တာခ်ီလိတ္ၿမိဳ႕တြင္း ေလထုတိုင္းတာေရး စိတ္ခ်ရသည့္ အေနအထားထိ တိုင္းတာသြားမည္

တာခ်ီလိတ္ၿမိဳ႕တြင္း ေလထုတိုင္းတာေရး စိတ္ခ်ရသည့္ အေနအထားထိ တိုင္းတာသြားမည္
မတ် 20, 2019
By Tachileik News Agency

မီးခိုးျမဴဖံုးလႊမ္းေနသည့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕၏ ေလထုအရည္အေသြးတိုးတက္လာေနၿပီး စိတ္ခ်ရသည့္ အေနအထားေရာက္သည္အ ထိ တုိင္းတာမႈမ်ားကို ဆက္လက္လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဌာနထံမွ သိရသည္။

"ရွမ္းျပည္နယ္အစိုးရအဖြဲ႕ရဲ႕အစီအစဥ္၊ ခရိုင္ေထြအုပ္ရဲ႕လမ္းညႊန္မႈနဲ႔ လုပ္ေဆာင္ေနတာျဖစ္တဲ့အတြက္ ခရိုင္ေထြအုပ္ရဲ႕ စီစဥ္မႈအေပၚမႈတည္ၿပီးေတာ့ ဆက္လက္လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။ အခိ်န္အတိုင္းအတာနဲ႔ဆိုရင္ (၄) ရက္တိုင္းတာၿပီးသြားၿပီ။ ေနာက္ထပ္တိုင္းတာဖို႔ လိုတယ္ဆိုရင္ ဆက္လက္လုပ္ေဆာင္သြားမယ္။ ေလထုနဲ႔ပတ္သက္ၿပီးေတာ့အရည္အေသြးကေတာ့ ေကာင္းမြန္သြားၿပီ၊ စိတ္ခ်သြားၿပီဆိုလို႔ရိွရင္ေတာ့ ဒီဘက္ကညႊန္ၾကားခ်က္ေပၚမူတည္ၿပီးေတာ့ ဆက္လက္လုပ္ေဆာင္သြားမယ္"ဟု ရွမ္းျပည္နယ္ပတ္၀န္းက်င္ထိန္းသိမ္းေရးဦးစီးဌာန ဦးစီးအရာရိွ ဦးေအာင္ေဇာ္ေလးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕၏ ေလထုအရည္အေသြးတုိင္းတာျခင္းကို ၂၀၁၉ ခုႏွစ္ မတ္လ (၁၅)ရက္ေန႔ ညေနမွစတင္ေဆာင္ရြက္ခဲ့ရာ မတ္လ(၁၆)ရက္ေန႔က ေလထုအရည္အေသြးအညႊန္းကိန္း (၃၀၂)၊ မတ္လ (၁၇)ရက္ေန႔တြင္ (၂၇၆)၊ မတ္လ (၁၈)ရက္ေန႔တြင္ (၁၄၃)ႏွင့္ မတ္လ (၁၉)ရက္ေန႔တြင္ (၁၃၉)သို႔ က်ဆင္းလာျခင္းျဖစ္ၿပီး ေလထုအရည္အေသြးပံုမွန္အညႊန္းကိန္းမွာ (၁၀၀)ထက္ေက်ာ္လြန္ျခင္းမရိွဟု သတ္မွတ္ထားျခင္းျဖစ္သည္။

မီးခိုးျမဴဖံုးလႊမ္းျခင္းကို ႏွစ္စဥ္ခံစားရသည့္ တာခ်ီလိတ္ၿမိဳ႕တြင္ က်န္းမာေရးအသိေပးျခင္း၊ ေရမႈန္ေရမႊားပက္ျဖန္းျခင္းႏွင့္ ေလထုအရည္အေသြးတုိင္းတာျခင္းတုိ႔ကို ပထမဆံုးအႀကိမ္အျဖစ္ ေဆာင္ရြက္လာျခင္းျဖစ္ၿပီး ေလထုအရည္အေသြးတုိင္းတာရန္ ေတာင္ႀကီးၿမိဳ႕ရိွ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဌာနက လာေရာက္ကူညီေပးေနျခင္းျဖစ္သည္။

“ဌာနဆိုင္ရာအေနနဲ႔ ကၽြန္ေတာ္တို႔ ရွမ္းျပည္နယ္မွာ တစ္ခုပဲရိွပါတယ္။ ပတ္၀န္းက်င္ထိန္းသိမ္းေရးဦးစီးဌာနမွာ ျပည္နယ္တိုင္းေတြမွာ စက္ေတြရိွတယ္ေပါ့။ အျခားဌာနေတြက တိုင္းတာရိွတယ္။ ပုဂၢလိကလုပ္ငန္းေတြကလည္း တိုင္းတာေတြ ရိွတယ္။ ကၽြန္ေတာ္တို႔ပတ္၀န္းက်င္ထိန္းသိမ္းေရးဌာန ရွမ္းျပည္နယ္အေနနဲ႔ ေလထု တိုင္းတာေရးကိရိယာက ဒီတစ္ခုပဲရိွပါတယ္"ဟု ရွမ္းျပည္နယ္ပတ္၀န္းက်င္ထိန္းသိမ္းေရးဦးစီးဌာန ဦးစီးအရာရိွ ဦးေအာင္ေဇာ္ေလးက ေျပာသည္။

