မတ်လ(၃၁)ရက်နေ့ နေ့လည်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ နားယောင်းကျေးရွာအုပ်ချုပ်ရေးမှူး တို့က ကျေးရွာတာဝန်ခံများ တောင်သူများနှင့် တွေ့ဆုံကာ အသိပေးခြင်းဖြစ်သည်။

 "မီးခိုးတွေကတော့ ဘယ်ကလာလည်းမသိဘူး၊ မနေ့ကနဲ့ ဒီနေ့တော့ သိသာတယ်၊ ဒါပေမဲ့ တာချီလိတ်လောက်တော့ မဆိုးပါဘူး၊ နေ့လည်ပိုင်းမှာ နည်းနည်းဖုံးလွှမ်းနေတာတွေ့ရတယ်"ဟု တာလေမြို့နေ မနန်းဆောင်ခမ်းက ပြောသည်။


Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ တာလမြေို့တွင် ၂၀၁၉ခုနှစ် မတ်လ(၃၁)ရက်နေ့ နေ့လည်ပိုင်းအချိန်အထိ မီးခိုးမြူများ တာချီလိတ်ထက် မသိသာသော်လည်း အနည်းငယ်ဖုံးလွှမ်းမှုရှိနေရာ တလောမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့တို့မှ တောင်ယာလုပ်ကိုင်သူ နှင့် ကျေးရွာတာဝန်ခံများနှင့် တွေ့ဆုံကာ တောင်ယာတောမီးကိစ္စနှင့် ပတ်သက်၍ အသိပေးဆွေးနွေးမှုများ ပြုလုပ်ကြောင်း သိရသည်။

"အဓိက ကတော့ မီးသတ်က ဦးဆောင်ပြီး ကျေးရွာတာဝန်ခံတွေကို အသိပေးပြောကြားတာပါ၊ တောင်ယာမီးရှို့မယ်ဆိုရင် မီးသတ်ကို လာရောက်အကြောင်းကြားဖို့ တွေ့ဆုံအသိပေးပြောကြားတာပါ၊ ပြီးခဲ့တဲ့ရက်ကလည်း ကျွန်တော်တို့ တောမီးမရှို့ဖို့ စာထုတ်ထားပြီးပါပြီ"ဟု တာလမြေို့အုပ်ချုပ်ရေးမှူး ဦးခွန်စိုးသူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာလမြေို့ရှိ ကျေးရွာအုပ်စုများအနက် နားယောင်းကျေးရွာအုပ်စုသည် ကျယ်ပြန့်သည့်အတွက် ၂၀၁၉ခုနှစ် မတ်လ(၃၁)ရက်နေ့ နေ့လည်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ နားယောင်းကျေးရွာအုပ်ချုပ်ရေးမှူး တို့က ကျေးရွာတာဝန်ခံများ တောင်သူများနှင့် တွေ့ဆုံကာ အသိပေးခြင်းဖြစ်သည်။

 "မီးခိုးတွေကတော့ ဘယ်ကလာလည်းမသိဘူး၊ မနေ့ကနဲ့ ဒီနေ့တော့ သိသာတယ်၊ ဒါပေမဲ့ တာချီလိတ်လောက်တော့ မဆိုးပါဘူး၊ နေ့လည်ပိုင်းမှာ နည်းနည်းဖုံးလွှမ်းနေတာတွေ့ရတယ်"ဟု တာလမြေို့နေ မနန်းဆောင်ခမ်းက ပြောသည်။

နယ်စပ်ဖြတ်ကျော် မီးခိုးများကြောင့် တာချီလိတ်တွင် မတ်လ(၃၀)ရက်နေ့က စတင်ကာ မတ်လ(၃၁)ရက်နေ့အထိ သိသိသာသာ မီးခိုးများ ဖုံးလွှမ်းခဲ့ရာ ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လေထုတိုင်းတာမှုကို ပြုလုပ်နေလျက်ရှိရာတွင် ၂၀၁၉ခုနှစ် မတ်လ(၃၁)ရက်နေ့၏ တာချီလိတ်လေထု အညွန်းကိန်းမှာ (၅၀၂)အထိ မြှင့်တက်လာကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net