ေရြးေကာက္ပြဲရလဒ္ မေၾကညာႏုိင္ေသးသည့္ ထုိင္းေရြးေကာက္ပြဲေကာ္မရွင္ကို မဲဆႏၵနယ္ (၂) ေနရာ၌ ေရြးေကာက္ပြဲ ျပန္လည္က်င္းပေပးရန္ ပါတီႏွစ္ခုက ေတာင္းဆိုထား

ေရြးေကာက္ပြဲရလဒ္ မေၾကညာႏုိင္ေသးသည့္ ထုိင္းေရြးေကာက္ပြဲေကာ္မရွင္ကို မဲဆႏၵနယ္ (၂) ေနရာ၌ ေရြးေကာက္ပြဲ ျပန္လည္က်င္းပေပးရန္ ပါတီႏွစ္ခုက ေတာင္းဆိုထား
မတ် 30, 2019
By 🌸
ေဖြထုိင္းပါတီႏွင့္ Future Forward (FFP)ပါတီတုိ႔က ဘန္ေကာက္ရိွ မဲဆႏၵနယ္ (၂) ခုတြင္ ေရြးေကာက္ပြဲျပန္လည္က်င္းပေပးရန္ ေရြးေကာက္ပြဲေကာ္မရွင္ကို ေတာင္းဆိုထားေၾကာင္း ၂၀၁၉ ခုႏွစ္ မတ္လ (၂၉)ရက္ေန႔ ထုိင္းႏုိင္ငံသတင္းမ်ားတြင္ ေဖၚျပထားသည္။

မဲဆႏၷယ္ (၁၃)ႏွင့္ မဲဆႏၷယ္ (၆)တုိ႔တြင္ ဖလမ္ဖရာခ်ရတ္ပါတီက အႏုိင္ရေနသည္ဟု ေရြးေကာက္ပြဲေကာ္မရွင္၏ အတည္မျပဳေသးသည့္သတင္းမ်ား ထြက္ေပၚေနျခင္းျဖစ္ၿပီး အဆုိပါ မဲဆႏၵနယ္မ်ားတြင္ မဲမသမာမႈကို အေထာက္အထားႏွင့္ေတြ႔ရသည္ဟု ေဖြထုိင္းႏွင့္ FFP ပါတီတုိ႔မွ ဝင္ေရာက္ယွဥ္ၿပိဳင္သည့္ ကိုယ္စားလွယ္ေလာင္းမ်ားက ဆိုသည္။

မဲဆႏၷနယ္(၁၃)တြင္ မဲေရတြက္ခ်ိန္တြင္ အျငင္းပြားဖြယ္ရာမ်ားရိွေနသည့္အျပင္ ဆႏၵမဲမ်ားကို ဘတ္(၅၀၀)ျဖင့္ ဝယ္ယူသည့္သတင္းမ်ားလည္း ရရိွထားေၾကာင္း သိရၿပီး မဲဆႏၵနယ္(၆)တြင္လည္း အလားတူျပႆနာမ်ား ႀကံဳေနရေၾကာင္း သိရသည္။

“မဲျပားကို ဆႏၵျပဳတဲ့ေနရာမွာ  စစ္သားတစ္ေယာက္က ၾကည့္ေနေတာ့ မဲဆႏၵရွင္ေတြမွာ လွ်ိဳ႕ဝွက္မဲေပးလုိ႔ရတဲ့ အေျခအေန မရိွပါဘူး။ တစ္ခ်ိဳ႕မဲေတြက ႏွစ္ေခါက္ျပန္ေရတြက္ေနတာလည္း ရိွတယ္။ တစ္ခ်ိဳ႕မဲရံုေတြက မဲထည့္ခြင့္ရိွသူစာရင္းေတြ မမွန္မကန္လုပ္ထားတယ္”ဟု မဲဆႏၵနယ္(၆)တြင္ ဝင္ၿပိဳင္သည့္ FFP ပါတီမွ ကိုယ္စားလွယ္ေလာင္းက ေျပာသည္။

ထုိင္းႏုိင္ငံတြင္ ၂၀၁၄ ခုႏွစ္ အာဏာရပါတီထံမွ စစ္တပ္အာဏာသိမ္းၿပီးေနာက္ ပထမဆံုးအႀကိမ္ က်င္းပသည့္ေရြးေကာက္ပြဲမွာ ၂၀၁၉ ခုႏွစ္ မတ္လ (၂၄)ရက္ေန႔က ေရြးေကာက္ပြဲက်င္းပၿပီးသြားခဲ့ေသာ္လည္း ေရြးေကာက္ပြဲေကာ္မရွင္က မဲရလဒ္မ်ားကို အၿပီးသတ္ေၾကညာႏုိင္ျခင္းမရိွေသးဘဲ အျငင္းပြားမႈမ်ား ျဖစ္ေနျခင္းျဖစ္သည္။