ျမန္မာ၊ ထိုင္းႏွင့္ လာအိုႏုိင္ငံမ်ားတြင္ ေတာမီးရိႈ႕ျခင္း၊ စိုက္ပ်ိဳးေျမမီးရိႈ႕ျခင္းတုိ႔ေၾကာင့္ ေလစီးေၾကာင္းသင့္ရာေဒသမ်ားတြင္ အခ်ိန္ၾကာျမင့္စြာ မီးခိုးျမဴထူထပ္စြာဖံုးလႊမ္းျခင္းကို ႏွစ္စဥ္ႀကံဳေတြ႕ေနရျခင္းျဖစ္သည္။

သတင္း  - ဟန္စိုးထုိက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~


မီးခိုးမြူဖုံးလွှမ်းနေသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၏ လေထုအရည်အသွေးတိုးတက်လာနပြေီး စိတ်ချရသည့် အနေအထားရောက်သည်အ ထိ တိုင်းတာမှုများကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနထံမှ သိရသည်။

"ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့အစီအစဉ်၊ ခရိုင်ထွေအုပ်ရဲ့လမ်းညွှန်မှုနဲ့ လုပ်ဆောင်နေတာဖြစ်တဲ့အတွက် ခရိုင်ထွေအုပ်ရဲ့ စီစဉ်မှုအပေါ်မှုတည်ပြီးတော့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အချိန်အတိုင်းအတာနဲ့ဆိုရင် (၄) ရက်တိုင်းတာပြီးသွားပြီ။ နောက်ထပ်တိုင်းတာဖို့ လိုတယ်ဆိုရင် ဆက်လက်လုပ်ဆောင်သွားမယ်။ လေထုနဲ့ပတ်သက်ပြီးတော့အရည်အသွေးကတော့ ကောင်းမွန်သွားပြီ၊ စိတ်ချသွားပြီဆိုလို့ရှိရင်တော့ ဒီဘက်ကညွှန်ကြားချက်ပေါ်မူတည်ပြီးတော့ ဆက်လက်လုပ်ဆောင်သွားမယ်"ဟု ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်လေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့၏ လေထုအရည်အသွေးတိုင်းတာခြင်းကို ၂၀၁၉ ခုနှစ် မတ်လ (၁၅)ရက်နေ့ ညနေမှစတင်ဆောင်ရွက်ခဲ့ရာ မတ်လ(၁၆)ရက်နေ့က လေထုအရည်အသွေးအညွှန်းကိန်း (၃၀၂)၊ မတ်လ (၁၇)ရက်နေ့တွင် (၂၇၆)၊ မတ်လ (၁၈)ရက်နေ့တွင် (၁၄၃)နှင့် မတ်လ (၁၉)ရက်နေ့တွင် (၁၃၉)သို့ ကျဆင်းလာခြင်းဖြစ်ပြီး လေထုအရည်အသွေးပုံမှန်အညွှန်းကိန်းမှာ (၁၀၀)ထက်ကျော်လွန်ခြင်းမရှိဟု သတ်မှတ်ထားခြင်းဖြစ်သည်။

မီးခိုးမြူဖုံးလွှမ်းခြင်းကို နှစ်စဉ်ခံစားရသည့် တာချီလိတ်မြို့တွင် ကျန်းမာရေးအသိပေးခြင်း၊ ရေမှုန်ရေမွှားပက်ဖြန်းခြင်းနှင့် လေထုအရည်အသွေးတိုင်းတာခြင်းတို့ကို ပထမဆုံးအကြိမ်အဖြစ် ဆောင်ရွက်လာခြင်းဖြစ်ပြီး လေထုအရည်အသွေးတိုင်းတာရန် တောင်ကြီးမြို့ရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက လာရောက်ကူညီပေးနခြေင်းဖြစ်သည်။

“ဌာနဆိုင်ရာအနေနဲ့ ကျွန်တော်တို့ ရှမ်းပြည်နယ်မှာ တစ်ခုပဲရှိပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှာ ပြည်နယ်တိုင်းတွေမှာ စက်တွေရှိတယ်ပေါ့။ အခြားဌာနတွေက တိုင်းတာရှိတယ်။ ပုဂ္ဂလိကလုပ်ငန်းတွေကလည်း တိုင်းတာတွေ ရှိတယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန ရှမ်းပြည်နယ်အနေနဲ့ လေထု တိုင်းတာရေးကိရိယာက ဒီတစ်ခုပဲရှိပါတယ်"ဟု ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်လေးက ပြောသည်။

မြန်မာ၊ ထိုင်းနှင့် လာအိုနိုင်ငံများတွင် တောမီးရှို့ခြင်း၊ စိုက်ပျိုးမြေမီးရှို့ခြင်းတို့ကြောင့် လေစီးကြောင်းသင့်ရာဒေသများတွင် အချိန်ကြာမြင့်စွာ မီးခိုးမြူထူထပ်စွာဖုံးလွှမ်းခြင်းကို နှစ်စဉ်ကြုံတွေ့နေရခြင်းဖြစ်သည်။

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net