ေရြးေကာက္ပြဲေကာ္မရွင္က မတ္လ(၂၇)ရက္ေန႔က ထုတ္ျပန္သည့္ မဲရလဒ္တြင္ စစ္အစိုးရေထာက္ခံသည့္ ဖလမ္ဖရာခ်ရတ္ပါတီက လူထုေထာက္ခံမဲ (၈.၄)သန္းရရိွၿပီး သက္ဆင္ေထာက္ခံထားသည့္ ေဖြထုိင္းပါတီက လူထုေထာက္ခံမဲ (၇.၉)သန္း ရရိွေၾကာင္း ေၾကညာထားသည္။

အဆုိပါမဲရလဒ္မ်ားကို ေၾကညာၿပီးေနာက္ ဆႏၵမဲေပးပိုင္ခြင့္ရိွသူစာရင္းမွားယြင္းေၾကညာမိသည္ဟုဆိုကာ ျပင္ဆင္ခ်က္ထပ္မံထြက္ေပၚခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
Ref: Bangkok Post





 

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရွေးကောက်ပွဲရလဒ် မကြေညာနိုင်သေးသည့် ထိုင်းရွေးကောက်ပွဲကော်မရှင်ကို မဲဆန္ဒနယ် (၂) နေရာ၌ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် ပါတီနှစ်ခုက တောင်းဆိုထား
*************
ဖွေထိုင်းပါတီနှင့် Future Forward (FFP)ပါတီတို့က ဘန်ကောက်ရှိ မဲဆန္ဒနယ် (၂) ခုတွင် ရွေးကောက်ပွဲပြန်လည်ကျင်းပပေးရန် ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုထားကြောင်း ၂၀၁၉ ခုနှစ် မတ်လ (၂၉)ရက်နေ့ ထိုင်းနိုင်ငံသတင်းများတွင် ဖေါ်ပြထားသည်။

မဲဆန္နယ် (၁၃)နှင့် မဲဆန္နယ် (၆)တို့တွင် ဖလမ်ဖရာချရတ်ပါတီက အနိုင်ရနေသည်ဟု ရွေးကောက်ပွဲကော်မရှင်၏ အတည်မပြုသေးသည့်သတင်းများ ထွက်ပေါ်နေခြင်းဖြစ်ပြီး အဆိုပါ မဲဆန္ဒနယ်များတွင် မဲမသမာမှုကို အထောက်အထားနှင့်တွေ့ရသည်ဟု ဖွေထိုင်းနှင့် FFP ပါတီတို့မှ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများက ဆိုသည်။

မဲဆန္နနယ်(၁၃)တွင် မဲရေတွက်ချိန်တွင် အငြင်းပွားဖွယ်ရာများရှိနေသည့်အပြင် ဆန္ဒမဲများကို ဘတ်(၅၀၀)ဖြင့် ဝယ်ယူသည့်သတင်းများလည်း ရရှိထားကြောင်း သိရပြီး မဲဆန္ဒနယ်(၆)တွင်လည်း အလားတူပြဿနာများ ကြုံနေရကြောင်း သိရသည်။

“မဲပြားကို ဆန္ဒပြုတဲ့နေရာမှာ  စစ်သားတစ်ယောက်က ကြည့်နေတော့ မဲဆန္ဒရှင်တွေမှာ လျှို့ဝှက်မဲပေးလို့ရတဲ့ အခြေအနေ မရှိပါဘူး။ တစ်ချို့မဲတွေက နှစ်ခေါက်ပြန်ရေတွက်နေတာလည်း ရှိတယ်။ တစ်ချို့မဲရုံတွေက မဲထည့်ခွင့်ရှိသူစာရင်းတွေ မမှန်မကန်လုပ်ထားတယ်”ဟု မဲဆန္ဒနယ်(၆)တွင် ဝင်ပြိုင်သည့် FFP ပါတီမှ ကိုယ်စားလှယ်လောင်းက ပြောသည်။

ထိုင်းနိုင်ငံတွင် ၂၀၁၄ ခုနှစ် အာဏာရပါတီထံမှ စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် ကျင်းပသည့်ရွေးကောက်ပွဲမှာ ၂၀၁၉ ခုနှစ် မတ်လ (၂၄)ရက်နေ့က ရွေးကောက်ပွဲကျင်းပပြီး သွားခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင်က မဲရလဒ်များကို အပြီးသတ်ကြေညာနိုင်ခြင်းမရှိသေးဘဲ အငြင်းပွားမှုများ ဖြစ်နေခြင်းဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်က မတ်လ(၂၇)ရက်နေ့က ထုတ်ပြန်သည့် မဲရလဒ်တွင် စစ်အစိုးရထောက်ခံသည့် ဖလမ်ဖရာချရတ်ပါတီက လူထုထောက်ခံမဲ (၈.၄)သန်းရရှိပြီး သက်ဆင်ထောက်ခံထားသည့် ဖွေထိုင်းပါတီက လူထုထောက်ခံမဲ (၇.၉)သန်း ရရှိကြောင်း ကြေညာထားသည်။

အဆိုပါမဲရလဒ်များကို ကြေညာပြီးနောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်း မှားယွင်းကြေညာမိသည်ဟု ဆိုကာ ပြင်ဆင်ချက်ထပ်မံထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net